Sales Hotline : 09448001653       Download App



လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာ ဒီပလိုမာသင်တန်းဝင်ခွင့်ရရှိသူများကို နိုဝင်ဘာလထဲတွင် ကြေညာမည်

လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာ ဒီပလိုမာသင်တန်းဝင်ခွင့်ရရှိသူများကို နိုဝင်ဘာလထဲတွင် ကြေညာမည်

ယခုနှစ်တွင် လျှောက်လွှာခေါ်ယူထားသော လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာ ဒီပလိုမာသင်တန်းဝင်ခွင့်ရရှိသူများကို နိုဝင်ဘာလထဲ၌ ကြေညာမည် ဖြစ်သည်။

တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား/သူများလျှောက်ထားခဲ့သော ၂၀၁၈ ခုနှစ် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာ ဒီပလိုမာသင်တန်း၏ ၀င်ခွင့်ရစာရင်းများကို လာမည့် နိုဝင်ဘာလထဲတွင် ကြေညာမည်ဖြစ်သည်။

သင်တန်းတက်ရောက်ခွင့်ရရှိသူများသည် ဒီဇင်ဘာ ၄ ရက်တွင် တက်ရောက်ရမည် ဖြစ်သည်။

ယခုနှစ်၏ ပညာရေးကောလိပ်ဝင်ခွင့်ကို ယခင်နှစ်များကထက် သင်တန်းသားဦးရေကို ပိုမိုတိုးမြှင့်လက်ခံမည် ဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနမှ သိရသည်။

"အခုလျှောက်လွှာပိတ်ပြီဆိုတော့ ရွေးတော့မယ်။ နိုဝင်ဘာလထဲတော့ ကြေညာရမှာ။ ဒီနှစ်ဘတ်ဂျက်အရ သင်တန်းသားဦးရေ ကိုးထောင်လောက် လက်ခံနိုင်တယ်။ ဒါပေမယ့် တချို့ကျောင်းတွေက အဆောင်မပြီးသေးတဲ့ အခြေအနေ လေးတွေရှိနေတယ်။ အဆောင်တွေ ပြီးမယ့် ရက်တွေကို သေချာသိမယ်ဆိုရင် ဒီနှစ်ကို ကိုးထောင်လောက် လက်ခံနိုင်မယ်" ဟု ပြောသည်။

ပညာရေးကောလိပ်ဝင်ခွင့်ရရှိသူများသည် အဆောင်နေထိုင်ခွင့်ရရှိမည်ဖြစ်ပြီး တစ်လလျှင် ကျပ်သုံးသောင်းထောက်ပံ့ကြေး ရရှိမည်ဖြစ်သည်။

လက်တွေ့တန်းပြဆင်းသည့်ကာလတွင် တစ်ရက်လျှင် ကျပ် ၁၁၀၀ နှုန်းလည်း ရရှိမည် ဖြစ်သည်။

သင်တန်းကာလမှာ နှစ်နှစ်ဖြစ်ပြီး သင်တန်းဆင်းပါက ဒီပလိုမာလက်မှတ်ရရှိကာ မူလတန်းပြအဖြစ် ခန့်ထားခြင်း ခံရမည် ဖြစ်သည်။

လက်ရှိတွင် ပညာရေးကောလိပ်များကို အဆင့်မြှင့်တင်ရန် ဆောင်ရွက်လျှက်ရှိပြီး နှစ်နှစ်သင် ပညာရေးကောလိပ်အဆင့်မှ လေးနှစ်သင် ဒီဂရီကောလိပ်များအဆင့် သို့ အဆင့်မြှင့်တင်မည် ဖြစ်ရာ သင်တန်းဆင်းပါက ဘွဲ့အဆင့်ရရှိမည် ဖြစ်သည်။

လာမည့် ဒီဇင်ဘာလတွင် ရှေ့ပြေးအဖြစ် ပညာရေးကောလိပ်ကျောင်းနှစ်ကျောင်းတွင် သင်ရိုးညွှန်းတမ်းများအား စမ်းသပ် သင်ကြားမည် ဖြစ်သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန်website တွင် ပါဝင်သောသင်တန်းများ ကျောင်းများ၊ Scholarship၊ Knowledgeများနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

source: democracy

News Read 3061 times