Sales Hotline : 09448001653       Download App



မူလတန်းဆရာအတတ်ပညာသင်တန်း ပြီးဆုံးသည်အထိမတက်ပါက ကျပ်သုံးသိန်းနှင့် ထောက်ပံ့ကြေးများ ပြန်လျော်ရမည်

မူလတန်းဆရာအတတ်ပညာသင်တန်း ပြီးဆုံးသည်အထိမတက်ပါက ကျပ်သုံးသိန်းနှင့် ထောက်ပံ့ကြေးများ ပြန်လျော်ရမည်

လုပ်ငန်းခွင်အကြို မူလတန်း  ဆရာအတတ်ပညာ သင်တန်း (PPTT) ၀င်ခွင့်ရပြီး သင်တန်းပြီး ဆုံးသည်အထိမတက်ရောက်ပါ က လျော်ကြေးကျပ်သုံးသိန်းအပြင် လစဉ်ပေးအပ်သည့် ပညာ သင်ထောက်ပံ့ကြေးများ ပြန် လျော်ရ မည်ဟု ပညာရေးဝန်ကြီး ဌာနက သတ်မှတ်ခဲ့သည်။

ဝင်ခွင့်ရွေးချယ်ခံရပြီး သင်တန်းမတက်ရောက်ပါက ယခင် နှစ်များက လျော်ကြေးကျပ်ငါး သောင်းသာ ပေးဆောင်ရသော် လည်း ၂၀၁၈ ဧပြီတွင် ဖွင့်လှစ် သည့် PPTT အမှတ်စဉ် ၅/၁၈ သင်တန်းကစကာ ယခင်နှစ် များထက် လျော်ကြေးခြောက်ဆ (ကျပ်သုံးသိန်း) တိုးမြှင့်ခဲ့သည်။

၂၀၁၉ ဧပြီတွင်ဖွင့်လှစ်မည့် PPTT အမှတ်စဉ် ၆/၁၉သင်တန်း ၀င်ခွင့်၌ လျော်ကြေးကျပ်သုံးသိန်း အပြင် လစဉ်ပေးအပ်သည့် ပညာ သင်ထောက်ပံ့ကြေး တစ်လကျပ် သုံးသောင်းကိုပါ ပြန်လျော်ရမည် ဟု ကြိုတင် အသိပေး ထားခြင်း ဖြစ်သည်။

‘‘၀င်ခွင့်ရပြီးမှ သင်တန်းမ တက်ဘူး၊ ပြီးအောင်မတက်ဘူး ဆိုရင် တက်ချင်ရက်နဲ့ပြုတ်သွား တဲ့ကလေးတွေလည်း နစ်နာ တယ်။ ပြီးတော့မူလတန်းပြ ခန့် ဖို့ဖွင့်တာ။ ၀င်ခွင့်ရွေးပြီးမှမတက် ဘူးဆို သူတို့နေရာ အစားထိုး ဖို့ ချက်ချင်း မလွယ်တော့ဘူး။ တိုင်း ပြည်အတွက်လည်းနစ်နာတယ်။  အဲဒါကြောင့်လျော်ကြေးငွေသတ် မှတ်တာ’’ ဟု အဆင့်မြင့်ပညာ ဦးစီးဌာနဒုတိယညွှန်ကြားရေးမှူး ချုပ် ဒေါက်တာအောင်အောင်မင်း က ပြောသည်။

PPTT သင်တန်းကို စာတွေ့  လေးလ၊ လက်တွေ့နှစ်လတက် ရောက်ရမည်ဖြစ်ပြီးယခုနှစ်သင် တန်းဝင်ခွင့်ကို ဇန်န၀ါရီ ၂၄ ရက် အထိ ပညာရေးကောလိပ်များ တွင်လျှောက်ထားနိုင်သည်။

သင် တန်းဝင်ခွင့်အတွက် အင်္ဂလိပ်စာ၊   အထွေထွေဗဟုသုတရေးဖြေစာ မေးပွဲနှင့် လူတွေ့နှုတ်ဖြေစာမေးပွဲ  များစစ်ဆေးမည်ဖြစ်သည်။

လျှောက်ထားသူသည် အစိုး ရ၀န်ထမ်းဖြစ်ပါက အသက် (၃၅) နှစ်၊ အစိုးရ၀န်ထမ်းမဟုတ်ပါက အသက် (၃၀) နှစ်အောက် ဖြစ်ရမည်ဖြစ်ပြီး မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပဗေဒ၊ ဓာ တုဗေဒ၊ ရုက္ခဗေဒ၊ သတ္တဗေဒ၊ ဘောဂဗေဒ၊ ပထ၀ီဝင်၊ သမိုင်း၊ ကုန်ထုတ်ဓာတုဗေဒ၊ အဏုဇီဝ ဗေဒ၊ ဇီဝနည်းပညာ၊ ဇီဝဓာတု၊ ပတ်ဝန်းကျင်လေ့လာမှုပညာ၊ ဘူမိဗေဒ၊ မြန်မာမှု၊ ရသ၊ ဂီတ၊ သ ဘင်၊ ပန်းချီ၊ ပန်းပု၊  အားကစား ပညာ၊ စာရင်းကိုင် ပညာ၊ စီးပွားရေးပညာ ဘွဲ့ရများ လျှောက်ထား နိုင်သည်ဟု သတ်မှတ်ထားသည်။

သင်တန်းပြီးဆုံးပါက အခြေခံပညာကျောင်းများတွင် မူလ တန်းပြဆရာအဖြစ် ခန့်အပ်မည့် PPTT သင်တန်းတက်ရောက်ခွင့်  အတွက်ဝင်ခွင့်ဖြေဆိုသူ နှစ်စဉ် သောင်းဂဏန်း ရှိသော်လည်း ပညာရေးကောလိပ်များ၏ ၀င်ဆံ့  အနေအထားအရ သင်တန်းသား   ၆,၀၀၀ ကျော်သာရွေးချယ်လက် ခံသည်။

သို့သော် သင်တန်းတက် ရောက်ခွင့်ရပြီးမှ ပြီးဆုံးအောင်  မတက်ဘဲ နုတ်ထွက်ခြင်းကြောင့် မူလတန်းပြ ဆရာခန့်ထားရန် လျာထားအရေအတွက် လျော့နည်းသွားသည့် အပြင်ဝင်ခွင့်ဖြေ ဆိုပြီးတက်ရောက်ခွင့် မရသူ များအတွက် လည်း နစ်နာမှုများရှိနေ သည်ဟု ဒေါက်တာအောင်အောင် မင်းကဆိုသည်။

‘သင်တန်းက ခြောက်လပဲ ဆိုတော့ တက်ချင်သူကများ တယ်။ ဒါပေမဲ့ သင်တန်းတက်ရင်း တခြားဒီထက်ကောင်းတဲ့အလုပ် ပေါ်လာတာတို့၊ အိမ်ကတိုက် တွန်းလို့တက်ရတာ၊ ကိုယ်တိုင် ၀ါသနာမပါလို့တို့နဲ့ ဆက်မတက် ကြတော့ ဘူး။ ဟိုတစ်နှစ်ကဆို ၁၀၀ ကျော်တယ်ကြားတယ်။ ထွက်သွားသူတွေ’’ ဟု တောင်ငူ  ပညာရေးကောလိပ်မှ နည်းပြ ဆရာမတစ်ဦးကပြောသည်။

မူလတန်းပြဆရာ လိုအပ် ချက်ဖြည့်ဆည်းရန်လုပ်ငန်းခွင်အ ကြိုမူလတန်းဆရာအတတ်ပညာ သင်တန်းကို ၂၀၁၄ တွင်ပထမ အကြိမ်စတင်ဖွင့်လှစ်ခဲ့သည်။

source: 7day

News Read 7149 times