Sales Hotline : 09448001653       Download App



PPTT သင်တန်းဝင်ခွင့်ရမည်ဟုဆိုကာ ငွေကြေးတောင်းခံမှုများရှိနေ၊ ဖြေဆိုမည့်သူများအနေဖြင့် နစ်နာမှုများ ရှိလာနိုင်သည့်အတွက် ယုံကြည်မှု မရှိကြရန် လို

PPTT သင်တန်းဝင်ခွင့်ရမည်ဟုဆိုကာ ငွေကြေးတောင်းခံမှုများရှိနေ၊ ဖြေဆိုမည့်သူများအနေဖြင့် နစ်နာမှုများ ရှိလာနိုင်သည့်အတွက် ယုံကြည်မှု မရှိကြရန် လို

လုပ်ငန်းခွင်အကြိုမူလတန်းဆရာ အတတ်ပညာသင်တန်းကို ၀င်ခွင့်ရရှိမည်ဟုဆိုကာ ငွေကြေးတောင်းခံမှုများ ရှိနေသည်။

၂၀၁၉ ခုနှစ်အတွက် ခေါ်ယူထားသည့် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်းကို လာမည့် ဖေဖော်ဝါရီ ၁၉ ရက်တွင် ရေးဖြေစာမေးပွဲကျင်းပပြီး ရေးဖြေ အောင်မြင်သူ များကို သင်တန်းဝင်ခွင့်ပေးရန် စီစဉ်လျက်ရှိရာ အဆိုပါ ၀င်ခွင့်ကို ကိန်းသေရရှိစေရမည်ဟုဆိုကာ ပြင်ပတွင် ငွေးကြေးတောင်းခံမှုများ ရှိနေသည်။

ယင်းသင်တန်း၏ ၀င်ခွင့်ကို အဆင့်မြင့်ပညာဦးစီးဌာနမှ စနစ်တကျဖြင့် ၀င်ခွင့်ရရှိစေရန် ဆောင်ရွက်နေပြီး ယင်းကဲ့သို့ ကိန်းသေ၀င်ခွင့်ရရှိစေရန် မည်သူမှ အာမခံကြောင်း ရေးဖြေ စာမေးပွဲ ရလဒ်အရ ၀င်ခွင့်အရည်အချင်းပြည့်မီသူများကိုသာ ၀င်ခွင့်ပေးမည်ဖြစ်ကြောင့် အဆင့်မြင့်ပညာဦးစီးဌာနမှ သိရသည်။

"၀င်ခွင့်ရမယ်ဆိုပြီး ငွေတောင်းနေတာတွေက ပညာရေးကောလိပ်တွေက လုပ်နေတာမဟုတ်ပါဘူး။ အပြင်က စီးပွားရေးသမားတွေက လူစိတ်ဝင်စားတဲ့အပေါ် အခွင့်ကောင်းယူပြီး လုပ်စားနေတာ ပါ။ ရေးဖြေအတွက် မေးခွန်းကို အဆင့်မြင့် ပညာဦးစီးဌာနက ထုတ်မှာဖြစ်သလို အဖြေလွှာတွေကိုလည်း အဆင့်မြင့်ပညာဦးစီးဌာနကပဲ စစ်မှာပါ။

ပညာရေးကောလိပ်က ၀န်ထမ်းတွေက အဲ့ဒီလိုဝင်ခွင့်ရမယ်ဆိုပြီး ပြောနေရင်တောင် သေချာမှာ မဟုတ်ပါဘူး။ ၀င်ခွင့်ရဖို့ ဘယ်သူမှ မသေချာဘူး။ အရည်အချင်းပြည့်မီလူတွေပဲ ၀င်ခွင့်ရမှာပါ" ဟု ပြောကြားထားသည်။

ယင်းကဲ့သို့ ပြင်ပတွင် ၀င်ခွင့်ရရှိမည်ဟုဆိုကာ ငွေကြေးတောင်းခံမှုများ ရှိနေသည့်အတွက် ဖြေဆိုမည့်သူများအနေဖြင့် နစ်နာမှုများ ရှိလာနိုင်သည့်အတွက် ယုံကြည်မှုမရှိကြရန် ကိုလည်း ပညာရေးကောလိပ်အချို့က သတိပေးချက်များ ထုတ်ပြန်ထားကြောင်း ရေးဖြေစာမေးပွဲမေးခွန်းကို တစ်နိုင်ငံလုံးရှိ ပညာရေးကောလိပ် ၂၄ ခုအတွက် တစ်စုံသာ ထုတ်မည်ဖြစ်သည်။

source: democracy

News Read 5384 times