Sales Hotline : 09448001653       Download App



မူလတန်းဆရာအတတ်သင်တန်းရေးဖြေစာမေးပွဲ မေးခွန်းပေါက်ကြားသည်ဟု လူမှုကွန်ရက်တွင် တင်ခဲ့သည် ပညာရေးဝန်ထမ်းများကို ဖော်ထုတ်အရေးယူမည်

မူလတန်းဆရာအတတ်သင်တန်းရေးဖြေစာမေးပွဲ မေးခွန်းပေါက်ကြားသည်ဟု လူမှုကွန်ရက်တွင် တင်ခဲ့သည် ပညာရေးဝန်ထမ်းများကို ဖော်ထုတ်အရေးယူမည်

၂၀၁၈ ခုနှစ်၏ လုပ်ငန်းခွင်အကြိုမူလတန်းဆရာ အတတ်ပညာသင်တန်း (PPTT) (၅/၂၀၁၈) ၀င်ခွင့်ရေးဖြေ စာမေးပွဲကို ဖေဖော်ဝါရီ ၃ရက်တွင် ကျင်းပခဲ့ရာ မေးမြန်းခဲ့သော မေးခွန်းများ ပေါက်ကြားခဲ့သည်ဟု လူမှုကွန်ရက်တွင် ပျံ့နှံ့လျက်ရှိရာ ယင်းကဲ့သို့ မေးခွန်းပေါက်ကြားသည်မှာ ဟုတ်မှန်မှုမရှိဘဲ စွပ်စွဲပြောဆိုမှုများသာဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနမှ သိရသည်။

ယခုနှစ် (PPTT) (၅/၂၀၁၈) ၀င်ခွင့်ရေးဖြေစာမေးပွဲကို အဆင့်မြင့်ပညာဦးစီးဌာန ဆရာအတတ်ပညာဌာနမှ တာဝန်ယူဆောင်ရွက်ခြင်းဖြစ်ပြီး ယင်းဌာနမှ ပြုစုသော မေးခွန်းဖြင့် မေးမြန်းခဲ့ကြောင်း၊ ယခင်က ယင်းသင်တန်းဝင်ခွင့်၊ သင်တန်းသားရွေးချယ်ရေးများကို အခြေခံပညာ ဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ခြင်းဖြစ်သည်။

ကောလိပ်အလိုက် ပြုစုသော မေးခွန်းများကို မေးမြန်းခဲ့ကြောင်း ယခုနှစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် မေးခွန်းတစ်စုံတည်းသာ မေးမြန်းခဲ့သည်။

Source: democracy today

News Read 1960 times