မြန်မာ့ ပညာရေး လမ်းညွှန်၏ ပညာရေးဝိုင်းတော်သားများအတွက် လက်ရှိ ကမ္ဘာပေါ်တွင် လူကြိုက်အများဆုံး ထိပ်တန်းတက္ကသိုလ်များ (5) ခုကို ဖော်ပြလိုက်ရပါသည်။
Harvard University
အမေရိကန်နိုင်ငံ Cabridage, Massachusett မှာတည်ရှိသည့် Harvard University သည် တက္ကသိုလ်ရွေးချယ်ရန် ရှာဖွေမှုများတွင် အကောင်းဆုံးစံပြ အဖြစ် ရပ်တည်လျက်ရှိပါသည်။
၎င်းသည် ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံ မှာ တည်ရှိနေသည့် အသက်အကြီးဆုံးကျောင်းဖြစ်ပါသည်။ ပြီးခဲ့သည့် 15 နှစ်အတွင်း ဘဏ္ဍာရေး ကျွမ်းကျင်ပညာရှင် Jack Meyer ၏ စီမံခန့်ခွဲမှုအောက်တွင် ကျောင်း၏ ဝင်ငွေမှာ $ 4.6 ဘီလီယံ မှ $ 25.8 ဘီလီယံ အထိများပြားလာခဲ့ပါသည်။ နိုဘယ်ဆုရှင် 49 ဦး၊ ပြည်နယ်ခေါင်းဆောင် 32 ဦး နှင့် ပူလစ်ဇာဆုရှင် 48 ဦးကို မွေးထုတ်ပေးခဲ့ပြီး ဖြစ်ပါသည်။
ပိုမိုသိရှိလိုပါက >>> Harvard University

University of Cambridge
ကမ္ဘာပေါ်တွင် သက်တမ်းအရှည်ကြာဆုံး ခုနှစ်ခုမြောက် တက္ကသိုလ် ဖြစ်ပြီး အင်္ဂလန်နိုင်ငံတွင် တည်ရှိပါသည်။
သိပ္ပံပညာရှင်များ၊ သင်္ချာပညာရှင်များ၊ အတွေးခေါ်ပညာရှင်များစွာကို မွေးထုတ်ပေးခဲ့ပြီး ၎င်းတို့ အနက်ထင်ရှားကျော်ကြားသူများမှာ - Isaac Newton, Augustus De Morgan, Charles Darwin, Charles Babbage, James Clerk Maxwell, J.J. Thomson, Ernest Rutherford, Bertrand Russell, Alfred North Whitehead, J. Robert Oppenheimer,Stephen Hawking အစရှိသူများဖြစ်ကြပါသည်။ နိုင်ငံပေါင်း 135 နိုင်ငံမှ ကျောင်းသားပေါင်း 18000 ကို ကိုယ်စားပြုထားပြီး နိုဘယ်ဆုရှင်ပေါင်း 80 ကျော်ကို အောင်မြင်စွာ မွေးထုတ်ပေးခဲ့ပါသည်။
ပိုမိုသိရှိလိုပါက >>> University of Cambridge

University of Columbia
အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့တွင် တည်ရှိသည့် ငါးခုမြောက် ကမ္ဘာ့သက်တမ်းအကြာဆုံး တက္ကသိုလ်ဖြစ်သည့် Columbia တက္ကသိုလ်သည် ဆေးပညာနှင့် ဆက်စပ်၍ နာမည်ကျော်ကြားသည်။
တစ်ချိန်တစ်ခါက အမေရိကန်နိုင်ငံ၏ ပထမဆုံး MD ကို မွေးထုတ်ပေးခဲ့ပြီး ယခုဆိုလျှင် တစ်နှစ်လျှင် ဆရာဝန်ဘွဲ့ရပေါင်း 1400 ကို အောင်မြင်စေခဲ့ပါသည်။ အမေရိကန်သမ္မတ သုံးဦး အပါအဝင် နိုင်ငံပေါင်း 29 ခုမှ နိုင်ငံ့ခေါင်ဆောင်များကို မွေးထုတ်ပေးခဲ့ပါသည်။ ပူလစ်ဇာဆုကို လည်း ရရှိထားပါသည်။
ပိုမိုသိရှိလိုပါက >>> University of Columbia

University of Oxford
ဆယ့်သုံးရာစုမှ အစပြုခဲ့သော Oxford တက္ကသိုလ်သည် “အတွေးအခေါ်ပညာရေးကျောင်း” ဟု လူသိများ ထင်ရှားကျော်ကြားပေသည်။ သို့သော် နှစ်ပေါင်းများစွာ ပြန်လည်မွမ်းမံခြင်း၊ သိပ္ပံဆိုင်ရာ ပြောင်းလဲမှုများ ပြုလုပ်ပြီးသကာလ Oxford သည် အကောင်းဆုံးပညာသင်ကြားရာနေရာ တစ်ခုအဖြစ် မားမားဝံ့ဝံ့ရပ်တည်လျက်ရှိသည်။ Oxford ၏ ပညာရေး အသိုင်းအဝန်းတွင် တော်ဝင်အသိုင်းအဝိုင်းမှ ကျောင်းသားဟောင်းများ 80 ခန့်ပါဝင်ပြီး ဗြိတိန်အကယ်ဒမီမှ အယောက် 100 ခန့် ပါဝင်ပါသည်။
ပိုမိုသိရှိလိုပါက >>> University of Oxford

Yale University
Yale University သည် ဘာသာရပ်တစ်ခုတည်းအတွက် ထင်ရှားကျော်ကြားသည်မျိုး မဟုတ်ဘဲ သင်ယူစရာဘာသာရပ်ပေါင်း များစွာရှိသည့် မူလ ထိပ်တန်းအိုင်ဗီ တက္ကသိုလ်ရှစ်ခုထဲမှ တစ်ခု ဖြစ်ပါသည်။ Yale သည် လူမှုရေးဘာသာရပ်များ၊ သိပ္ပံ ဘာသာ ရပ်များ နှင့် ပတ်သက်၍ အထူးလွှမ်းမိုးလျက်ရှိပါသည်။ ထို့အပြင် ၎င်း၏ ကျောင်းသားဟောင်းများလူမှုကွန်ယက်သည် ကမ္ဘာတစ်ဝှမ်းတွင် ကျယ်ပြန့်စွာ တည်ရှိလျက်ရှိပါသည်။
ပိုမိုသိရှိလိုပါက >>> Yale University

By Myanmar Education Guide - EDGE