Sales Hotline : 09448001653       Download App



သူငယ်တန်းမှ ဒုတိယတန်းအထိ ဇူလိုင်အခန်းဆုံးစာမေးပွဲမရှိ

သူငယ်တန်းမှ ဒုတိယတန်းအထိ ဇူလိုင်အခန်းဆုံးစာမေးပွဲမရှိ


စနစ်သစ်၊ သင်ရိုးညွှန်းတမ်း အသစ်များဖြင့် သင်ကြားနေသော KG၊ Grade-1၊ Grade-2 အတန်းများတွင် ကျောင်းသား၊ ကျောင်းသူများ၏ တတ်မြောက်မှုကို စာမေးပွဲကျင်းပစစ်ဆေးမှုများ မပြုလုပ်ရန် အခြေခံပညာဦးစီး ဌာနက တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးရုံးများမှတစ်ဆင့် မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ သိရှိစေရန် ညွှန်ကြား ထားသည်။

‘‘ဇူလိုင်အခန်းဆုံးတွေ စစ်ဖို့ ညွှန်ကြားတာပေါ့။ KG၊ Grade-1၊ Grade-2 မပါဘူး။ ကျန်တဲ့အတန်းတွေကတော့ အရင်အတိုင်း ပဲ စာမေးပွဲရှိတယ်’’ ဟု အခြေခံပညာဦးစီးဌာနမှ အဆင့်မြင့်အ ရာရှိတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၇-၁၈ ပညာသင်နှစ်က KG နှင့် Grade-1 တွင် စာမေးပွဲမစစ်ရန် ညွှန်ကြား ထားသော်လည်း အချို့ကျောင်း များတွင် စာမေးပွဲစစ်ဆေးမှုများ ရှိခဲ့၍ အဆိုပါ ကျောင်းများကိုစာ မေးပွဲမကျင်းပရန် အခြေခံပညာ ဦးစီးဌာနက သတိပေးသည်။

KG-12 (သူငယ်တန်း+၁၂) စနစ်သစ်အရ မူလတန်းအောင် ဆင့်အတန်းများကို ပုံစံကျစာမေး ပွဲစစ်ဆေးခြင်း (Formal Test) မပြုလုပ်ဘဲ စာသင်ခန်းတွင် သင် ကြားသင်ယူစဉ် အတန်းပိုင်ဆရာ က အကဲဖြတ်ခြင်းမျိုးဖြင့်သာ စစ် ဆေးခြင်း၊ တစ်နှစ်လုံးသင်ကြား ခဲ့သည့် သင်ခန်းစာများကို တစ် နှစ် နှစ်ကြိမ်ပြန်လည် လေ့ကျင့် စေခြင်းဖြင့် စစ်ဆေးခြင်းမျိုးသာ ပြုလုပ်မည်ဟု မူလတန်းအဆင့် သင်ရိုးညွှန်းတမ်းအသစ်များ ရေး ဆွဲသည့် CREATE Project ၏ ဆရာအတတ်ပညာအဖွဲ့ခေါင်း ဆောင် ဒေါ်ဝင်းသိင်္ဂီကျော်က ပြောထားသည်။

‘‘ဒုတိယတန်းမှာ ပုံစံကျစာ မေးပွဲဆိုတဲ့ Formal Test မရှိဘူး။ အဓိကကတော့ သင်ယူနေစဉ် စစ်ဆေးခြင်းပဲ။ တစ်နှစ်လုံး ဆရာ မက ကလေးရဲ့တတ်မြောက်မှု ကို အမြဲ Record လုပ်ထားပြီး လို တဲ့ကလေးကို ထပ်ဖြည့်သင်ပေး နေရမှာ။ တစ်နှစ်လုံး အကဲဖြတ်၊ ထပ်ဖြည့်သင်နေရင် အထူးတ လည် Formal Test စစ်ဆေးနေစ ရာ မလိုဘူး’’ ဟု ဇန်န၀ါရီအတွင်း ပြုလုပ်ခဲ့သည့်    ဒုတိယတန်း သင်ရိုးသစ် ဗဟိုအဆင့်သင်တန်း အလုပ်ရုံဆွေးနွေးပွဲ၌ ဒေါ်ဝင်း သိင်္ဂီကျော်က ပြောကြားသည်။

ဆရာ၊ ဆရာမများသည် ကျောင်းသား၊ ကျောင်းသူများ၏ စစ်ဆေးအကဲဖြတ်ရလဒ်များကို စနစ်တကျ မှတ်တမ်းတင်ထားပြီး တတ်မြောက်မှု အခြေအနေကို တစ်နှစ်လျှင် နှစ်ကြိမ်မိဘများထံ အစီရင်ခံစာပေးပို့ကာ တစ်နှစ် လျှင် အနည်းဆုံးတစ်ကြိမ် မိဘ များနှင့် တိုင်ပင်ဆွေးနွေးရမည် ဟု ဒုတိယတန်းသင်ရိုးသစ် သင် ပြနည်း သင်တန်းလက်စွဲစာအုပ် တွင် ဖော်ပြထားသည်။

ယခင်ပညာသင်နှစ်များက အခြေခံပညာကျောင်းများတွင် ဇူလိုင်မှ ဖေဖော်ဝါရီအထိ တစ် နှစ်လျှင် ကိုးကြိမ် စာမေးပွဲကျင်းပ ခဲ့သည်။

ယခုပညာသင်နှစ်တွင် KGမှ Grade-2 အထိ စာမေးပွဲမစစ်ဆေးသည့်အပြင် ကျန်အတန်းများကိုလည်း ဇူလိုင်နှင့် ဒီဇင်ဘာ တွင် အခန်းဆုံးစစ်ဆေးခြင်း စာ မေးပွဲ၊ အောက်တိုဘာတွင် နှစ် ၀က်ဆုံးစာမေးပွဲ၊ ဖေဖော်ဝါရီ တွင် နှစ်ဆုံးစာမေးပွဲဟူ၍ လေး ကြိမ်သာ  ကျင်းပရန်  ညွှန်ကြား ထားသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

source: 7day daily

News Read 1947 times