Sales Hotline : 09448001653       Download App



စံပြအစိုးရမူလတန်းကြိုကျောင်းများ တိုးချဲ့ဖွင့်လှစ်ပေးမည်

စံပြအစိုးရမူလတန်းကြိုကျောင်းများ တိုးချဲ့ဖွင့်လှစ်ပေးမည်

ထိုမူလတန်းကြိုကျောင်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရေးအတွက် စီမံကိန်းများတွင် နှစ်စဉ်တစ်နှစ်လျှင် ၁၀ ကျောင်းနှုန်း တိုးချဲ့ဖွင့်လှစ်နိုင်ရန် ထည့်သွင်းရေးဆွဲထားသည်။

၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှ စ၍ ကိုးနှစ်စီမံကိန်းဖြင့် ဆောင်ရွက်မည်ဖြစ်သည်။

READ - အခြေခံပညာကျောင်းများတွင် အင်္ဂလိပ်စာသင်ကြားမည့် အမေရိကန် စေတနာ့ဝန်ထမ်း ၃၂ ဦး ထပ်မံရောက်ရှိ

မူလတန်းကြိုကျောင်းများမဖွင့်လှစ်နိုင်သော ရပ်ကွက်၊ ကျေးရွာများအတွင်းရှိ ကလေးသူငယ်များ၊ အကြောင်းအမျိုးမျိုးကြောင့် မူလတန်းကြိုကျောင်းသို့ မတက်ရောက်နိုင်သော အသက်ငါးနှစ်အောက် ကလေးငယ်များအတွက် ၂၀၁၇ ခုနှစ်မှစ၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ မိခင်ဝိုင်းအစီအစဉ် ဖွဲ့စည်းဆောင်ရွက်ခဲ့သော်လည်း အကောင်အထည်ဖော်မှု အားနည်းခဲ့သည့်အတွက် လက်ရှိတွင် မြို့နယ်ပေါင်း ၂၇ မြို့နယ်၌ မိခင်ဝိုင်းပေါင်း ၂၇၀ ကိုသာ ဖွဲ့စည်းနိုင်ခဲ့သည်။

၂၀၁၀-၁၁ ဘဏ္ဍာနှစ်အတွင်း မူလတန်းကြိုကျောင်း ၆၅ နှစ်ကျောင်းရှိနေပြီး ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် ၁၀ ကျောင်း၊ ၂၀၁၆ ခုနှစ်မှ လက်ရှိအချိန်ထိ ၂၉ ကျောင်း တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့သည်။

ထို့ပြင် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှစ၍ ကိုးနှစ်စီမံကိန်းဖြင့် စံပြအစိုးရမူလတန်းကြိုကျောင်းများကို တိုးချဲ့ဖွင့်လှစ်ရန် လုပ်ဆောင်နေခြင်း ဖြစ်သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: မြ၀တီ

Government School Read 969 times