Sales Hotline : 09448001653   Find A Tutor     Download App



မူကြိုများ၊ ဘော်ဒါဆောင်များ မဖွင့်ရန် အမိန့်ထုတ်ပြန် 

အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019 (COVID-19) ကြိုတင်ကာကွယ်နိုင်ရေးအတွက် အများပြည်သူသိရှိလိုက်နာဆောင်ရွက်ရန် အမိန့်ကြေညာစာ

၁။ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019 (COVID-19) ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဌာနအဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် အများပြည်သူများအနေဖြင့် လူစုလူဝေးဖြင့်ကျင်းပပြုလုပ်ရမည့် အခမ်းအနားများ၊ ပွဲလမ်းသဘင်များ မပြုလုပ်ရန်၊ ရုပ်ရှင်ရုံများ၊ ဘော်ဒါဆောင်များ၊ မူကြိုကျောင်းများ ဖွင့်လှစ်ခြင်း မပြုလုပ်ရန်အတွက် နေပြည်တော်ကောင်စီ၏ (၁၄-၁၂-၂၀၂၀)ရက်စွဲပါ အမိန့်အမှတ်(၁၅၉/၂၀၂၀)ဖြင့် ထုတ်ပြန်ထားသော အမိန့်ကြေညာစာသည် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၃၁)ရက်နေ့အထိ အတည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါသည်။

 ၂။ အဆိုပါအမိန့်ကြေညာချက်အား ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ(၃၁)ရက်နေ့အထိ ရက်တိုးမြှင့် သတ်မှတ်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။

ဒေါက်တာမျိုးအောင်

ဥက္ကဋ္ဌ

နေပြည်တော်ကောင်စီ


By Myanamr Education Guide (EDGE) 

Latest Post Government School News Read 3081 times