Sales Hotline : 09448001653       Download App



PPTT ဝင်ခွင့်ရပါက လက်ရှိသန်းခေါင်စာရင်းရှိသည့်ဒေသတွင်သာ တာဝန်ထမ်းဆောင်ရမည်

PPTT ဝင်ခွင့်ရပါက လက်ရှိသန်းခေါင်စာရင်းရှိသည့်ဒေသတွင်သာ တာဝန်ထမ်းဆောင်ရမည်

လုပ်ငန်းခွင်အကြိုမူလတန်းဆရာအတတ် ပညာသင်တန်းကို လက်ရှိသန်းခေါင်စာရင်းဖြင့် ပညာရေးကော လိပ်အသီးသီးတွင် လျှောက်ထားနိုင်သော်လည်း ဝင်ခွင့်ရပါက သန်းခေါင်စာရင်းရှိသည့် ဒေသတွင်သာ တာဝန် ထမ်းဆောင်ရ မည်ဖြစ်သည်။

ယခုနှစ်အတွက် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ် ပညာသင်တန်းကို အဆင့်မြင့်ပညာဦးစီးဌာနမှ ခေါ်ယူထားရာ ဇန်နဝါရီ ၂၄ရက်နေ့တွင် နောက်ဆုံးထားလျှောက်ထားရမည်ဖြစ်သည်။

လျှောက်ထားလိုသူများအနေဖြင့် လက်ရှိကိုင်ဆောင်ထားသော သန်းခေါင်စာရင်းဖြင့် လက်ရှိနေထိုင်သော တိုင်းဒေသကြီး ပြည်နယ် များရှိ ပညာရေးကောလိပ်များတွင် လျှောက်ထားနိုင်သလို၊ ဝင်ခွင့် စာမေးပွဲကိုလည်း ဝင်ရောက်ဖြေဆိုခွင့်ရှိမည်ဖြစ် သည်။

သို့ရာ တွင် ဝင်ခွင့်အောင်မြင်ပြီး သင်တန်းတက်ရောက်ကာ သင်တန်းပြီး ဆုံးပါက သန်းခေါင်စာရင်းရှိရာ မြို့တွင် တာဝန်ထမ်းဆောင်ရမည် ဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနမှ သိရသည်။

“ကျွန်တော်တို့က လက်ရှိကိုင်ဆောင်ထားတဲ့ သန်းခေါင် စာရင်းနဲ့ဝင်ခွင့်ပေးပြီးတော့ တာဝန်ထမ်းဆောင်ချိန်ကျတော့ လက် ရှိနေတဲ့နေရာမှာပဲ တာဝန်ပေးမယ်ဆိုရင် အပြောင်းအရွှေ့ လုပ်တဲ့ အခါကျတော့ သန်းခေါင် စာရင်းရှိတဲ့ နေရာကို ပြန်ပြောင်းသွားကြ တဲ့ အရေအတွက်က တစ်နှစ် တစ်နှစ်ကိုမနည်းဘူး။

အဲဒါတွေ နည်း သွားအောင် လက်ရှိသန်းခေါင်စာရင်းရှိရာ မြို့မှာ တာဝန်ချထားဖို့ အတွက် အခြေခံပညာနဲ့ လုပ်ထားရတာ။ အခုကတော့ လက်ရှိ သန်းခေါင်စာရင်းနဲ့ ကောလိပ်တွေမှာ ဝင်ဖြေလို့ရတယ်။ လျှောက်ခွင့် လည်း လက်ခံနေတယ်။

သင်တန်းပြီးလို့ တာဝန်ချထားရင်တော့ လက်ရှိသန်းခေါင်စာရင်းရှိရာ နေရာကိုပဲ တာဝန်ချထားလိမ့်မယ်” ဟု အဆင့်မြင့်ပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါက် တာ အောင်အောင်မင်းက ပြောကြားသည်။

လျှောက်လွှာများကို ယခုနှစ် ဇန်နဝါရီ ၂၄ ရက်ထက်နောက် မကျဘဲ ပညာရေးကောလိပ် တည်ရှိရာ တိုင်းဒေသကြီးပြည်နယ်အသီးသီးရှိမြို့နယ်ကို ကိုယ်စားပြုလျှောက်ထားရမည်ဖြစ်ပြီး နေပြည်တော်ကောင်စီနယ်မြေ အတွက် တောင်ငူပညာရေး ကောလိပ် တွင် လျှောက်ထားရမည်ဖြစ်သည်။

ပညာရေးဝန်ကြီးဌာနနှင့် ဦးစီးဌာနသို့လျှောက်ထားခြင်းမပြုရကြောင်း သိရသည်။

ယခုနှစ်အတွက် အဆိုပါသင်တန်းတွင် သင်တန်းသား၊ သင်တန်း သူ ၇ဝဝဝ ကျော်လက်ခံမည် ဖြစ်သည်။

source: democracy

News Read 13302 times