Sales Hotline : 09448001653       Download App



နေ့လည်စာ မစားတဲ့ ကလေး တွေ ပညာရေး ထိခိုက်နိုင်

နေ့လည်စာ မစားတဲ့ ကလေး တွေ ပညာရေး ထိခိုက်နိုင်

**Unicode**

 

American Academy of Pediatrics’ Healthy Children ဝဘ်ဆိုက်မှာ နေ့လည်ဘက် ကျောင်းချိန် မှာ ကလေး တွေ စားတဲ့ နေ့လည်စာတွေ၊ သရေစာ တွေက စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် သိပ်ကိုအရေးကြီးတယ်လို့ ပြောဆိုထားပါတယ်။

ကလေး တွေ နေ့လည်စာ ပုံမှန်မစားဘူး အဟာရပြည့်ဝတဲ့ နေ့လည်စာ မစားဘူးဆိုရင် ဘာတွေ ဆိုးကျိုးရှိနိုင်လဲ ကြည့်ရအောင်ပါ။

အားအင်လျော့နည်းခြင်း

နေ့လည် ဘက်မှာ စားတဲ့ အစာအဟာရမှာ ပါဝင်တဲ့ ကယ်လိုရီ ဟာ နေ့လည်ခင်း စာသင်ချိန်အတွက် လိုအပ်တဲ့ စွမ်းအင်တွေကို ထုတ်ပေးပါတယ်။

ကလေးတွေအနေနဲ့ ပရိုတင်းဓါတ်၊ အမျှင်ဓါတ်၊ ဗီတာမင်နဲ့ သတ္တုဓါတ်ကြွယ်ဝစွာပါဝင်တဲ့ နေ့လည်စာမစားဘူးဆိုရင်တော့ အားအင်ယုတ်လျော့နေမှာဖြစ်ပြီး သာမန်ထက်ပိုပြီး အစာပိုစားမိတာမျိုးဖြစ်လာလို့ ကိုယ်အလေးချိန် တက်တာမျိုး ဖြစ်စေပါတယ်။

ဒါ့အပြင် ဆာလောင်နေပြီး ခေါင်းကိုက်တာ ပင်ပန်းနွမ်းနယ်တာမျိုးဖြစ်စေပါတယ်။ ငယ်ရွယ်ချိန်မှာ အဟာရပြည့်ပြည့်၀၀ စားပေးဖို့အရေးကြီးပါတယ်။

ပညာရေး ဆိုင်ရာ နှောင့်နှေးမှုရှိနိုင်

အဟာရပြည့်ဝတဲ့ နေ့လည်စာမစားတဲ့ကလေးတွေရဲ့ ဦးနှောက် စွမ်းရည်ဟာ အဟာရပြည့်ဝတဲ့နေလည်စာစားတဲ့ကလေးတွေထက် ဦးနှောက် စွမ်းဆောင်ရည်ပိုလျှော့ပြီး ကျောင်း မှာ အာရုံစိုက်နိုင်မှု အားနည်းတာမျိုး နေ့လည်စာ မစားတဲ့ ကလေး တွေ ပညာရေး ထိခိုက်နိုင် ဖြစ်နိုင်ပါတယ်။

နေ့လည်စာမစားရင် ဗီတာမင်နဲ့ သတ္တုဓါတ်ချို့တဲ့နိုင်ပြီး သင်ယူနိုင်မှု စွမ်းအင်လျှော့ကျတာကြောင့် ပညာရေးပိုင်းမှာ နှောင့်နှေးမှုရှိနိုင်ပါတယ်။

ဒါ့ကြောင့် ကလေးတွေကို နေ့လည်စာထည့်ပေးမယ်ဆိုရင် သစ်သီး၊ ဟင်းသီးဟင်းရွက်၊ အသား၊ အဆီနည်းတဲ့ နို့ထွက်အစားအစာတွေကို ထည့်ပေးသင့်ပါတယ်။ ဒါမှ ကျောင်းမှာ သင်တဲ့စာတွေကို အာရုံစိုက်နိုင်ပြီး တခြား Activity တွေကိုလည်း တက်ကြွစွာလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

ရုပ်ပိုင်းဆိုင်ရာ တက်ကြွမှုမရှိခြင်း

ကျန်းမာရေး နဲ့ညီညွှတ်တဲ့ နေလည်စာ မစားရတဲ့ ကလေး တွေဟာ စိတ်ပိုင်းဆိုင်ရာ တက်ကြွမှုမရှိဘဲ ကျောင်းစာတင်မက ကျောင်းမှာလုပ်ဆောင်နေတဲ့ အားကစား၊ ပန်းချီ စတဲ့တခြား လုပ်ဆောင်မှုတွေကို တက်တက်ကြွကြွ လုပ်ဆောင်နိုင်မှာမဟုတ်ပါဘူး။ အဲဒီအခါ ကိုယ်အလေးချိန်တက်လာပြီး နောက်ပိုင်းမှာ ကိုယ့်ကိုကိုယ် ယုံကြည်မှု မရှိတာမျိုး ဖြစ်လာနိုင်ပါတယ်။

ကလေးငယ်လေးများက ကျောင်းမှာဆိုရင် အစားထက် ကစားဖို့ကို ပိုမက်မောနေတတ်ကြပါတယ်။

ဒီတော့ မိမိကလေးငယ်များကို အစာပုံမှန်စားတာမျိုးကို လေ့ကျင့်ပေးကြပါလို့ တိုက်တွန်းချင်ပါတယ်နော်….။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ၊ ကျောင်းများ၊ Scholarship၊ Knowledge များနှင့် ပတ်သက်သော အချက်အလက်များကို ဝင်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

source: healthproducts

 

**Zawgyi**

 

American Academy of Pediatrics’ Healthy Children ၀ဘ္ဆိုက္မွာ ေန႔လည္ဘက္ ေက်ာင္းခိ်န္ မွာ ကေလး ေတြ စားတဲ့ ေန႔လည္စာေတြ၊ သေရစာ ေတြက စိတ္ပိုင္းဆိုင္ရာနဲ႔ ရုပ္ပိုင္းဆိုင္ရာ ဖြံ႔ၿဖိဳးတိုးတက္ဖို႔အတြက္ သိပ္ကိုအေရးႀကီးတယ္လို႔ ေျပာဆိုထားပါတယ္။

ကေလး ေတြ ေန႔လည္စာ ပံုမွန္မစားဘူး အဟာရျပည့္၀တဲ့ ေန႔လည္စာ မစားဘူးဆိုရင္ ဘာေတြ ဆိုးက်ိဳးရွိႏိုင္လဲ ၾကည့္ရေအာင္ပါ။

အားအင္ေလ်ာ့နည္းျခင္း

ေန႔လည္ ဘက္မွာ စားတဲ့ အစာအဟာရမွာ ပါ၀င္တဲ့ ကယ္လိုရီ ဟာ ေန႔လည္ခင္း စာသင္ခ်ိန္အတြက္ လိုအပ္တဲ့ စြမ္းအင္ေတြကို ထုတ္ေပးပါတယ္။

ကေလးေတြအေနနဲ႔ ပရိုတင္းဓါတ္၊ အမွ်င္ဓါတ္၊ ဗီတာမင္နဲ႔ သတၱဳဓါတ္ၾကြယ္၀စြာပါ၀င္တဲ့ ေန႔လည္စာမစားဘူးဆိုရင္ေတာ့ အားအင္ယုတ္ေလ်ာ့ေနမွာျဖစ္ၿပီး သာမန္ထက္ပိုၿပီး အစာပိုစားမိတာမ်ိဳးျဖစ္လာလို႔ ကိုယ္အေလးခ်ိန္ တက္တာမ်ိဳး ျဖစ္ေစပါတယ္။

ဒါ့အျပင္ ဆာေလာင္ေနၿပီး ေခါင္းကိုက္တာ ပင္ပန္းႏြမ္းနယ္တာမ်ိဳးျဖစ္ေစပါတယ္။ ငယ္ရြယ္ခ်ိန္မွာ အဟာရျပည့္ျပည့္၀၀ စားေပးဖို႔အေရးႀကီးပါတယ္။

ပညာေရး ဆိုင္ရာ ေႏွာင့္ေႏွးမႈရွိႏိုင္

အဟာရျပည့္၀တဲ့ ေန႔လည္စာမစားတဲ့ကေလးေတြရဲ့ ဦးေႏွာက္ စြမ္းရည္ဟာ အဟာရျပည့္၀တဲ့ေနလည္စာစားတဲ့ကေလးေတြထက္ ဦးေႏွာက္ စြမ္းေဆာင္ရည္ပိုေလွ်ာ့ၿပီး ေက်ာင္း မွာ အာရံုစိုက္ႏိုင္မႈ အားနည္းတာမ်ိဳး ေန႔လည္စာ မစားတဲ့ ကေလး ေတြ ပညာေရး ထိခိုက္ႏိုင္ ျဖစ္ႏိုင္ပါတယ္။

ေန႔လည္စာမစားရင္ ဗီတာမင္နဲ႔ သတၱဳဓါတ္ခ်ိဳ႕တဲ့ႏိုင္ၿပီး သင္ယူႏိုင္မႈ စြမ္းအင္ေလွ်ာ့က်တာေၾကာင့္ ပညာေရးပိုင္းမွာ ေႏွာင့္ေႏွးမႈရွိႏိုင္ပါတယ္။

ဒါ့ေၾကာင့္ ကေလးေတြကို ေန႔လည္စာထည့္ေပးမယ္ဆိုရင္ သစ္သီး၊ ဟင္းသီးဟင္းရြက္၊ အသား၊ အဆီနည္းတဲ့ ႏို႔ထြက္အစားအစာေတြကို ထည့္ေပးသင့္ပါတယ္။ ဒါမွ ေက်ာင္းမွာ သင္တဲ့စာေတြကို အာရံုစိုက္ႏိုင္ၿပီး တျခား Activity ေတြကိုလည္း တက္ၾကြစြာလုပ္ေဆာင္ႏိုင္မွာျဖစ္ပါတယ္။

ရုပ္ပိုင္းဆိုင္ရာ တက္ၾကြမႈမရွိျခင္း

က်န္းမာေရး နဲ႔ညီညႊတ္တဲ့ ေနလည္စာ မစားရတ့ဲ ကေလး ေတြဟာ စိတ္ပိုင္းဆိုင္ရာ တက္ၾကြမႈမရွိဘဲ ေက်ာင္းစာတင္မက ေက်ာင္းမွာလုပ္ေဆာင္ေနတဲ့ အားကစား၊ ပန္းခ်ီ စတဲ့တျခား လုပ္ေဆာင္မႈေတြကို တက္တက္ၾကြၾကြ လုပ္ေဆာင္ႏိုင္မွာမဟုတ္ပါဘူး။ အဲဒီအခါ ကိုယ္အေလးခ်ိန္တက္လာၿပီး ေနာက္ပိုင္းမွာ ကိုယ့္ကိုကိုယ္ ယံုၾကည္မႈ မရွိတာမ်ိဳး ျဖစ္လာႏိုင္ပါတယ္။

ကေလးငယ္ေလးမ်ားက ေက်ာင္းမွာဆုိရင္ အစားထက္ ကစားဖို႕ကို ပိုမက္ေမာေနတတ္ၾကပါတယ္။

ဒီေတာ့ မိမိကေလးငယ္မ်ားကို အစာပုံမွန္စားတာမ်ိဳးကို ေလ့က်င့္ေပးၾကပါလို႕ တုိက္တြန္းခ်င္ပါတယ္ေနာ္….

မိမိတို႔ တက္ေရာက္လုိသည့္ သင္တန္းေက်ာင္းမ်ားႏွင့္ ပုဂၢလိက တကၠသိုလ္မ်ားကို ရွာေဖြလိုပါက ဒီ Link မွာရွာေဖြႏိုင္ပါသည္။

ပညာေရးလမ္းညႊန္ website တြင္ ပါ၀င္ေသာ သင္တန္းမ်ား ေက်ာင္းမ်ားScholarshipKnowledge မ်ားႏွင့္ ပတ္သက္ေသာ အခ်က္အလက္မ်ားကို ၀င္ေရာက္ရွာေဖြ ဖတ္ရႈႏိုင္ပါတယ္။

source: healthproducts

Tips Read 1706 times