Sales Hotline : 09448001653       Download App



အောက်ခြေ၀န်ထမ်းများ မူလတန်းပြတိုးလိုပါက PPTT အောင်ရမည်

အောက်ခြေ၀န်ထမ်းများ မူလတန်းပြတိုးလိုပါက PPTT အောင်ရမည်

ယခင်က ပညာရေးဌာန ရုံးအကူ၊ အထွေထွေ လုပ်သား၊ ကျောင်းစောင့်၊ ရုံးစာရေး စသည့် ဘွဲ့ရအောက်ခြေဝန်ထမ်းများအနေနှင့် တာဝန်ထမ်းဆောင်ပြီး ၂ နှစ်ပြည့်လျှင် မူလတန်းပြရာထူးတိုး လျှောက်ထားခွင့်ပြုခဲ့သော်လည်း ယခုနှစ်မှစ၍ ရာထူးတိုးလိုပါက PPTT လေးလ သင်တန်း တက်ရောက်အောင်မြင်ရမည်ဖြစ်သည်။

အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲလင်းမြင့်က "နိုင်ငံတကာကလည်း ဆရာဖြစ်လက်မှတ်ရှိမှ ဆရာခန့်ထားတာဆိုတော့ အဲဒီအတိုင်း လုပ်ချင်တာကြောင့် ကျွန်တော်တို့က သူတို့ ကိုလည်း ဒီလို(မူလတန်းပြ) ရချင်ရင် PPTT ဝင်ခွင့်ရအောင် ကြိုးစားပြီးဖြေဖို့ပေါ့”ဟု ပြောကြားသည်။

အခြေခံပညာဦးစီးဌာနအနေနှင့် နေ့စားလပေး သင်ကြားရေးဆရာ၊ ဆရာမများကို တစ်လသင်တန်းပေး၍ ဆရာဖြစ်လက်မှတ် ထုတ်ပေးပြီးဖြစ်ကြောင်း ဦးရဲလင်းမြင့်ကဆိုသည်။

ဆိပ်ကြီးခနောင်တို အထက်တန်းကျောင်းတွင် ပညာရေးဝန်ကြီးနှင့် တွေ့ဆုံခွင့်ရခဲ့သည့် ဆရာမတစ်ဦးက "ဒီနေ့ တံမြက်စည်း ကိုင်တယ်။ မနက်ဖြန် အထွေထွေ လုပ်သားရာထူးဖြင့် တာဝန်ထမ်းဆောင်နေသော်လည်း ဆရာလိုအပ်ချက်ကြောင့် စာသင်ပေးနေရသည့် အသက် ၂၉ နှစ်အရွယ် ဆရာတစ်ဦးက "လက်ရှိမှာ ကျွန်တော် ကလေးတွေကို ထူးချွန်အောင် သင်ပေးတယ်။ ဝန်ထမ်းတော့ ဖြစ်ချင်တာပေါ့။ ကျွန်တော်တို့မှာ မျှော်လင့်ချက် မရှိတော့တဲ့အတွက် စာသင်ဖို့အင်အား လုံးဝ မရှိတော့ဘူး။ အလုပ်ထွက်ဖို့တောင် အစီအစဉ်ရှိတယ်။ ဝန်ထမ်းတော့ ဖြစ်ချင်တာပေါ့။ ဘာပဲဖြစ်ဖြစ် ဒီယူနီဖောင်းလေး ဝတ်ထားရာတာကို မြတ်နိုးတယ်”ဟု ၎င်းကဆိုသည်။

PPTT လေးလသင်တန်းဝင်ခွင့်ကို နိုင်ငံပိုင် သတင်းစာများမှတစ်ဆင့် လျှောက်လွှာခေါ်လေ့ရှိပြီး ယင်းသို့ခေါ်ယူချိန်တွင် အမြဲတမ်း | ဝန်ထမ်းဖြစ်ပါက အသက် ၃၅ နှစ်ထက် မကြီးသူ၊ ဝန်ထမ်း မဟုတ်ပါက အသက် ၃၀ နှစ်ထက် မကြီးသောဘွဲ့ရများလျှောက်ထားနိုင်မည်ဖြစ်ကာ ဝင်ခွင့်ရေးဖြေစာမေးပွဲ ဖြေဆိုရလေ့ရှိကြောင်း ပညာရေးဝန်ထမ်း အသိုင်းအဝိုင်းထံမှ သိရှိရသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

source: thevoice

News Read 5533 times