Sales Hotline : 09448001653       Download App



မူကြိုကျောင်းအပ်ဖို့ဆိုရင် ဒီလိုအချက်တွေကို စုံစမ်းပါ

မူကြိုကျောင်းအပ်ဖို့ဆိုရင် ဒီလိုအချက်တွေကို စုံစမ်းပါ

**Unicode**

မူကြိုကျောင်းကို မှန်ကန်စွာ ရွေးချယ်အပ်နိုင်ဖို့ သိထားသင့်တာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်....။

ကျောင်းအပ်ဖို့စတင်စုံစမ်းတဲ့နေရာမှာ ကိုယ့်ကလေးအတွက် ဘယ်လိုကျောင်းမျိုးထားချင်သလဲဆိုတာကို ရွေးချယ်ဆုံးဖြတ်ပြီးပြီဆိုရင်တော့ ပထမဆုံးအနေနဲ့ ကျောင်းကို စုံစမ်းရတော့မှာ ဖြစ်ပါတယ်။

မိဘအများစုကတော့ ကိုယ်နဲ့နီးစပ်ရာကျောင်းတွေ၊ ကိုယ့်မိတ်ဆွေသူငယ်ချင်းရဲ့ သားသမီးတွေ တက်ခဲ့တဲ့ကျောင်းများကိုသာ စုံစမ်းပြီး အဆင်ပြေတဲ့ ကျောင်းမျိုးသာ ရွေးချယ်လိုက်တာ များပါတယ်။

ယနေ့ခေတ်မှာဆိုရင်တော့ အဆင်ပြေသလိုမထားဘဲနဲ့ ရွေးချယ်ဖို့အခွင့်လမ်းတွေ များစွာ ရှိလာပါတယ်။

မူကြိုကျောင်းတွေကို ဘယ်လိုရှာမလဲ

မူကြိုကျောင်းတွေရဲ့ information ကို သိချင်ရင်တော့  ဒီနေရာကို နှိပ်ပါ။

ကျောင်းတွေရဲ့ လိပ်စာ နဲ့ ဖုန်းနံပါတ်တွေ ပါဝင်တဲ့အတွက် မိမိမေးချင်သမျှ သိလိုသမျှတွေကို ကိုယ်တိုင်ဆက်သွယ် မေးမြန်းနိုင်ပါတယ်နော်....။

နောက်တစ်ဆင့်ကတော့ ဖုန်းဆက်ပြီးရင်တော့ ကျောင်းသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်စုံစမ်းသင့်ပါတယ်။

မေးမြန်းသင့်တဲ့အချက်တွေကတော့ ....

မေးရမှာက ကျောင်းမှာသုံးတဲ့ ဘာသာစကားတွေ၊ နောက်ပြီး သင်ကြားတဲ့ ဆရာများအကြောင်း မေးရမယ်၊ ကျောင်းရဲ့ အကျယ်အဝန်း၊ ကလေးကစားစရာ ပစ္စည်းစုံစုံလင်လင် ရှိမရှိ စတာတွေ။  

နောက်ပြီး ကျောင်းလခရဲ့ payment ပုံစံ၊ ခွဲပေးလို့ရလား၊ မြန်မာငွေနဲ့ ပေးရတာလား၊ ဒေါ်လာနဲ့ပေးရတာလား အဲ့ဒါတွေကို မေးရမှာပဲ ဖြစ်ပါတယ်။

ကျောင်းက ဆရာ/မတွေကိုလည်း မေးမြန်းသင့်ပါတယ်နော်...

ဘာတွေစုံစမ်းရမှာလဲဆိုရင် ကလေးများရဲ့ ဝါသနာနဲ့လိုက်ပြီးတော့ ကျောင်းက ဘယ်လိုစီစဉ်ထားလဲ၊ ကျန်းမာရေးဆိုင်ရာနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုစီစဉ်ထားလဲ၊ ပညာရေးပိုင်းမှာ ကလေးတစ်ယောက်ချင်းဆီအလိုက် ဘယ်လို Record တွေ လုပ်ပေးလဲ မေးရမှာ ဖြစ်ပါတယ်။

နောက်ပြီးတော့ အဲ့ကျောင်းမှာတက်နေတဲ့ ကလေးမိဘတွေ နဲ့ကလေးတွေကို မေးမြန်းစုံစမ်းရမှာဖြစ်ပါတယ်။

ဘာတွေမေးရမလဲဆိုရင် စာတွေကို ကျောင်းမှာပဲ အပြီးလုပ်ပေးတာလား ဒါမှမဟုတ် အိမ်စာပေးလိုက်သေးလား

ကျောင်းမှာ ဆရာမကနေပြီး အပြီးသင်ပေးလိုက်တာလား...၊ အိမ်မှာ ဆရာမ ခေါ်သင်ရသေးလား။

ကလေးတွေရဲ့ ကျောင်းမတက်မှီနဲ့ကျောင်းတက်ပြီး အပြောအဆို၊ အပြုအမူ ဘယ်လိုကွာခြားသွားလဲ မေးရမှာဖြစ်ပါတယ်။

ကလေးကိုတော့ ကျောင်းမှာဘာတွေသင်လဲ။ ကျောင်းတက်ရတာပျော်ရဲ့လား။ ကျောင်းမှာ သူငယ်ချင်းတွေကောရရဲ့ လား အစရှိတာတွေ မေးမြန်းရမှာဖြစ်ပါတယ်။

မိဘတွေအနေနဲ့ကလည်း ကိုယ့်သားသမီးအခြေအနေ သိရဖို့ ဆရာများနဲ့လည်း အမြဲဆက်သွယ် မေးမြန်းမှုတွေ ပြုလုပ်ဖို့ လိုအပ်ပါတယ်နော်....။

ဒီတော့ ပညာရေးနဲ့ပတ်သက်ပြီး သိလိုသမျှကို ရှာဖွေမယ်ဆိုရင်တော့ www.edge.com.mm ကိုသာ သတိရလိုက်ပါ...။

ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးအခြေအနေများ၊ အခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။

 

 

**Zawgyi**

မူႀကိဳေက်ာင္းကို မွန္ကန္စြာ ေရြးခ်ယ္အပ္ႏုိင္ဖို႕ သိထားသင့္တာေလးေတြကို ေဖာ္ျပေပးလုိက္ပါတယ္ေနာ္....။

ေက်ာင္းအပ္ဖုိ႕စတင္စုံစမ္းတဲ့ေနရာမွာ ကိုယ့္ကေလးအတြက္ ဘယ္လုိေက်ာင္းမ်ိဳးထားခ်င္သလဲဆုိတာကို ေရြးခ်ယ္ဆုံးျဖတ္ၿပီးၿပီဆုိရင္ေတာ့ ပထမဆုံးအေနနဲ႕ ေက်ာင္းကို စုံစမ္းရေတာ့မွာ ျဖစ္ပါတယ္။

မိဘအမ်ားစုကေတာ့ ကုိယ္နဲ႕နီးစပ္ရာေက်ာင္းေတြ၊ ကိုယ့္မိတ္ေဆြသူငယ္ခ်င္းရဲ႕ သားသမီးေတြ တက္ခဲ့တဲ့ေက်ာင္းမ်ားကိုသာ စုံစမ္းၿပီး အဆင္ေျပတဲ့ ေက်ာင္းမ်ိဳးသာ ေရြးခ်ယ္လုိက္တာ မ်ားပါတယ္။

ယေန႕ေခတ္မွာဆုိရင္ေတာ့ အဆင္ေျပသလုိမထားဘဲနဲ႕ ေရြးခ်ယ္ဖို႕အခြင့္လမ္းေတြ မ်ားစြာ ရွိလာပါတယ္။

မူႀကိဳေက်ာင္းေတြကို ဘယ္လိုရွာမလဲ

မူႀကိဳေက်ာင္းေတြရဲ႕ information ကို သိခ်င္ရင္ေတာ့  ဒီေနရာကို ႏွိပ္ပါ။

ေက်ာင္းေတြရဲ႕ လိပ္စာ နဲ႔ ဖုန္းနံပါတ္ေတြ ပါ၀င္တဲ့အတြက္ မိမိေမးခ်င္သမွ် သိလုိသမွ်ေတြကို ကိုယ္တုိင္ဆက္သြယ္ ေမးျမန္းႏိုင္ပါတယ္ေနာ္....။

ေနာက္တစ္ဆင့္ကေတာ့ ဖုန္းဆက္ၿပီးရင္ေတာ့ ေက်ာင္းသို႔ ကိုယ္တုိင္ကိုယ္က် သြားေရာက္စံုစမ္းသင့္ပါတယ္။

ေမးျမန္းသင့္တဲ့အခ်က္ေတြကေတာ့ ....

ေမးရမွာက ေက်ာင္းမွာသုံးတဲ့ ဘာသာစကားေတြ၊ ေနာက္ၿပီး သင္ၾကားတဲ့ ဆရာမ်ားအေၾကာင္း ေမးရမယ္၊ ေက်ာင္းရဲ႕ အက်ယ္အ၀န္း၊ ကေလးကစားစရာ ပစၥည္းစုံစုံလင္လင္ ရွိမရွိ စတာေတြ။  

ေနာက္ၿပီး ေက်ာင္းလခရဲ႕ payment ပုံစံ၊ ခြဲေပးလို႕ရလား၊ ျမန္မာေငြနဲ႕ ေပးရတာလား၊ ေဒၚလာနဲ႕ေပးရတာလား အဲ့ဒါေတြကို ေမးရမွာပဲ ျဖစ္ပါတယ္။

ေက်ာင္းက ဆရာ/မေတြကိုလည္း ေမးျမန္းသင့္ပါတယ္ေနာ္...

ဘာေတြစုံစမ္းရမွာလဲဆုိရင္ ကေလးမ်ားရဲ႕ ၀ါသနာနဲ႕လုိက္ၿပီးေတာ့ ေက်ာင္းက ဘယ္လုိစီစဥ္ထားလဲ၊ က်န္းမာေရးဆုိင္ရာနဲ႕ ပတ္သက္ၿပီးေတာ့ ဘယ္လုိစီစဥ္ထားလဲ၊ ပညာေရးပိုင္းမွာ ကေလးတစ္ေယာက္ခ်င္းဆီအလိုက္ ဘယ္လို Record ေတြ လုပ္ေပးလဲ ေမးရမွာ ျဖစ္ပါတယ္။

ေနာက္ၿပီးေတာ့ အဲ့ေက်ာင္းမွာတက္ေနတဲ့ ကေလးမိဘေတြ နဲ႔ကေလးေတြကို ေမးျမန္းစုံစမ္းရမွာျဖစ္ပါတယ္။

ဘာေတြေမးရမလဲဆိုရင္ စာေတြကို ေက်ာင္းမွာပဲ အၿပီးလုပ္ေပးတာလား ဒါမွမဟုတ္ အိမ္စာေပးလိုက္ေသးလား

ေက်ာင္းမွာ ဆရာမကေနၿပီး အၿပီးသင္ေပးလိုက္တာလား...၊ အိမ္မွာ ဆရာမ ေခၚသင္ရေသးလား။

ကေလးေတြရဲ႕ ေက်ာင္းမတက္မွီနဲ႔ေက်ာင္းတက္ၿပီး အေျပာအဆို၊ အျပဳအမူ ဘယ္လုိကြာျခားသြားလဲ ေမးရမွာျဖစ္ပါတယ္။

ကေလးကိုေတာ့ ေက်ာင္းမွာဘာေတြသင္လဲ။ ေက်ာင္းတက္ရတာေပ်ာ္ရဲ့လား။ ေက်ာင္းမွာ သူငယ္ခ်င္းေတြေကာရရဲ့ လား အစရွိတာေတြ ေမးျမန္းရမွာျဖစ္ပါတယ္။

မိဘေတြအေနနဲ႔ကလည္း ကိုယ့္သားသမီးအေျခအေန သိရဖို႔ ဆရာမ်ားနဲ႔လည္း အၿမဲဆက္သြယ္ ေမးျမန္းမႈေတြ ျပဳလုပ္ဖို႔ လိုအပ္ပါတယ္ေနာ္....။

ဒီေတာ့ ပညာေရးနဲ႔ပတ္သက္ၿပီး သိလုိသမွ်ကို ရွာေဖြမယ္ဆုိရင္ေတာ့ www.edge.com.mm ကိုသာ သတိရလိုက္ပါ...။

ပညာေရးလမ္းညႊန္website တြင္ျမန္မာတစ္ႏုိင္ငံလံုးတြင္ ေျပာင္းလဲေနေသာ ပညာေရးအေျခအေနမ်ားအခမဲ့ ပညာေရးသင္ၾကားေပးေနသည့္ သင္တန္းေက်ာင္းမ်ား၊ ျပည္တြင္း၊ ျပည္ပပညာသင္ဆုမ်ား၊ ပညာေရးအတြက္ သင္တန္းမ်ား၊ အလုပ္ခြင္၀င္ရန္ လိုအပ္ေသာ သင္တန္းမ်ား စသည္တို႔ပါ၀င္ပါတယ္ေနာ္...။

Tips Read 1730 times