" စာတော်ခဲ့ဘူးတဲ့ ကျွန်တော်"

" စာတော်ခဲ့ဘူးတဲ့ ကျွန်တော်"

**Unicode**


ကျွန်တော်ငယ်ငယ်က စာတော်တယ်လို့ပြောလို့ရပါသည်။
သူငယ်တန်းမှနဝမတန်းအထိ1 to 3အဆင့်အမြဲဝင်ခဲ့ပါတယ်။
ကျွန်တော်ကကျောင်းစာတွေကိုအမြဲ
ကြိုးစားကျက်မှတ်နေခဲ့သူပါ။

ဒီတော့ အဲ့ဒီကာလက စာမေးပွဲတွေမှာ


အလွတ်ကျက်နိုင်တဲ့ကျွန်တော်ကအတန်းတိုင်းမှာအဆင့်ကောင်းခဲ့ပါတယ်။

စာတော်တဲ့အထဲပါတော့
အတန်းထဲမှာကျွန်တော်မျက်နှာရခဲ့ပါတယ်။ဆရာ/မတွေရဲ့မျက်နှာရသလိုအချစ်တော်လည်းဖြစ်ခဲ့ရပါတယ်။

ဆရာ/မနားနေခန်းမှာ
စာတွေသွားသွားမေးပြီး အချိန်ရှိသရွေ့စာလုပ်နေတဲ့ကျွန်တော့်မှာအပေါင်းအသင်းနည်းပါးခဲ့တယ်။

အရင်ကတော့ ကျွန်တော့်စိတ်ထဲမှာ
အဆင့်၁/၂/၃ရရင်စာတော်မယ်ဆိုရင်
အသက်ကြီးလာရင် ပညာတတ်ကြီးတွေဖြစ်လာလိမ့်မယ်
ငွေတွေချမ်းသာကြလိမ့်မယ်
ဘဝမှာအမြဲအောင်မြင်ကြမယ်လို့
ထင်ခဲ့မိတယ်...

ဆရာဆရာမတွေကလည်းစာတော်သူသည်သာ စံပြ၊
စာတော်သူသည်သာ ဆရာဝန် /အင်ဂျင်နီယာတွေဖြစ်ကြလိမ့်မယ်
စာတော်တဲ့သူတွေသည်သာ ချမ်းချမ်းသာသာနေရလိမ့်မယ်
ဆိုပြီးအမြဲပြောခဲ့ကြတယ်...
အဲ့ဒီတော့ကျွန်တော်စိတ်မှာကိုယ်ကိုကိုယ်အောင်မြင်မယ်ထူးချွန်မယ်ကြီးပွားချမ်းသာမယ်လို့အမြဲအထင်ရောက်နေခဲ့တယ်။စွဲစွဲမြဲမြဲယုံကြည်နေမိခဲ့ပါတယ်။

အဲ့ဒီလိုဘဲ
အမှတ်မကောင်း
အဆင့်မကောင်းသူတွေဟာလည်း
ငါတို့ကြီးလာရင် လူရာဝင်မှာမဟုတ်ဘူးဆိုပြီးတော့လည်းသူတို့စိတ်မှာ
အတွေးရှိခဲ့ကြဘူးတယ်....

အဆင့်ကောင်းတဲ့ကျွန်တော်ဟာ
ဆရာ/မတွေရဲ့မျက်နှာသာပေးခြင်းကို
ခံခဲ့ရပါတယ်။ပြောရရင်လူရာဝင်ခဲ့တယ်ပေါ့။စာတော်တဲ့သူဆိုပေမဲ့လည်းမည်သည့်သူငယ်ချင်းများအပေါ်မှာမှနှိမ့်ချဆက်ဆံခြင်းမျိုးမပြုလုပ်ခဲ့ပါ။ခွဲခြားဆက်ဆံခြင်းလည်းမလုပ်ခဲ့ပါ။
ဒီလိုနဲ့တစ်ခန်းထဲတက်၊တစ်ခုံထဲထိုင်ခဲ့ကြတဲ့သူငယ်ချင်းတွေဟာဘဝခရီးလမ်းကိုယ်စီမှာကိုယ်လမ်းကိုဆက်လျောက်ကုန်ကြဘီပေါ့လေ။

အာစရိယပူဇော်ပွဲလိုအချိန်အခါသမယမျိုးမှာငယ်ပေါင်းသူငယ်ချင်းတွေနဲ့ပြန်ဆုံကြတော့မမှတ်မိနိုင်လောက်အောင်ပြောင်းလဲကုန်ကြဘီလေ။

ခုချိန်မှာသတိထားမိတာတခုက

ငယ်ငယ်ကအဆင့်၁ဆိုတဲ့သူတိုင်းလည်း
မချမ်းသာကြသလို...

အမှတ်ကောင်းခဲ့တဲ့သူတိုင်းလည်း
ဆရာဝန်မဖြစ်ခဲ့ကြပါဘူး

ဆရာမတွေရဲ့မျက်နှာသာပေးတာခံခဲ့ရတဲ့
သူတချို့လည်း
လောကဓံရဲ့မျက်နှာသာပေးခြင်းကိုမခံရဘဲ အဆင်မပြေဖြစ်နေကြတဲ့သူတွေလည်းတွေ့နေရတယ်။(ဥပမာ-မူလတန်းပြကျောင်းဆရာလေးကျွန်တော်)

၉တန်းတောင်မအောင်တဲ့သူတွေက
သိန်းကိုသောင်းနဲ့ချီချမ်းသာနေကြပြီး...

နှစ်စဉ်ပထမရခဲ့တဲ့သူတချို့ကတော့
ရာထူးတစ်ခု ခုံတစ်လုံး
ဘောပင်တစ်ချောင်းနဲ့
အသက်တွေကြီးသွားတာမျိုးကိုဘဲတွေ့မြင်နေရတယ်(ဥပမာ-ကျွန်တော်ပေါ့)။

ဆယ်တန်းကိုရိုးရိုးသာအောင်ခဲ့တဲ့သူတွေက
ကားထည်လဲစီးနေကြပြီး
ဂုဏ်ထူးတွေနဲ့အောင်တဲ့သူတွေက
စက်ဘီး/ဆိုင်ကယ်လေးပဲစီးနေရတုန်းပဲ...

စာတော်ခဲ့ပြီး ခုလည်းအဆင်ပြေနေကြသူတွေရှိသလို
စာညံ့တဲ့သူတွေ ခုလည်းဆင်းရဲနေတုန်းပဲဆိုတာလည်း
ကျွန်တော်တွေ့နေရတယ်

ဆိုတော့...

ကျွန်တော်တို့ငယ်ငယ်က စာမရလို့စိတ်ဓာတ်ကျပြီး
ငိုခဲ့သူတစ်ချို့ကိုအခုအချိန်မှာစကားတောင်ရဲရဲမပြောရဲတော့ဘူး။
ကြီးပွားချမ်းသာအောင်မြင်နေကြဘီ။ရာထူးကြီးနေကြဘီလေ။

အဲ့ဒီအချိန်မှာအဆင့်၁/၂/၃ရခဲ့ဘူးတဲ့ကျွန်တော်ကတော့ယခုအချိန်မှာဆိုရင်
တောကျောင်းလေးကမူလတန်းပြဆရာလေးဘဝမှာငယ်ဆရာတွေရဲ့ဂုဏ်ကျေးဇူးကိုအောင့်မေ့သတိရရင်တပည့်မရှားတပြားမရှိ၊ပီတိကိုစားအားရှိသောဘဝမှာဖြတ်သန်းနေရဘီပေါ့။

ကျွန်တော်တို့ဘဝရဲ့အဆုံးအဖြတ်ဟာ
Report card ပေါ်ကအဆင့်သာလျှင်ဖြစ်တယ်
လို့ကျွန်တော်ထင်နေခဲ့တာတွေ...
အားလုံးဟာ ဟာသတွေဖြစ်ကုန်တယ်

"စာမရရင် ခွက်ဆွဲပြီးတောင်းစား" တို့
"ပညာမတတ်ရင် သူတောင်းစားဖြစ်မယ်"တို့
အမြဲကြားနေကြစကားလုံးတွေဟာ
ခုတော့ ပြုံးစရာတွေဖြစ်ကုန်တယ်
အထူးသဖြင့် ဘွဲ့ရအိမ်ဖော်တွေကိုမြင်တဲ့အခါတိုင်းပေါ့...

ကံကြမ္မာရဲ့အဆုံးအဖြတ်ဟာ
အဆင့်သက်မှတ်ချက်တွေထက်
ပိုအရေးကြီးတယ်ဆိုတာသိလာတဲ့အခါ..

ဘဝပေးအခြေအနေနဲ့
မိဘရဲ့ထောက်ပံ့ပေးနိုင်မှုတွေဟာ
အတန်းထဲမှာ ပထမရတာထက်
ပိုအရေးကြီးတယ်ဆိုတာ...

ပညာရေးမှာမထူးချွန်ပေမယ့်
လူတိုင်းဟာ တခြားတစ်ခုခုမှာ
ထူးချွန်နိုင်တယ်ဆိုတာ...

ဘဝမှာ ကိုယ်ယုံကြည်ရာကိုသာ
သေချာကြိုးစားရင်
အဆင့်၁မရလည်းကိစ္စမရှိဘူးဆိုတာ
သိလာတဲ့အချိန်မှာ...

ကျွန်တော့်သားသမီးတွေကို
အတန်းထဲမှာ ပထမရဖို့
အသည်းအသန်ကြိုးစားပြီး
အပူလောင်နေတဲ့မိဘတွေထဲ
ကျွန်တော် မပါချင်တော့ဘူး...

ကျွန်တော့်တပည့်သားသမီးတွေကို
စကားတခွန်းပဲအမြဲပြောဖြစ်တယ်ဆုံးမဖြစ်တယ်။

"အဆင့် ၁ရဖို့ထက်
လူကောင်းဖြစ်အောင် ကြိုးစားပါ
အဆင့်၁ ရဖို့ထက်
လူရာဝင်အောင် လူဝင်ဆံ့အောင်ပိုကြိုးစားပါ
အတန်းထဲမှာ မျက်နှာရဖို့ထက်
ပြင်ပလောကမှာ အောင်မြင်စွာရပ်တည်ဖို့
အမြဲကြိုးစားပါ"

Reference : Min Yel Kyaw Swar
၏postစာစုကိုကျွန်တော်ခံစားရသမျှဖြင့်ပြန်လည်ပြင်ဆင်ဖွဲ့သီပါသည်။

Credit:W.Y.M.H
ပညာရေးနှင့်အထွေထွေဗဟုသုတ

 

**Zawgyi**

ကြၽန္ေတာ္ငယ္ငယ္က စာေတာ္တယ္လို႔ေျပာလို႔ရပါသည္။
သူငယ္တန္းမွနဝမတန္းအထိ1 to 3အဆင့္အၿမဲဝင္ခဲ့ပါတယ္။
ကြၽန္ေတာ္ကေက်ာင္းစာေတြကိုအၿမဲ
ႀကိဳးစားက်က္မွတ္ေနခဲ့သူပါ။

ဒီေတာ့ အဲ့ဒီကာလက စာေမးပြဲေတြမွာ


အလြတ္က်က္နိုင္တဲ့ကြၽန္ေတာ္ကအတန္းတိုင္းမွာအဆင့္ေကာင္းခဲ့ပါတယ္။

စာေတာ္တဲ့အထဲပါေတာ့
အတန္းထဲမွာကြၽန္ေတာ္မ်က္ႏွာရခဲ့ပါတယ္။ဆရာ/မေတြရဲ႕မ်က္နွာရသလိုအခ်စ္ေတာ္လည္းျဖစ္ခဲ့ရပါတယ္။

ဆရာ/မနားေနခန္းမွာ
စာေတြသြားသြားေမးၿပီး အခ်ိန္ရွိသေရြ႕စာလုပ္ေနတဲ့ကြၽန္ေတာ့္မွာအေပါင္းအသင္းနည္းပါးခဲ့တယ္။

အရင္ကေတာ့ ကြၽန္ေတာ့္စိတ္ထဲမွာ
အဆင့္၁/၂/၃ရရင္စာေတာ္မယ္ဆိုရင္
အသက္ႀကီးလာရင္ ပညာတတ္ျကီးေတြျဖစ္လာလိမ့္မယ္
ေငြေတြခ်မ္းသာၾကလိမ့္မယ္
ဘဝမွာအၿမဲေအာင္ျမင္ၾကမယ္လို႔
ထင္ခဲ့မိတယ္...

ဆရာဆရာမေတြကလည္းစာေတာ္သူသည္သာ စံျပ၊
စာေတာ္သူသည္သာ ဆရာဝန္ /အင္ဂ်င္နီယာေတြျဖစ္ၾကလိမ့္မယ္
စာေတာ္တဲ့သူေတြသည္သာ ခ်မ္းခ်မ္းသာသာေနရလိမ့္မယ္
ဆိုၿပီးအၿမဲေျပာခဲ့ၾကတယ္...
အဲ့ဒီေတာ့ကြၽန္ေတာ္စိတ္မွာကိုယ္ကိုကိုယ္ေအာင္ျမင္မယ္ထူးခြၽန္မယ္ႀကီးပြားခ်မ္းသာမယ္လို႔အၿမဲအထင္ေရာက္ေနခဲ့တယ္။စြဲစြဲၿမဲၿမဲယုံၾကည္ေနမိခဲ့ပါတယ္။

အဲ့ဒီလိုဘဲ
အမွတ္မေကာင္း
အဆင့္မေကာင္းသူေတြဟာလည္း
ငါတို႔ႀကီးလာရင္ လူရာဝင္မွာမဟုတ္ဘူးဆိုၿပီးေတာ့လည္းသူတို႔စိတ္မွာ
အေတြးရွိခဲ့ၾကဘူးတယ္....

အဆင့္ေကာင္းတဲ့ကြၽန္ေတာ္ဟာ
ဆရာ/မေတြရဲ႕မ်က္ႏွာသာေပးျခင္းကို
ခံခဲ့ရပါတယ္။ေျပာရရင္လူရာဝင္ခဲ့တယ္ေပါ့။စာေတာ္တဲ့သူဆိုေပမဲ့လည္းမည္သည့္သူငယ္ခ်င္းမ်ားအေပၚမွာမွနွိမ့္ခ်ဆက္ဆံျခင္းမ်ိဳးမျပဳလုပ္ခဲ့ပါ။ခြဲျခားဆက္ဆံျခင္းလည္းမလုပ္ခဲ့ပါ။
ဒီလိုနဲ႔တစ္ခန္းထဲတက္၊တစ္ခုံထဲထိုင္ခဲ့ၾကတဲ့သူငယ္ခ်င္းေတြဟာဘဝခရီးလမ္းကိုယ္စီမွာကိုယ္လမ္းကိုဆက္ေလ်ာက္ကုန္ၾကဘီေပါ့ေလ။

အာစရိယပူေဇာ္ပြဲလိုအခ်ိန္အခါသမယမ်ိဳးမွာငယ္ေပါင္းသူငယ္ခ်င္းေတြနဲ႔ျပန္ဆုံၾကေတာ့မမွတ္မိနိုင္ေလာက္ေအာင္ေျပာင္းလဲကုန္ၾကဘီေလ။

ခုခ်ိန္မွာသတိထားမိတာတခုက

ငယ္ငယ္ကအဆင့္၁ဆိုတဲ့သူတိုင္းလည္း
မခ်မ္းသာၾကသလို...

အမွတ္ေကာင္းခဲ့တဲ့သူတိုင္းလည္း
ဆရာဝန္မျဖစ္ခဲ့ၾကပါဘူး

ဆရာမေတြရဲ႕မ်က္ႏွာသာေပးတာခံခဲ့ရတဲ့
သူတခ်ိဳ႕လည္း
ေလာကဓံရဲ႕မ်က္ႏွာသာေပးျခင္းကိုမခံရဘဲ အဆင္မေျပျဖစ္ေနၾကတဲ့သူေတြလည္းေတြ႕ေနရတယ္။(ဥပမာ-မူလတန္းျပေက်ာင္းဆရာေလးကြၽန္ေတာ္)

၉တန္းေတာင္မေအာင္တဲ့သူေတြက
သိန္းကိုေသာင္းနဲ႔ခ်ီခ်မ္းသာေနၾကၿပီး...

ႏွစ္စဥ္ပထမရခဲ့တဲ့သူတခ်ိဳ႕ကေတာ့
ရာထူးတစ္ခု ခံုတစ္လံုး
ေဘာပင္တစ္ေခ်ာင္းနဲ႔
အသက္ေတြႀကီးသြားတာမ်ိဳးကိုဘဲေတြ႕ျမင္ေနရတယ္(ဥပမာ-ကြၽန္ေတာ္ေပါ့)။

ဆယ္တန္းကိုရိုးရိုးသာေအာင္ခဲ့တဲ့သူေတြက
ကားထည္လဲစီးေနၾကၿပီး
ဂုဏ္ထူးေတြနဲ႔ေအာင္တဲ့သူေတြက
စက္ဘီး/ဆိုင္ကယ္ေလးပဲစီးေနရတုန္းပဲ...

စာေတာ္ခဲ့ၿပီး ခုလည္းအဆင္ေျပေနၾကသူေတြရွိသလို
စာညံ့တဲ့သူေတြ ခုလည္းဆင္းရဲေနတုန္းပဲဆိုတာလည္း
ကြၽန္ေတာ္ေတြ႕ေနရတယ္

ဆိုေတာ့...

ကြၽန္ေတာ္တို႔ငယ္ငယ္က စာမရလို႔စိတ္ဓာတ္က်ၿပီး
ငိုခဲ့သူတစ္ခ်ိဳ႕ကိုအခုအခ်ိန္မွာစကားေတာင္ရဲရဲမေျပာရဲေတာ့ဘူး။
ႀကီးပြားခ်မ္းသာေအာင္ျမင္ေနၾကဘီ။ရာထူးႀကီးေနၾကဘီေလ။

အဲ့ဒီအခ်ိန္မွာအဆင့္၁/၂/၃ရခဲ့ဘူးတဲ့ကြၽန္ေတာ္ကေတာ့ယခုအခ်ိန္မွာဆိုရင္
ေတာေက်ာင္းေလးကမူလတန္းျပဆရာေလးဘဝမွာငယ္ဆရာေတြရဲ႕ဂုဏ္ေက်းဇူးကိုေအာင့္ေမ့သတိရရင္တပည့္မရွားတျပားမရွိ၊ပီတိကိုစားအားရွိေသာဘဝမွာျဖတ္သန္းေနရဘီေပါ့။

ကြၽန္ေတာ္တို႔ဘဝရဲ႕အဆံုးအျဖတ္ဟာ
Report card ေပၚကအဆင့္သာလၽွင္ျဖစ္တယ္
လို႔ကြၽန္ေတာ္ထင္ေနခဲ့တာေတြ...
အားလံုးဟာ ဟာသေတြျဖစ္ကုန္တယ္

"စာမရ႐င္ ခြက္ဆြဲၿပီးေတာင္းစား" တို႔
"ပညာမတတ္ရင္ သူေတာင္းစားျဖစ္မယ္"တို႔
အျမဲၾကားေနၾကစကားလံုးေတြဟာ
ခုေတာ့ ျပံဳးစရာေတြျဖစ္ကုန္တယ္
အထူးသျဖင့္ ဘြဲ႕ရအိမ္ေဖာ္ေတြကိုျမင္တဲ့အခါတိုင္းေပါ့...

ကံၾကမၼာရဲ႕အဆံုးအျဖတ္ဟာ
အဆင့္သက္မွတ္ခ်က္ေတြထက္
ပိုအေရးႀကီးတယ္ဆိုတာသိလာတဲ့အခါ..

ဘဝေပးအေျခအေနနဲ႔
မိဘရဲ႕ေထာက္ပံ့ေပးႏိုင္မႈေတြဟာ
အတန္းထဲမွာ ပထမရတာထက္
ပိုအေရးႀကီးတယ္ဆိုတာ...

ပညာေရးမွာမထူးခၽြန္ေပမယ့္
လူတိုင္းဟာ တျခားတစ္ခုခုမွာ
ထူးခၽြန္ႏိုင္တယ္ဆိုတာ...

ဘဝမွာ ကိုယ္ယံုၾကည္ရာကိုသာ
ေသခ်ာႀကိဳးစားရင္
အဆင့္၁မရလည္းကိစၥမရွိဘူးဆိုတာ
သိလာတဲ့အခ်ိန္မွာ...

ကြၽန္ေတာ့္သားသမီးေတြကို
အတန္းထဲမွာ ပထမရဖို႔
အသည္းအသန္ႀကိဳးစားၿပီး
အပူေလာင္ေနတဲ့မိဘေတြထဲ
ကြၽန္ေတာ္ မပါခ်င္ေတာ့ဘူး...

ကြၽန္ေတာ့္တပည့္သားသမီးေတြကို
စကားတခြန္းပဲအျမဲေျပာျဖစ္တယ္ဆုံးမျဖစ္တယ္။

"အဆင့္ ၁ရဖို႔ထက္
လူေကာင္းျဖစ္ေအာင္ ႀကိဳးစားပါ
အဆင့္၁ ရဖို႔ထက္
လူရာဝင္ေအာင္ လူဝင္ဆံ့ေအာင္ပိုႀကိဳးစားပါ
အတန္းထဲမွာ မ်က္ႏွာရဖို႔ထက္
ျပင္ပေလာကမွာ ေအာင္ျမင္စြာရပ္တည္ဖို႔
အျမဲႀကိဳးစားပါ"

Reference : Min Yel Kyaw Swar
၏postစာစုကိုကြၽန္ေတာ္ခံစားရသမ်ွျဖင့္ျပန္လည္ျပင္ဆင္ဖြဲ႕သီပါသည္။

Credit:W.Y.M.H
ပညာ
ေရးႏွင့္အေထြေထြဗဟုသုတ

 

Tips Read 1445 times