Sales Hotline : 09448001653       Download App



ဒုတိယတန်းသင်ရိုးသစ် မြို့နယ်အဆင့်သင်တန်းကို မူလတန်းပြအားလုံးတက်ရမည်

ဒုတိယတန်းသင်ရိုးသစ် မြို့နယ်အဆင့်သင်တန်းကို မူလတန်းပြအားလုံးတက်ရမည်

အစိုးရကျောင်းများမှ မူလတန်းပြများအပြင် ဘကကျောင်း၊ ပုဂ္ဂလိကကျောင်းများမှ မူလတန်းပြများ၊ တိုင်းရင်းသားဘာသာစကား ဦးစီးဌာနအောက်ရှိ ကျောင်းများမှ မူလတန်းပြများ၊ မူလတန်းကျောင်းအုပ်များ၊ လယ်ပြ၂၊ ၃ အဆင့် ဆရာများ အားလုံး တက်ရောက်ရမည်ဖြစ်သည်။

ယခင်နှစ်များက စတင်ခဲ့သည့် သူငယ်တန်းနှင့် ပထမတန်းအတွက် မြို့နယ်အဆင့် သင်ရိုးသစ်သင်တန်းများတွင်မူ အမှန်တကယ်သင်ကြားမည့် ဆရာ၊ ဆရာမများကိုသာ ရွေးချယ်၍ သင်တန်းတက်စေသောကြောင့် လက်တွေ့တွင် ဆရာ၊ ဆရာမ မလုံလောက်ခြင်းနှင့် သင်တန်းတက်ထားသည့် ဆရာ၊ ဆရာမများ ရာထူတိုးပြောင်းပါသွားသည့်အခါ သင်တန်းတက်ထားသည့် ဆရာများ မရှိတော့ခြင်းကြောင့် ယခုနှစ် ဒုတိယတန်း သင်ရိုးသစ်သင်တန်းတွင် မူလတန်းပြအားလုံး တက်စေခြင်းဖြစ်သည်။

မြို့နယ်များတွင် သင်ကြားရေး အရည်အသွေး အားနည်းသည့် ကျောင်းများကို လှည့်လည်သင်ကြားရန် ခန့်အပ်ထားသော Mentor Teacher ၁၉၅ ဦး သည်လည်း ဒုတိယတန်း သင်ရိုးသစ် သင်တန်းတွင် ပါဝင်တက်ရောက်ရမည်ဖြစ်သည်။

READ - ၁၉ ကြိမ်မြောက် (PGDMA) အခြေခံပညာ အလယ်တန်းပြ ဆရာ၊ ဆရာမများ ခေါ်ယူ

သင်တန်းကာလအတွင်း မူလတန်း ဆရာအတတ်သင် စာပေးစာယူ သင်တန်း (မစယ) တက်ရောက်နေသူများနှင့်ကျန်းမာရေး မကောင်းသည့် ဆရာ၊ ဆရာမများကိုမူ မစယ သင်တန်းပြီးဆုံးချိန် စနေ၊ တနင်္ဂနွေနေ့ ကျောင်းပိတ်ရက်များတွင် အစားထိုး တက်ရောက်ရမည်ဖြစ်သည်။

သင်ရိုးသစ်သင်တန်းကာလသည် နွေရာသီကာလဖြစ်ပြီး အခြေခံပညာဦးစီးဌာနလက်အောက်တွင် မူလတန်းပြဆရာအရေအတွက်သည် အများဆုံးဖြစ်သဖြင့် သင်တန်းနည်းပြဦးရေ နည်းပါးခြင်း၊ နေရာမလုံလောက်ခြင်းစသည့် အခက်အခဲများ ဖြစ်နိုင်သည်။

ပြီးခဲ့သည့် သင်ရိုးသစ်သင်တန်းများတွင် သင်တန်းထောက်ပံ့စရိတ်ကို သင်တန်းပြီးဆုံးချိန်မှသာ ပေးသဖြင့် လာမည့်သင်တန်းတွင် သင်တန်းမစမီ ကြိုတင်ထုတ်ပေးပါက အဆင်ပြေမည်ဖြစ်သည်။

တိုင်းနှင့် ပြည်နယ်အဆင့် ဒုတိယတန်း သင်ရိုးသစ်သင်တန်းများကို မတ်လ ၃၀ ရက်မှ ဧပြီလ ၁၂ ရက်ထိ ပြုလုပ်မည်ဖြစ်သည်။

သင်တန်းကာလအတွင်း တစ်ရက်လျှင် သင်တန်း ထောက်ပံ့စရိတ် အနေနှင့် ဆရာ၊ ဆရာမတစ်ဦးကို ကျပ် ၃၀၀၀ စီ ထောက်ပံ့မည်ဖြစ်သည်။

အသစ်ရေးဆွဲထားသည့် ဒုတိယတန်းသင်ရိုးသစ်တွင် အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး တွဲဖက်သင်ရိုးဘာသာရပ်များအဖြစ် စာရိတ္တနှင့် ပြည်သူ့နီတိ၊ ပန်းချီ၊ ကာယနှင့် ဂီတ စသည့် ဘာသာရပ်ဆယ်ခုပါဝင်မည်ဖြစ်သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Source: thevoice

News Read 2012 times