Sales Hotline : 09448001653       Download App



ဒုတိယတန်းသင်ရိုးအသစ်နှင့် ပတ်သက်ပြီး လာမည့်နှစ် ဇန်န၀ါရီလမှ မေလအထိ လေးလတာ သင်တန်းပေးမည်

ဒုတိယတန်းသင်ရိုးအသစ်နှင့် ပတ်သက်ပြီး လာမည့်နှစ် ဇန်န၀ါရီလမှ မေလအထိ လေးလတာ သင်တန်းပေးမည်

လာမည့် ပညာသင်နှစ် ဖြစ်သော ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ဒုတိယတန်းသင်ရိုးညွှန်းတမ်းအသစ်ဖြင့် သင်ကြားရန် ပညာရေးဝန်ကြီးဌာနမှ တစ်နှစ်ခန့် အချိန်ယူပြီး ရေးဆွဲခဲ့ရာ လက်ရှိတွင် သင်ရိုးရေးဆွဲခြင်း ဆိုင်ရာ လုပ်ငန်းများ ပြီးစီးသွားပြီ ဖြစ်သည်။

ယင်းအတွက် သင်ရိုးညွှန်းတမ်းအသစ်ကို သင်ကြားနိုင်ရန်အတွက် အခြေခံပညာကဏ္ဍမှ ဆရာ၊ ဆရာမများကို စတင်သင်တန်းပေးတော့မည်ဖြစ်သည်။

သင်တန်းများကို ၂၀၁၈ ခုနှစ် ဇန်န၀ါရီလတွင် နှစ်ပတ်၊ ဖေဖော်ဝါရီလတွင် နှစ်ပတ်၊ မတ်လတွင် နှစ်ပတ်၊ မေလတွင် နှစ်ပတ်စီသင်တန်းများ ပို့ချမည်ဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနမှ သိရသည်။

“မူလတန်းပြဆရာတွေအားလုံးသိအောင် သင်တန်းတွေပေးပြီး ဒုတိယတန်းအတွက် လုပ်ပေးမယ်။ သင်တန်းတက်တဲ့ ဆရာ၊ ဆရာမတွေအတွက် တာဝန်ချိန် သတ်မှတ်ပေးမလား၊ မပေးလားဆိုတော့ မသိသေးဘူး” ဟုပြောသည်။

READ - အခြေခံပညာကဏ္ဍအတွက် ပညာရှင်အဆင့် (၄) ရာထူးတိုး စာမေးပွဲ လျှောက်လွှာများ ခေါ်ယူ

ဇန်န၀ါရီလတွင် ပညာရေးကောလိပ်မှ ဆရာ၊ ဆရာမများကို ၅ ရက်စီခွဲ၍ သင်တန်းပို့ချမည်ဖြစ်ပြီး ဖေဖော်ဝါရီလတွင် မြို့နယ်များမှ ကိုယ်စားပြု ဆရာ၊ ဆရာမများကို နှစ်ပတ်တာ သင်တန်းပို့ချမည် ဖြစ်သည်။

ကျောင်းအုပ်စုအဆင့်ကိုယ်စားပြု ဆရာ၊ ဆရာမများကို မတ်လ၊ ကျောင်းအုပ်စုတွင်း မူလတန်းပြ ဆရာ၊ ဆရာမများကို မေလတို့တွင် နှစ်ပတ်စီ သင်တန်းများပေးမည် ဖြစ်သည်။

လာမည့်ပညာသင်နှစ်တွင် သင်ရိုးအသစ်ဖြင့် သင်ကြားမည့် ဒုတိယတန်းသင်ရိုးကို ဆရာ၊ ဆရာမ နှစ်သိန်းကျော်အား သင်တန်းများ ပေးအပ်ရန် လျာထားသည်။

ဒုတိယတန်း သင်ရိုးအသစ်တွင် ဘာသာရပ် ၁၀ မျိုး ရှိမည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများအား တတ်မြောက်မှုဆန်းစစ်ရာတွင်လည်း စာမေးပွဲ ဖြေဆိုစေမည်မဟုတ်ဘဲ နှုတ်မေးခွန်းဖြင့်သာ စစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်သည်။

ယခုပညာသင်နှစ်အထိ အခြေခံပညာကဏ္ဍ မူလတန်းအဆင့်တွင် ကျောင်းသား၊ ကျောင်းသူ ငါးသန်းကျော်ရှိပြီး ဆရာ၊ ဆရာမ နှစ်သိန်းခွဲကျော်ရှိနေသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: democracy today

News Read 2245 times