Sales Hotline : 09448001653       Download App



ပထမတန်းနှင့် ဒုတိယတန်းကို စာမေးပွဲ သီးခြားမစစ်ဘဲ အတန်းတင်ပေးရန် ညွှန်ကြား

ပထမတန်းနှင့် ဒုတိယတန်းကို စာမေးပွဲ သီးခြားမစစ်ဘဲ အတန်းတင်ပေးရန် ညွှန်ကြား

သင်ရိုးသစ်များဖြင့် သင် ကြားနေသည့် ပထမတန်းနှင့် ဒုတိယတန်းကို စာမေးပွဲသီးခြား မစစ်ဆေးဘဲ အတန်းကူးပြောင်း (အတန်းတင်) ပေးရန် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ညွှန်ကြားထားသည်။

အခြေခံပညာအတန်းများ၏ နှစ်ဆုံးစာမေးပွဲ အချိန်စာရင်းနှင့် စာမေးပွဲဆိုင်ရာ ညွှန်ကြားချက် များကို မြန်မာနိုင်ငံ စာစစ်ဦးစီး ဌာနက ဒီဇင်ဘာ နောက်ဆုံးပတ် ၌ ထုတ်ပြန်ရာ ထိုအချက်ကို ထည့်သွင်းထားသည်။

ထိုလမ်းညွှန် ချက်များကို လိုက်နာရန် အခြေခံ ပညာဦးစီးဌာနက ဇန်နဝါရီ ပထမပတ်တွင် ကျောင်းများသို့ အဆင့် ဆင့်ညွှန်ကြားထားသည်။

ပထမတန်း (Grade-1) နှင့် ဒုတိယတန်း (Grade-2) ကျောင်းသား၊ ကျောင်းသူများ၏ မြန်မာ စာ အရေး၊ အဖတ်နှင့် သင်္ချာတတ်မြောက်မှုကို စာမေးပွဲကျင်းပစစ်ဆေးခြင်းမဟုတ်ဘဲ စာသင်ခန်း အတွင်း သင်ကြားသင်ယူစဉ် အတန်းပိုင် ဆရာက တစ်နှစ်လုံး ပုံမှန်အကဲဖြတ်ခြင်း၊ ပုံမှန်စစ်ဆေးအကဲဖြတ်ရလဒ်များကို အခြေခံပြီး ထိရောက်သော သုံးသပ်အားဖြည့်မှု ပုံမှန်ပြုလုပ်ခြင်းတို့ ဖြင့် အတန်းကူးပြောင်းပေးရန်နှင့် စာမေးပွဲသီးခြားစစ်ဆေးရန် မလိုကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ညွှန်ကြားသည်။

‘‘သီးခြားစာမေးပွဲ မစစ်ဘူး။ တစ်နှစ်လုံး စာသင်နေရင်းနဲ့ စာ သင်ခန်းတွင်းမှာလုပ်တဲ့ လေ့ကျင့် ခန်းတွေကို သူ ဘယ်လောက် လိုက်လုပ်လဲဆိုတာ ဆရာမတွေ က အကဲဖြတ်နေတာရှိတယ်။ နှစ် ဆုံးရင် သူတို့ ဘယ်လောက် တတ် လဲဆိုတာ လေ့ကျင့်ခန်းတွေ အားလုံးကို Review ပြန်လုပ်၊ မြန်မာစာမှာ အရေးအားနည်းနေ သလား၊ အဖတ်အားနည်းနေသလား၊ သင်္ချာအတွက်အချက် အားနည်းနေသလားဆိုတာ စစ်ဆေး တဲ့ သင်ယူပြီး စစ်ဆေးခြင်း နည်းလမ်းနဲ့ သူ့ရဲ့ရလဒ် ဘယ်လောက်ရှိတယ်ဆိုတာ ကြည့်တယ်’’ဟု မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်က ရှင်းပြသည်။

ဆရာ၊ ဆရာမများအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ၏ စစ်ဆေးအကဲဖြတ် ရလဒ်များကို စနစ်တကျ မှတ်တမ်းတင်ထားပြီး တတ်မြောက်မှု အခြေအနေကို မိဘများထံ တစ်နှစ်လျှင် နှစ်ကြိမ် အစီရင်ခံစာပေးပို့ကာ တစ်နှစ် လျှင် အနည်းဆုံးတစ်ကြိမ် မိဘ များနှင့် တိုင်ပင်ဆွေးနွေးရန် သင် ရိုးသစ် သင်တန်းများပေးစဉ်က တည်းက ဆရာ၊ ဆရာမများအား ညွှန်ကြားထားသည်။

‘‘KG, Grade-1, 2 က စာ မေးပွဲစစ်ဖို့အတွက် မပြောထား ဘူး။ သူတို့ကို တတ်မြောက်မှု စစ်ဆေးဖို့ပဲ ပြောတာ’’ဟု အခြေခံ ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းကဆိုသည်။

သူငယ်တန်း၊ ပထမတန်း၊ ဒုတိယတန်းကို စာမေးပွဲမစစ်ရန် ညွှန်ကြားထားသော်လည်း မလိုက်နာ၍ အမက (၂၁) သင်္ဃန်းကျွန်းမှ မူလတန်းကျောင်းအုပ် ဆရာမကို ပြီးခဲ့သည့် အောက်တိုဘာက ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးက သတိပေးပြီး ခံဝန်ကတိရေးထိုးစေခဲ့သည်။

ယခင်ပညာသင်နှစ်များက အခြေခံပညာ ကျောင်းများတွင် ဇူလိုင်မှ ဖေဖော်ဝါရီအထိ တစ်နှစ်လျှင် ကိုးကြိမ်မှ (၁၀)ကြိမ်အထိ စာမေးပွဲကျင်းပသည်။

ယခုပညာ သင်နှစ်တွင် KG, Grade-1, Grade-2 များကို စာမေးပွဲမစစ် သည့်အပြင် ကျန်အတန်းများကို လည်း ဇူလိုင်နှင့် ဒီဇင်ဘာတွင် အခန်းဆုံးစစ်ဆေးခြင်း စာမေးပွဲ၊ အောက်တိုဘာတွင် နှစ်ဝက်ဆုံး စာမေးပွဲ၊ ဖေဖော်ဝါ ရီ တွင် နှစ် ဆုံးစာမေးပွဲဟူ၍ လေးကြိမ်သာ ကျင်းပရန် ညွှန်ကြားထားသည်။

source: 7day

News Read 9437 times