Sales Hotline : 09448001653       Download App



ပထမတန်း သိပ္ပံသင်ရိုးနောက်ဆုံးအခန်းနှစ်ခန်းရောက်မှ စာရေးတာတွေ လုပ်ရမည်

ပထမတန်း သိပ္ပံသင်ရိုးနောက်ဆုံးအခန်းနှစ်ခန်းရောက်မှ စာရေးတာတွေ လုပ်ရမည်

ပထမတန်းသိပ္ပံသင်ရိုးသစ်မှာ အခန်းခြောက်ခန်းပါဝင်ပြီး ရှေ့ပိုင်းအခန်းလေးခန်းက ကလေး တွေအတွက် အချင်းချင်းအမေးအဖြေလုပ်တာ၊ ဆရာ ဆရာမနဲ့ဆွေးနွေးတဲ့ နှုတ်မေးနှုတ်ဖြေ ပုံစံမျိုးနဲ့ သင်ကြားရပါမည် ဖြစ်ပါတယ်။

သင်ခန်းစာတစ်ခုလုံးမှာ အခန်း (၆) ခန်း ပါဝင်ပြီး အခန်း(၁) က ကျွန်ုပ်တို့၏ အနီးဆုံးပတ်ဝန်းကျင်၊ အခန်း (၂) မှာကျွန်ုပ်၊ ပြီးတော့ အခန်း (၃) က အပင်တွေ အကြောင်းသင်ကြားရမှာ ဖြစ်ပါတယ်။

အခန်း(၄) က တိရစ္ဆာန်တွေအကြောင်း၊ အခန်း (၅) ကမ္ဘာမြေကြီး အကြောင်းနဲ့ အခန်း (၆) မှာ ကောင်းကင်အကြောင်း သင်ကြားရမယ်လို့ သိရပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ကျောင်းသားကျောင်းသူတွေအတွက် လွယ်ကူစွာသင်ကြားနိုင်ဖို့ အခန်းတစ်ခုနဲ့တစ်ခုချိတ်ဆက် ထားတာဖြစ်ပြီး ကလေးတွေအတွက် ကျောင်းစာဝန်ထုပ်ဝန်ပိုး မဖြစ်အောင်ရေးဆွဲထားတယ်လို့ သိရပါတယ်။

မူလတန်းသင်ရိုးသစ်က သိပ္ပံကို သိပ္ပံလိုပဲသင်ရမှာပါ၊ တစ်နည်းအားဖြင့်ပြောရင် ကလေးတွေက အလွတ်ကျက်ပြီးတော့ မှတ်ပြီးဖြေရတာမျိုးမဟုတ်ဘူး၊ သူတို့ဘာသာ သူတို့တကယ်လက်တွေ့ကြည့်ပြီးတော့ သိလာပြီးတဲ့အသိ သူတို့ဆီမှာ ရှိသွားပါ့မယ်။

အခန်း(၅)နဲ့ (၆)မှာ စာစရေးရမယ်၊ မြန်မာစာဘာသာရပ်နဲ့လဲ ညှိထားပါတယ်၊ ဒီသင်ခန်းစာလောက် ရောက်တဲ့အချိန် ကလေးတွေက မြန်မာစာကိုဖတ်တတ်ပြီလား ကျွမ်းကျင်ပြီလား၊  အိုကေပြီဆိုတော့မှ မေးခွန်းမေးတဲ့ ပုံစံမှာ ဆရာက ရေးပြပါ၊ ဖတ်ပြပါဆိုပြီး လာတယ်၊ ဒီအရှေ့ပိုင်းမှာပြောပြပါ မေးပြပါ၊ အမှန်ခြစ်ပြပါလို့ပဲပါတယ်။

ကလေးက ရေးစရာမလိုဘူးလို့ မူလတန်းသိပ္ပံသင်ရိုးရေးဆွဲရေးအဖွဲ့ဝင် ဒေါက်တာကေသီမော် (ကထိက) သိပ္ပံသင်ပြနည်းဌာန တောင်ငူပညာရေးကောလိပ်က ပြောပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: kumudra journal

News Read 3802 times