Sales Hotline : 09448001653       Download App



Googol ဆိုတာ ဘာလဲ

ကြီးမားသော ကိန်းဂဏာန်းများအတွက် လှပသော အမည်များပေးကြလေ့ရှိပါသည်။ ယခု တစ်ခေါက်ကိုတော့ googol ဟုခေါ်သော ကြီးမားသောဂဏာန် ကိုယ်စားပြု စကားလုံး တစ်လုံးကို ဖော်ပြပေးလိုက်ရပါသည်။ Google နှင့် အသံထွက်တူသည့် Googol ဟာ သင်္ချာဘာသာရပ်တွင် အလွန်လှပသည့် စကားလုံးတစ်လုံးဖြစ်ပါသည်။ 

ရင်းနှီးပြီးသား Google ကတော့ သိလိုသမျှအကုန်ရှာဖွေနိုင်သည့် Search Engine တစ်ခု ဖြစ်ပြီး 10100     

တစ်နည်းအားဖြင့် 1၏ နောက်တွင် သုညအလုံးပေါင်း 100 ရှိနေခြင်းကိုတော့ Googol လို့ခေါ်ကြပါသည်။ 

Google ရှာဖွေရေး ပလက်ဖောင်းတွင် အချက်အလက်ဒေတာ သန်းပေါင်းများစွာရှာဖွေနေသည်ကိုအကြောင်းပြု၍ ၎င်း၏ အသံတူကြောင်းကွဲ ဖြစ်အောင် Googol ဟု အမည်ပေးခဲ့သည်ဟု သိရပါသည်။ 

ဒီစကားလုံး ဖြစ်ပေါ်လာအောင် ခေါ်ဆိုခဲ့သူကတော့ ကိုးနှစ်အရွယ် Milton Sirotta ဖြစ်ပြီး အမေရိကန် သင်္ချာပညာရှင် တစ်ဦးဖြစ်သည့် Edward Kasner ၏ တူ ဖြစ်ပါသည်။ 

နောင်တွင်လည်း ထို အမည်ကို ဆက်လက်ဖော်ပြ၍ အသုံးပြုပါမည်ဆိုသည့် ကတိကိုပေးခဲ့ပါသေးသည်။ Edward Kasnerသည် 10100 ကဲ့သို့သော ကြီးမားသည့် ကိန်းဂဏာန်းမျာကို နှစ်ခြိုက်သူ ဖြစ်ပြီး လက်ရှိတွင်လည်း ထိုကိန်းများနှင့်အတူလုပ်ကိုင်လျက် ရှိပါသည်။

ဒီ Googol ရဲ့ အမည်ဟာ အလွန်ပင် အံ့ဩသင့်ဖွယ်ကောင်းသည်။ အဘယ်ကြောင့် ဆိုသော် စကြာဝဠာတစ်ခုလုံးတွင် ရှိသော အက်တမ်များ၏ အရေအတွက်သည်ပင်လျှင် အလုံးပေါင်း 1080 သာရှိသောကြောင့် Googol ထက်များစွာ နည်းနေသည်ကိုတွေ့ ရပါသည်။ 

နောက်တစ်ဆင့် အနေမှာ ပိုမိုကြီးမားသည့် ကိန်းဂဏာန်း တစ်ခု ဖြစ်သည့် googolplex ဖြစ်ပါတယ်။ 

Googolplex ဆိုတာကတော့ googol ဆယ်ဆ သို့မဟုတ် တစ်၏ အနောက်တွင် သုညအလုံးပေါင်း googolရှိသည့် ကိန်းဂဏာန်း အရေအတွက် ကို ဆိုလိုပါသည်။ ဤသည်မှာအမှန်တကယ်ကြီးမားသောအရေအတွက် အတွက်နောက်ဆုံးကျယ်ပြန့်စွာလက်ခံထားသောနာမည်ဖြစ်သည် 

နောက်ပိုင်းတွင် လူအများစုသည် Googolplex၏ ဆယ်ဆ Googolplexian ကိုလည်း အသုံးပြုရန် ကြိုးစားလာကြပြီ ဖြစ်ပါသည်။ 

ကိန်းဂဏာန်း ချစ်သူ မဟုတ်သူများအနေဖြင့် အစီအစဥ်မဲ့ကြီးမားသည့် ကိန်းတန်းများ ဖြစ်သည့် Bazillion, zillion, gazillion, jillion နှင့် squillion အစရှိသည့် ကိန်းလုံးများ၏ အမည်ကို သဘောကျတော့မည် မဟုတ်ပေ။ 

ဘာသာစကားဆိုင်ရာ ‌‌ရှေးဟောင်းသုတေသန ပညာရှင် တစ်ဦးဖြစ်သည့် Stephen Chrisomalis မှရှာဖွေတွေ့ရှိခဲ့သော အဆိုပါ အသုံးအနှုန်းများ၏ မူလအစမှာ အမေရိကန်နိုင်ငံမှ ဖြစ်ပြီး ၁၉ရာစုအကုန် ၂၀ရာစု အစပိုင်းတွင် ဖြစ်သည်ဟု ဆိုထားပါသည်။ 

ထို အသုံးအနှုန်းများ အသုံးပြုခြင်းသည် နိုင်ငံ၏ ပညာ‌ရေးအဆင့် အညွှန်းကိန်များနှင့် လူနေမှု အဆင့်အတန်းကို ဖော်ပြလျက်ရှိပါသည်။ 

ထို့အပြင် ဂဏာန်းအရေအတွက်များလာသည်နှင့်အမျှ ပိုမိုတိကျစေရန် ဆန္ဒဖြင့် အစွန်းမရောက် ပေါ့ပါးသည့် ပျော်စရာများကို ဖန်တီးရန်လည်း အခွင့်အရေးရခဲ့ပါသေးသည်။

သူတို့၏ရုပ်ပြမရေရာမှုများနှင့်အတူ bazillion ကဲ့သို့သောစကားလုံးများသည်ကြီးမားသောနံပါတ်များကိုနားလည်ရန်ကြိုးစားခြင်းမှာ ခက်ခဲသည့် လုပ်ရပ်တစ်ခု ဖြစ်ပေသည်။

တစ်ချို့ မေးလေ့ရှိကြသည်မှာ Googol သည် အနန္ဒ- Infinity ထက် ပိုကြီမားလား ဆိုသည့်မေးခွန်း ဖြစ်ပါသည်။ 

Googol ထက်ပိုကြီးသည်မှာ အထက်တွင် ဖော်ပြခဲ့သည့် Googolplex ဖြစ်ပြီး အရွယ်အစား အားဖြင့် အနန္ဒနီးပါး ကြီးမားသည်ဟု ဆိုသော်လည်း အနန္ဒမှာ ကိန်းဂဏာန်းတစ်ခု မဟုတ်ချေ။ 

ထို့ကြောင့် ကိန်းဂဏာန်းချစ်သူ၊ သင်္ချာချစ်သူများအတွက် ဒီအသုံးအနှုန်းလေးနှင့် ပတ်သက်ပြီး ဗဟုသုတ အသစ်များရရှိမည်ဟု မျှော်လင့်မိပါသည်။ 

ပျှော်ရွှင်ဖွယ်ကောင်းသော လေ့လာမှု ဖြစ်ပါစေ။ 

 

Knowledge Read 580 times