Sales Hotline : 09448001653       Download App



ဒုတိယတန်းကို သင်ရိုးသစ်သင်ပြနည်း လေ့ကျင့်ပေးထားသည့် ဆရာ၊ ဆရာမများဖြင့် သင်ကြားမည်

ဒုတိယတန်းကို သင်ရိုးသစ်သင်ပြနည်း လေ့ကျင့်ပေးထားသည့် ဆရာ၊ ဆရာမများဖြင့် သင်ကြားမည်

တစ်နိုင်ငံလုံးရှိ မူလတန်း သင် ဆရာ၊ ဆရာမ နှစ်သိန်းခွဲကို မေလ ၈ ရက်မှ ၂၃ ရက်အထိ သက်ဆိုင်ရာ မြို့နယ်ရှိ အခြေခံ ပညာကျောင်းများတွင် ဒုတိယ တန်း သင်ရိုးသစ်သင်ပြနည်း ကျောင်းအုပ်စုအဆင့် သင်တန်း များ ဖွင့်လှစ်နေသည်။


ရန်ကုန်တိုင်းဒေသကြီးတွင် ခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာ ရေးမှူးတို့ ဦးစီးပြီး ဒုတိယတန်း သင်ရိုးသစ် သင်ပြနည်းသင်တန်း များ ဖွင့်လှစ်နေရာ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများမှ မူလတန်း သင်ကြားမည့် ဆရာ၊ ဆရာမများ တက်ရောက်နေသည်။

‘‘ဗဟိုအဆင့် သင်တန်းကို ပညာရေးကောလိပ်တွေက ဆရာ၊ဆရာမ ၃၄၀ ဦးလောက်ကို သုံးသုတ်ခွဲပေးထားတယ်။ သူတို့က ဗဟိုအဆင့်မှာတက်ပြီး တိုင်းနဲ့ပြည်နယ်မှာ သင်တန်းပြန်ပေးတယ်။ ကျန်တဲ့ မူလတန်းပြတွေက သူတို့ဆီကတစ်ဆင့်တိုင်းအဆင့်၊ မြို့နယ်အဆင့်၊ ကျောင်းအုပ်စုအဆင့်ဆင့် ပြန်သင်တန်းတက်ရမှာပါ’’ဟု ပညာရေးသုတေသန စီမံကိန်းလေ့ကျင့်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ဇော်လတ်ထွန်းက ရှင်းပြသည်။

ဒုတိယတန်း သင်ရိုးသစ် တွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး၊ ဘဝတွက် တာကျွမ်းကျင်စရာ၊ စာရိတ္တနှင့် ပြည်သူ့နီတိ၊ ပန်းချီ၊ ဂီတ၊ ကာယ ဘာသာရပ် ၁၀ ခုပါရှိပြီး ကလေးများ၏ အသိပညာ၊ ကျွမ်း ကျင်မှုနှင့် သဘောထားများကို လေ့ကျင့်ပျိုးထောင်ပေးသည့် သင်ခန်းစာများ ထည့်သွင်းထား ကြောင်း ၎င်းကဆိုသည်။

ယခု ၂၀၁၇-၁၈ ပညာသင် နှစ်တွင် စတင်သော ပထမတန်း သင်ရိုးသစ် သင်ကြားမည့် ဆရာ၊ ဆရာမ ငါးသောင်းခန့်ကို ယခင် နှစ်က နည်းပြသင်တန်းများပေးခဲ့ ရာ ရာထူးတိုးနှင့် အပြောင်းအရွှေ့ များ ဆောင်ရွက်ပြီးချိန်၌ သင် တန်းပေးထားသော ဆရာ၊ ဆရာမများ ပြောင်းရွှေ့ခဲ့သည်။

ထို့ကြောင့် ဒုတိယတန်း သင်ရိုးသစ် သင်ပြနည်းများကို မူလတန်းပြဆရာ၊ ဆရာမ အား လုံးအား သင်တန်းပေးမည်ဟု ပညာရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဒေါက်တာမျိုးသိမ်း ကြီးက ပြောကြားသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Source: 7day daily

News Read 3489 times