Sales Hotline : 09448001653       Download App



Feynman နည်းစနစ်ဖြင့်ထိရောက်စွာသင်ယူခြင်း

Feynman နည်းစနစ်ဖြင့်ထိရောက်စွာသင်ယူခြင်း

ဒီအချိန် ကျောင်းတွေပြန်ဖွင့်ပြီဆိုတော့ ကျောင်းတက်နေရတဲ့ ကျောင်းသူကျောင်းသားတွေအတွက် စာတွေကို ကျက်မှတ်လေ့လာဖို့ရာ မလွဲဧကန် တစ်ကျော့ပြန်လာပြန်ပြီပေါ့။

 

ဘယ်လောက်ပဲကျက်ကျက် ခဏနေရင် ပြန်မေ့သွားတာပါပဲ။ သေချာလေ့လာပေမယ့် ပြန်တွေးကြည့်ရင် နားလည်ပေမယ့် သေသေချာချာနားမလည်သလို ဆိုတာမျိုးကို လူငယ်တွေ တော်တော်များများမှာ ဖြစ်တတ်၊ တွေ့ရတတ်ပါတယ်။

ကျက်ထားတဲ့စာတွေ ခဏခဏ မေ့နေတယ်၊ မှတ်မိဖို့ မလွယ်ဘူးဖြစ်နေတယ်ဆိုရင် သင်ယူလေ့လာထားတဲ့ ပညာရပ်တွေကို တစ်သက်တာမှတ်မိနေစေဖို့ Feynman နည်းအတိုင်း လေ့လာသင်ယူလိုက်ကြရအောင်။

>>> Feynman နည်းပညာဆိုတာဘာလဲ?
>>>  Feynman ဆိုတာဘယ်သူလဲ?
>>>  ဘာလို့သူ့နည်းစနစ်တွေအတိုင်း လေ့လာသင့်တာလဲ . . . .

 

Feynman နည်းပညာဆိုတာဘာလဲ?
Feynman ဆိုတာ အသစ်ဆန်းတစ်ခုခုကို လေ့လာတဲ့အခါ၊
သိပြီးသားအရာတစ်ခုခုကို တစ်ဖန်ပိုပြီးနားလည်သဘောပေါက်အောင် လေ့လာတဲ့အခါ
စာမေးပွဲအတွက် လေ့လာတဲ့အခါ စသဖြင့် လေ့လာမှုမှန်သမျှကို ပိုမိုအကျိုးရှိရှိနဲ့ နားလည်လွယ်ကူစေရန် ကူညီပေးတဲ့ နည်းစနစ်တစ်မျိုးဖြစ်ပါတယ်။

 

Feyman ဆိုတာဘယ်သူလဲ?
Richard Feynman (1918–1988) ကတော့ စာရေးဆရာ၊ ရူပဗေဒပညာရှင်၊ အတွေးအခေါ်ပညာရှင် တစ်ယောက်ဖြစ်ပါတယ်။ သူ့ခေတ်သူ့အခါမှာ အရေးအပါဆုံး ရူပဗေဒပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။

-သူသည်ကွမ်တန် electrodynamics (QED) တစ်ခုလုံးကိုရှေ့ဆောင်အဖြစ်စတင်ခဲ့သည်။

-၁၉၄၀ ပြည့်လွန်နှစ်များတွင်သူ၏ Feynman ပုံကြမ်းအားတီထွင်မှုသည်လိုအပ်သောအမြင်အာရုံဆိုင်ရာရှင်းလင်းချက်ကို subatomic အမှုန်များ၏အပြုအမူအားသိရှိစေရန်ကူညီပေးခဲ့သည်။

-သိပ္ပံပညာရှင်များအားအလင်းနှင့် အရာဝတ္ထုများအပြန်အလှန်ဆက်သွယ်မှုကိုနားလည်စေရန်ကူညီပေးသောကြောင့်သူသည် ၁၉၆၅ ခုနှစ်တွင်နိုဘယ်ဆုရရှိခဲ့သည်။

-1986 ခုနှစ်တွင်သူ၏သုတေသနနှင့်ရှင်းလင်းချက်အာကာသလွန်းပျံယာဉ် Challenger ဘေးအန္တရာယ်၏အကြောင်းရင်းကိုနားလည်သဘောပေါက်ရန်ကူညီရာတွင်အရေးပါခဲ့သည်။

 
Feynman နည်းစနစ်တွေနဲ့ ဘယ်လိုတွေ လေ့လာကြမလဲ။
Feynman နည်းပညာနှင့်လေ့လာရန်အပိုင်း (၄) ပိုင်းရှိပါသည်။
(၁) စတင်လေ့လာခြင်း၊ စာဖတ်ခြင်း
(၂) ရေးမှတ်ခြင်း၊ ပြန်လည်ရှင်းပြြခ်ငး
(၃) ကွာဟချက်များနှင့် ရှင်းလင်းချက်များအား ပြန်လည်သုံးသပ်ခြင်း
(၄) အစအဆုံး ပြန်လည်သုံးသပ်ခြင်း

 

- ပထမဆုံးအနေနဲ့ ကိုယ်ဘာကိုလေ့လာမလဲဆိုတဲ့ခေါင်းစဉ်ကိုရွေးချယ်ပါ။

- လေ့လာရင်းနဲ့လုပ်ရမှာကတော့ ကိုယ်နားလည်သမျှကို ချရေးရမှာပါ။ တစ်ယောက်ယောက်ကိုရှင်းပြနေသလိုမျိုး မှတ်စုတိုလေးတွေနဲ့ လေ့လာတာက ပိုမိုမှတ်မိလွယ်စေပါတယ်။

- အကုန်လုံးသေချာနားလည်သွားပြီဆိုမှ အကြောင်းအရာတစ်ခုလုံးကို ပြန်ပြီး ရှင်းပြပါ။

အခြားသူတစ်ယောက်ကိုရှင်းပြနေသလိုမျိုး ကိုယ့်ကိုကိုယ် ပြန်ပြီး ရှင်းပြပါ။ ကိုယ် ရှင်းပြနေတာကို နားထောင်မယ့်သူမရှိဘူးဆိုရင်တောင် ဗီဒီယိုလေးရိုက်ထားပါ။ ပြီးရင် ကိုယ်ရိုက်ထားတဲ့ဗီဒီယိုလေးကိုပြန်ကြည့်ပြီး ကိုယ်ရှင်းပြတာတွေမှာ နားမလည်တာ၊ ကမောက်ကမဖြစ်နေတာတွေကို ပြန်လည်သုံးသပ်ပါ။

- သေသေချာချာ မရှင်းပြနိုင်သေးဘူးဆိုရင် ထပ်ခါထပ်ခါ ပြန်ပြီးလေ့လာပါ။

ဒီနည်းလမ်းတွေက အရမ်းအကျိုးရှိပြီး စွဲမြဲပြီး မှတ်မိေုစမယ့် နည်းလမ်းလေးတွေပဲဖြစ်ပါတယ်။ မောင်ငယ်/ညီမငယ်တို့အနေနဲ့ ပညာရပ်အသီးသီးကို လေ့လာတဲ့နေရာမှာ မှန်ကန်တဲ့နည်းလမ်းလေးတွေနဲ့ လေ့လာနိုင်စေရန် မျှပေးဝေးလိုက်ပါတယ်။

Knowledge Read 491 times