Sales Hotline : 09448001653       Download App



အဌမတန်းအောင်မြင်ပြီးသူများ တက်ရောက်နိုင်သော အစိုးရနည်းပညာအထက်တန်းကျောင်းများ

အဌမတန်းအောင်မြင်ပြီးသူများ တက်ရောက်နိုင်သော အစိုးရနည်းပညာအထက်တန်းကျောင်းများ

၂၀၁၇-၂၀၁၈ ပညာသင်နှစ်၊ အစိုးရနည်းပညာ အထက်တန်းကျောင်းများ၏ ၀င်ခွင့်လျှောက်လွှာများထုတ်ပေးခြင်းများနှင့် စိစစ်လက်ခံခြင်းများကို မေလ ၈ ရက်နေ့မှ စတင်ပြီး ၂၃ ရက်နေ့အထိ ၁၆ ရက်တိုင်တိုင် ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

ဝင်ခွင့်လျှောက်ထားခြင်းများနှင့် ပတ်သက်ပြီး မေလ ၅ ရက်မှ ၉ ရက်နေ့အထိ အသေးစိတ်ထုတ်ပြန် ကြေညာပေးသွားမည်ဖြစ်ကြောင်း အဆင့်မြင့် ပညာဦးစီးဌာနမှ သိရသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ဒီနှစ်မှာ ရှစ်တန်းအောင်မြင်ထားတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ပထမနှစ်အဖြစ် တက်ရောက်ဖို့အတွက် ခေါ်ယူမယ့် သင်တန်းပါ။ ဒုတိယနှစ်ကျတွေလည်း တစ်ခါတည်းပြန်လျှောက်လို့ရပါသည်။

သင်တန်းဝင်ခွင့်လျှောက်လွှာများကို လက်ခံပြီးပါက ကျောင်းအလိုက် မေလ ၂၄ ရက်မှ ၃၀ ရက်အထိ သင်တန်းသား ရွေးချယ်ခြင်းများကို ဆောင်ရွက်မည်ဖြစ်ပြီး သင်တန်းဝင်ခွင့်ရစာရင်းများကို မေလ ၃၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာမည်ဖြစ်သည်။

သင်တန်းဝင်ခွင့်ရသူများ၏ ကျောင်းအပ်လက်ခံဆောင်ရွက်ခြင်းများကို ဇွန်လ ၁ ရက်နေ့မှ ၁၁ ရက်နေ့အထိ ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။

တက်ခွင့်ရတဲ့ကလေးများကို ထောက်ပံ့ကြေးတွေလည်းပေးတယ်။ သင်တန်းကာလနှစ်နှစ်ပြီး အဝေးသင်တက်မယ်ဆိုရင်လည်း တက်လို့ရနေပြီ ဖြစ်သည်။

အစိုးရနည်းပညာ အထက်တန်းကျောင်းများကို အခြေခံပညာအလယ်တန်းအောင်မြင်ပြီးသောသူများ တက်ရောက်ခွင့်ပေးပြီး သင်တန်းကာလနှစ်နှစ်ပြီးဆုံးပါက ထူးချွန်စွာအောင်မြင်သူများသည် နည်းပညာတက္ကသိုလ်များသို့ တက်ရောက်ခွင့်ပေးအပ်ပြီး ရိုးရိုးအောင်မြင်သူများကို လုပ်ငန်းခွင်လက်တွေ့ သင်တန်းလေးလ ထပ်မံတက်ရောက်စေကြောင်း သိရသည်။

နည်းပညာ အထက်တန်းကျောင်းပေါင်း ၃၀ ကျော် ရှိပြီး ယခင်က ယင်းကျောင်းများတွင် တက်ရောက်လိုသော သူများကို အသက် (၁၇) နှစ်အောက် အဌမတန်းအောင်မြင်ပြီးသူများကိုသာ တက်ရောက်ခွင့်ပေးခဲ့ကြောင်း သိရသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: democracy today

Government School Read 10764 times