Sales Hotline : 09448001653    



၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပဉ္စမနေ့တွင်  လာရောက်ဖြေဆိုသူ  ၂၂၇,၆၈၂ ဦးရှိ

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပဉ္စမနေ့တွင် ရူပဗေဒဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၂၂၇,၆၈၂ ဦးရှိ

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပဉ္စမနေ့ကို ယနေ့ နံနက်ပိုင်းတွင် ကျင်းပရာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရူပဗေဒဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၂၂၇,၆၈၂ ဦး ရှိကြောင်း သိရသည်။

ယခုနှစ်တွင် နိုင်ငံခြားစာစစ်ဌာန ၂၀ နှင့် ပြည်တွင်း၌ စာစစ်ဌာန ၁,၂၃၂ ခု စာစစ်ဌာန စုစုပေါင်း ၁,၂၅၂ ခု ဖွင့်လှစ်ဖြေဆိုခဲ့ရာ စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူ ဦးရေ စုစုပေါင်း ၂၅၂,၄၄၁ ဦးရှိပြီး စာမေးပွဲ ပဉ္စမနေ့ ရူပဗေဒဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၂၂၇,၆၈၂ ဦးရှိကာ ဖြေဆိုသူ ရာခိုင်နှုန်း ၉ဝ ဒသမ ၁၉ ရာခိုင်နှုန်းရှိကြောင်း ပညာရေး ဝန်ကြီးဌာနမှ သိရသည်။

 

 

Latest Post Government School Read 831 times