Sales Hotline : 09448001653    



၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အဌမနေ့တွင် သမိုင်းဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၅၃၇၃၈ ဦးရှိ

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အဌမနေ့တွင် သမိုင်းဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၅၃,၇၃၈ ဦးရှိ


၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အဌမနေ့ကို ယနေ့ နံနက်ပိုင်းတွင် ကျင်းပရာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သမိုင်းဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၅၃,၇၃၈ ဦး ရှိကြောင်း သိရသည်။

ယခုနှစ်တွင် နိုင်ငံခြားစာစစ်ဌာန၂၀ နှင့် ပြည်တွင်း၌ စာစစ်ဌာန ၁၀၉၃ ခု စာစစ်ဌာန စုစုပေါင်း ၁,၁၁၃ ခု ဖွင့်လှစ်ဖြေဆိုခဲ့ရာ သမိုင်းဘာသာရပ် စာမေးပွဲဖြေဆိုရန် စာရင်းပေး သွင်းသူဦးရေ စုစုပေါင်း ၆၀,၄၉၀ ရှိပြီး စာမေးပွဲ အဌမနေ့ သမိုင်းဘာသာရပ် လာရောက် ဖြေဆိုသူ စုစုပေါင်း ၅၃,၇၃၈ ဦးရှိကာ ဖြေဆိုသူ ရာခိုင်နှုန်း ၈၈ ဒသမ ၈၄ ရာခိုင်နှုန်းရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

 

 

Government School Latest Post Read 606 times