ကိုဗစ်ကြောင့် ကျောင်းမှကျောင်းထွက်လိုက်ရပြီလား?

ပညာရေးသည် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးသော အခန်းကဏ္ဍ မှပါဝင်ခြင်းကြောင့် လူများ၏ စွမ်းဆောင်ရည်နှင့် စီးပွားရေးတိုးတက်မှု စွမ်းရည်ကို တိုးတက်စေသည်။ စစ်ပွဲများဖြစ်ပွားနေသည့် ဒေသများ၊ မသန်စွမ်းသူများနှင့် ဆင်းရဲနွမ်းပါးမှု အခြေနေများ၌ နေထိုင်သောကလေးသူငယ်များအားလုံးအတွက် ပညာရေးအခွင့်အရေးရှိသည်။

ကလေးများအတွက် ဦးဆောင်သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်သော Save the Children အဖွဲ့၏ ဖော်ပြချက်အရ ပညာရေးသည်လူများစွာအတွက် ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်စေမည့် လမ်းကြောင်းဖြစ်သည်။ ပညာရေးသည် သူတို့၏ဘ၀ တိုးတက်စေရန် လိုအပ်သော ဗဟုသုတနှင့် ကျွမ်းကျင်မှုများ ရရှိရန် အခွင့်အရေးပေးသည်။ 

အရှေ့တောင်အာရှနိုင်ငံများသည် ၎င်းတို့၏ ပညာရေးစနစ်များနှင့် စံချိန်စံညွှန်းများ တိုးတက်စေရန်အတွက် အားစိုက်ထုတ်မှုများနှင့် အစီအစဉ်များစွာ ပြုလုပ်ခဲ့သည်ဟုသိရသည်။ ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်ဖြစ်သည့် ပရာယွတ်ချန်အိုချာက ၂၀၃၆ ခုနှစ်တွင် ဖွံ့ဖြိုးပြီးနိုင်ငံတစ်နိုင်ငံဖြစ်လာရန် နည်းလမ်းတစ်ခုအဖြစ် အဆင့်မြင့်ပညာရေးဖြစ်လာစေရမည်ဟု ကတိပေးခဲ့သည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သော အင်ဒိုနီးရှားနိုင်ငံက ၂၀၂၅ ခုနှစ်တွင် ကမ္ဘာ့အဆင့်မီ ပညာရေးစနစ် တည်ဆောက်ရန် ကတိပြုသော်လည်း၊ ကမ္ဘောဒီးယားနှင့် လာအိုအစိုးရများအနေဖြင့် ၎င်းတို့၏ စီးပွားရေးများနိမ့်ကျနေလျှင် ပညာရေးတိုးတက်မှုများကို ဦးစားပေးသင့်ကြောင်း သတိပြုမိကြသည်။ ကျွမ်းကျင်သော ကုန်ထုတ်လုပ်မှု ဖြစ်ကြောင်းကို၊ “အရှေ့တောင်အာရှ၏ ကြီးမားသော ပညာရေးစိန်ခေါ်မှုကို ရင်ဆိုင်ခြင်း” ခေါင်းစဉ်ဖြင့် David Hutt ရေးသားခဲ့သည်ဟုသိရသည်။

၂၀၁၁ ခုနှစ် အာဆီယံ၏ အဓိကကိန်းဂဏန်းများအရ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံလုံးသည် မူလတန်းပညာရေး အပ်နှံမှုကို သေချာစေရန် တိုးတက်မှုရှိခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ကျောင်းအပ်နှုန်းမှာ ၉၀ ရာခိုင်နှုန်းကျော်ရှိသည်။ 

အလယ်တန်းပညာရေးအတွက် ကျောင်းအပ်နှံမှုနှုန်းမှာ အရှေ့တောင်အာရှနိုင်ငံအားလုံးနီးပါးသည် လွန်ခဲ့သော ဆယ်စုနှစ်အတွင်း တိုးတက်လာခဲ့သည်။ သိသိသာသာ တိုးတက်မှု ၃၀ ရာခိုင်နှုန်းကျော်ကို ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် ဖိလစ်ပိုင်တို့တွင် မှတ်တမ်းတင်ထားသည်။ မည်သို့ပင်ဆိုစေကာမူ အာဆီယံအဖွဲ့ဝင်နိုင်ငံများတွင် အလယ်တန်းပညာရေး၌ အသားတင်ဝင်ငွေရာခိုင်နှုန်းမှာ ၈၀ ရာခိုင်နှုန်းအောက်သာ ရှိနေသေးသဖြင့် တိုးတက်ရန် အခွင့်အလမ်းများ လိုနေသေးသည်ဟု အစီရင်ခံစာတွင်တင်ပြထားသည်။

ကံမကောင်းစွာဖြင့် Coronavirus ပြဿနာသည် ကမ္ဘာတစ်ဝှမ်းရှိ ပညာရေးစနစ်များကို အကြီးအကျယ် ထိခိုက်စေခဲ့သည်။ ၎င်းကပ်ရောဂါကြောင့် ပိတ်ထားသည့် ကျောင်းများရှိ သန်းနှင့် ချီသော ကလေးများနှင့် ကျောင်းသား၊ ကျောင်းသူများသည် ယခုအခါ ကျောင်းမှ ထွက်သွားကြသောကြောင့် မတ်လကုန်အထိ နိုင်ငံအများစုသည် COVID-19 ကြိုတင်ကာကွယ်ရေး အစီအစဉ်များကို စတင်ကျင့်သုံးသောအခါ ကမ္ဘာတစ်ဝှမ်းရှိ ကျောင်းသားပေါင်း တစ်ဘီလီယံကျော်ကို ထိခိုက်ခဲ့သည်ဟုသိရသည်။

အချို့သော နိုင်ငံများသည် ကျောင်းများပြန်လည်ဖွင့်လှစ်ခဲ့သော်လည်း ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို) မှ ကူးစက်ရောဂါကြောင့် စာသင်သူသန်း ၅၀၀ ကျော်သည်ထိ တွေ့နေဆဲဖြစ်သည်ဟု ခန့်မှန်းထားသည်။

ကျောင်းပိတ်ခြင်း၏ ရလဒ်အနေဖြင့် အဖွဲ့အစည်းများစွာသည် ယခုအခါ သူတို့၏ ကျောင်းသား၊ ကျောင်းသူများအတွက် အွန်လိုင်းပေါ်မှသင်ကြားမှုကို စိတ်ဝင်စားနေကြသည်။  ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများတွင် ဒစ်ဂျစ်တယ်ပညာရေးကွာဟမှုကို မီးမောင်းထိုးပြသည့် ဤအချက်ကို လူတိုင်းတွင် ရွေးချယ်နိုင်စွမ်း မရှိပါ။

“ ကမ္ဘာလုံးဆိုင်ရာ ပညာရေး အရေးပေါ်အခြေအနေ” 
ကူးစက်ရောဂါကြောင့် ကျောင်းများပိတ်ထားရခြင်းသည် “ကမ္ဘာလုံးဆိုင်ရာ ပညာရေးအရေးပေါ် အခြေအနေ” ဖြစ်ကြောင်း ယူနိုက်တက်ကင်းဒမ်း ကလေးသူငယ်ရန်ပုံငွေအဖွဲ့ (ယူနီဆက်) မှ အမှုဆောင်ဒါရိုက်တာ Henrietta Fore က ပြောကြားခဲ့သည်။ COVID-19 ကူးစက်ရောဂါကြောင့် အနည်းဆုံးကျောင်းသား ၂၄ သန်းသည် ကျောင်းမှထွက်ရန် စီစဉ်ထားကြောင်း ထပ်မံပြောကြားခဲ့သည်။

“ကျောင်းများကို အချိန်ကြာမြင့်စွာ ပိတ်ထားခြင်းသည် ကလေးများအတွက် ဆိုးကျိုးများဖြစ်စေသည်ကို ငါတို့သိသည်။ ကျောင်းသား၊ ကျောင်းသူများ၏ စိတ်ကျန်းမာရေးကိုထိခိုက်စေသည်။ သူတို့သည် ကလေးအလုပ်သမားများ၊ လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားမှု စသည့်အခြေအနေများကြောင့် ဆင်းရဲနွမ်းပါးမှု သံသရာမှ လွတ်မြောက်ရန် အလားအလာနည်းပါးသည်။

ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) နှင့် ယူနီဆက်မှ မကြာသေးမီက ပြုလုပ်ခဲ့သည့် စစ်တမ်းတစ်ခုအရ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်ရှိ ဆင်းရဲသောရပ်ကွက်များမှ စာသင်ခန်းများသို့ ပြန်လာသည့် ကျောင်းသားများအရေအတွက်ရာခိုင်နှုန်းမှ ာ စိုးရိမ်ဖွယ်ကျဆင်းနေသည် ဟုသိရသည်။

“ကလေးတွေက ကျောင်းသို့ပြန်လာကြပေမယ့် အထက်တန်း၊ အလယ်တန်းရှိ ကျောင်းသား၊ ကျောင်းသူ ၇ ရာခိုင်နှုန်း (၉ ရာခိုင်နှုန်းမှာ ယောက်ျားလေးများဖြစ်သည်) မှာကျောင်းသို့ပြန်မလာကြပါ” ဟု အဖွဲ့များက မှတ်ချက်ချသည်။

လေ့လာမှုတွင် ဖြေကြားသူ ၅ ဦး တွင် တစ်ဦးက သူတို့၏ကလေးများသည် စာသင်ကြားရန်စိတ်ဝင်စားမှုနည်းသွားကြောင်းပြောကြားခဲ့သည်။ ဖြေဆိုသူ ၂ ဦး တွင် ၁ ဦး ကကျူရှင်အခကြေးငွေ ပေးရခြင်းကြောင့် အခက်အခဲဖြစ်ခဲ့သည်။ ၅၀ ရာခိုင်နှုန်းက ၎င်းတို့ကလေးများအတွက် ကျောင်းမုန့်ဖိုးပေးရန် ခက်ခဲကြောင်း ပြောကြားခဲ့သည်။ 

ဖိလစ်ပိုင်နိုင်ငံသည် လက်ရှိစာသင်နှစ်အတွက် ကျောင်းအပ်နှံမှုနှုန်းကျဆင်းသွားကြောင်း ဒေသခံမီဒီယာများမှ ပြီးခဲ့သည့် စက်တင်ဘာလက ပြောခဲ့သည်။ ယခင်ကျောင်းစာသင်နှစ် (၂၀၁၉-၂၀၂၀) နှင့် နှိုင်းယှဉ်လျှင် ၉ ရာခိုင်နှုန်းကျဆင်းခဲ့သည်ဟုသိရသည်။

“ ယခုအချိန်မှာတော့ ထို ၂.၃ သန်းကို ကျောင်းကထွက်ခွာသွားသူတွေ အဖြစ်သတ်မှတ်ပါတယ်။ ကျွန်တော်တို့ မဖြစ်စေချင်တာက ကလေးတွေကို အမြဲတမ်းနေရာရွှေ့ပြောင်းထားခြင်းပဲဖြစ်ပါတယ်။ စာလေ့လာမည့်အစား၊ သူတို့ဟာအမြဲတမ်းပဲအလုပ်သွားချင်ကြလိမ့်မယ်” ဟု အထက်လွှတ်တော်အမတ် Sherwin Gatchalian ကပြောသည်။

အလားတူအခြေအနေမျိုးကို အခြားဖွံ့ဖြိုးဆဲနိုင်ငံများစွာတွင်လည်း တွေ့မြင်နိုင်သည်။

Room to Read အဖွဲ့သည် မိန်းကလေးများ၏ ပညာရေးနှင့် ကလေးသူငယ် စာတတ်မြောက်မှုအပေါ် အာရုံစိုက်သော အဖွဲ့တစ်ဖွဲ့သည် ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊ အိန္ဒိယ၊ လာအို၊ နီပေါ၊ သီရိလင်္ကာ၊ စစ်တမ်းကောက်ယူခဲ့သော မိန်းကလေး ၄၂ ရာခိုင်နှုန်းက ကူးစက်ရောဂါဖြစ်ပွားနေစဉ်အတွင် းမိသားစုဝင်ငွေလျော့နည်းသွားကြောင်းနှင့် စစ်တမ်းကောက်ယူခဲ့သော မိန်းကလေးနှစ်ဦးလျှင် တစ်ဦးသည် ကျောင်းထွက်ရန် အလားအလာရှိသည်ဟု တွေ့ရှိခဲ့သည်။

ယူနီဆက်ဖ်အရှေ့အာရှနှင့် ပစိဖိတ်ဒေသ ပညာရေးအကြံပေးဖရန်စစ္စကိုဘနီဗစ်ဒစ်စ်က “ကျောင်းတွေပြန်ဖွင့်လျှင် ကလေးတွေအားလုံး ကျောင်းသို့ပြန်လာလိမ့်မယ်လို့ တပ်အပ် မဆိုလိုပါဘူး။ အကယ်၍ မိန်းကလေးများသည် သင်ယူမှု အခွင့်အလမ်းများကို လက်လှမ်းမမှီပါက မိသားစုများနှင့် လူ့အဖွဲ့အစည်းသည် စီးပွားရေးထိတ်လန့်မှုနှင့်လိုက်လျောညီထွေဖြစ်အောင် စွမ်းဆောင်နိုင်စွမ်း နည်းပါးနိုင်သည်။

Ref: theaseanpost

By Yu Khine

Latest Post Read 735 times