လာမယ့် ၂၀၂၆ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ် (၁၀) ခု

၂၀၂၆ ရောက်ရင် နိုင်ငံခြားမှာ ကျောင်းသွားတက်ဖို့ စီစဉ်နေသူတွေအတွက် QS World University Rankings မှ ထုတ်ပြန်ထားတဲ့ ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ်စာရင်းထဲမှ ထိပ်တန်း (၁၀) ကျောင်းကို ဖော်ပြပေးသွားပါမယ်။ 

တက္ကသိုလ်အလိုက် ကျောင်းဝင်ခွင့် လိုအပ်ချက်တွေ၊ တက်ရောက်နိုင်မယ့် မေဂျာတွေ၊ ကျောင်းလခတွေကို အောက်မှာ အသေးစိတ်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ 

ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ် (၁၀) ကျောင်း

၁။ Massachusetts Institute of Technology (MIT)
၂။ Imperial College London (ICL)
၃။ Stanford University
၄။ University of Oxford
၅။ Harvard University
၆။ University of Cambridge
၇။ ETH Zurich
၈။ National University of Singapore (NUS)
၉။ University College London (UCL)
၁၀။ California Institute of Technology (Caltech)

၁။ Massachusetts Institute of Technology (MIT)

MIT တက္ကသိုလ်က အမေရိကန်ပြည်ထောင်စု မက်ဆာချူးဆက်ပြည်နယ် ကိန်းဘရစ်ချ်မြို့မှာ တည်ရှိတဲ့ ပုဂ္ဂလိကတက္ကသိုလ်ဖြစ်ပါတယ်။ MIT ဟာ QS World Ranking မှာ ၂၀၁၂ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်အထိ (၁၄) နှစ်ဆက်တိုက် ပထမနေရာကို ရယူထားတာပဲ ဖြစ်ပါတယ်။ MIT မှာ ကျောင်း (၅) ကျောင်း၊ ကောလိပ် (၁) ခုနဲ့ ပညာရေးဌာနပေါင်း (၃၂) ခုရှိပြီး သိပ္ပံနဲ့ နည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းတွေကို အဓိက လုပ်ဆောင်တဲ့ နာမည်ကြီးတက္ကသိုလ် ဖြစ်ပါတယ်။ 

Programs - https://oge.mit.edu/graduate-admissions/programs/fields-of-study/

Tuition Fee - $61,990 per year

Scholarship - Available

Admission Requirements

၂။ Imperial College London

ICL တက္ကသိုလ်ကတော့ ဒုတိယနေရာမှာ ရပ်တည်နေပြီး အင်္ဂလန်နိုင်ငံရဲ့ မြို့တော် လန်ဒန်မှာ တည်ရှိတဲ့ အစိုးရတက္ကသိုလ်ဖြစ်ပါတယ်။ ICL က သိပ္ပံ၊ အင်ဂျင်နီယာ၊ ဆေးဝါးနဲ့ စီးပွားရေးဆိုင်ရာ ဘာသာရပ်တွေမှာ နာမည်ကြီးတဲ့ တက္ကသိုလ်ဖြစ်ပါတယ်။ ICL မှာ မဟာဌာနကြီး (၅) ခုအောက်က ဌာနခွဲ (၂၉) ခုနဲ့ စီးပွားရေးကျောင်းတစ်ခုရှိပြီး မေဂျာပေါင်း (၂၀၀) ကျော် ရွေးချယ်တတ်ရောက်နိုင်ပါတယ်။ 

Programs - https://www.imperial.ac.uk/study/courses/

Tuition Fee- £40,940 per year

Scholarship - Available

Admission Requirements

၃။ Stanford University

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့မှာ တည်ရှိတဲ့ Stanford University မှာ ၂၀၂၅ ခုနှစ်က နံပါတ် (၆) နေရာကနေ ဒီနှစ်မှာ နံပါတ် (၃) နေရာကို ရောက်ရှိလာပါတယ်။ ဒီတက္ကသိုလ်က အင်ဂျင်နီယာ၊ ကွန်ပျူတာသိပ္ပံ၊ စီးပွားရေးနဲ့ ဆေးဝါးဆိုင်ရာ ဘာသာရပ်တွေမှာ နာမည်ကြီးပြီး သုတေသနဌာန (၁၈) ခုနဲ့ ကျောင်း (၇) ကျောင်း ရှိပါတယ်။

Programs - https://majors.stanford.edu/majors

Tuition Fee - $92,000 per year

Scholarship - Available

Admission Requirements

၄။ University of Oxford

နာမည်ကြီး အောက်စ်စဖို့တက္ကသိုလ်ဟာ ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်များ စာရင်းထဲမှာ နံပါတ် (၄) နေရာကို ရယူထားပြီး နှစ်ပေါင်း (၉၀၀) ကျော် သက်တမ်းရှိ ရှေးအကျဆုံးတက္ကသိုလ်တစ်ခုလည်း ဖြစ်ပါတယ်။ ဒီတက္ကသိုလ်က အင်္ဂလန်နိုင်ငံ အောက်စ်စဖို့မြို့မှာ တည်ရှိပြီး အဓိက ပညာရေးဌာန (၄) ခုနဲ့ ဖွဲ့စည်းထားပါတယ်။ သိပ္ပံဘာသာရပ်တွေမှာ နာမည်ကြီးပြီး ဆေးပညာရပ်အတွက် ကမ္ဘာ့နံပါတ် (၁) တက္ကသိုလ်အဖြစ် သတ်မှတ်ခံထားရတဲ့ တက္ကသိုလ်ဖြစ်ပါတယ်။ 

Programs - https://www.ox.ac.uk/admissions/undergraduate/courses/course-listing

Tuition Fee - £35,260 ~ £59,260 per year

Scholarship - Available

Admission Requirements

၅။ Harvard University

အမေရိကန်ရဲ့ နှစ်ပေါင်း (၄၀၀) နီးပါး သက်တမ်းရှိတဲ့ ဟားဗက်တက္ကသိုလ်က ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်များ စာရင်းထဲမှာ နံပါတ် (၅) နေရာမှာ ရပ်တည်နေပြီး မက်ဆာချူးဆက်ပြည်နယ် ကိန်းဘရစ်ချ်မြို့မှာ တည်ရှိပါတယ်။ ဟားဗက်တက္ကသိုလ်ဟာ ဘာသာရပ်အလိုက် ကျောင်းခွဲတွေသာမက မဟာဌာနကြီးတွေကို ဖွင့်လှစ်ကာ ဝိဇ္ဇာ၊ သိပ္ပံဘာသာရပ်တို့အပြင်၊ ဆေးဝါး၊ အင်ဂျင်နီယာ၊ ဥပဒေဘာသာရပ်တွေကိုလည်း သင်ကြားပေးပါတယ်။ 

Programs - https://www.harvard.edu/programs/

Tuition Fee- $59,320 per year

Scholarship - Available

Admission Requirements

၆။ University of Cambridge

ယူကေရဲ့ ကမ္ဘာ့ရှေးအကျဆုံးတက္ကသိုလ်တွေထဲက တစ်ခုဖြစ်ပြီး အကြီးဆုံးတက္ကသိုလ်လည်းဖြစ်တဲ့ University of Cambridge က ဒီနှစ်အတွက် ထိပ်ဆုံး (၅) ကျောင်းစာရင်းထဲမှာ မပါတော့ပေမဲ့ ကျောင်းသားတိုင်းရဲ့ အိမ်မက်တက္ကသိုလ်ဖြစ်နေဆဲပါပဲ။ တက္ကသိုလ်ရဲ့ တည်နေရာကတော့ အင်္ဂလန်နိုင်ငံ၊ ကိန်းဘရစ်ချ်မြို့မှာ တည်ရှိပြီး အစိုးရပိုင် သုတေသနတက္ကသိုလ်ဖြစ်ပါတယ်။ ဒီတက္ကသိုလ်မှာ ကောလိပ် (၃၁) ခုရှိပြီး ပညာရေး၊ စီးပွားရေး၊ ဥပဒေ၊ ဆေးဝါး၊ အင်ဂျင်နီယာ၊ လူမှုရေးဘာသာရပ်တွေမှာ တတ်ရောက်နိုင်ပါတယ်။ 

Programs  - https://www.cam.ac.uk/

Tuition Fee - £24,507 ~ £63,990 per year

Scholarship - Available

Admission Requirements

၇။ ETH Zurich

အဆင့် (၇) နေရာကို ရောက်နေတာကတော့ ဆွစ်ဇာလန်နိုင်ငံရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ ဇူးရစ်ချ်မြို့မှာ တည်ရှိတဲ့ ETH Zurich တက္ကသိုလ်ပဲ ဖြစ်ပါတယ်။ သိပ္ပံနဲ့ နည်းပညာဆိုင်ရာ ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်တွေထဲမှ တစ်ခုဖြစ်ပြီး နောက်ဆုံးပေါ် သုတေသနနဲ့ ဆန်းသစ်တီထွင်မှုတွေကြောင့် လူသိများပါတယ်။ တက္ကသိုလ်မှာ ဌာန (၁၆) ခုရှိပြီး အင်ဂျင်နီယာ၊ ဗိသုကာပညာရပ်မှစပြီး ဓာတုဗေဒနှင့် ရူပဗေဒဘာသာရပ်တွေအထိ သိပ္ပံနည်းကျ သုတေသန ပြုလုပ်ရပါတယ်။

Programs - https://ethz.ch/students/en/studies/degree-programmes.html

Tuition Fee- CHF 1,460 per year

Scholarship - Available

Admission Requirements

၈။ National University of Singapore (NUS)

NUS က QS World Ranking အရ ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ် ထိပ်ဆုံး (၁၀) ကျောင်းစာရင်းထဲမှာ ပါဝင်တဲ့ တစ်ခုတည်းသော အာရှတက္ကသိုလ်ဖြစ်ပြီး အဆင့် (၈) နေရာကို (၃) နှစ်ဆက်တိုက် ရရှိခဲ့ပါတယ်။ NUS က စင်္ကာပူနိုင်ငံရဲ့ နာမည်ကြီးကျောင်းဖြစ်ပြီး ပညာရေးနဲ့ သုတေသနဘက်မှာ လူသိများပါတယ်။ နိုင်ငံအတွင်းမှာပဲ ကမ်းပတ်စ် (၃) ခုရှိပြီး ကွန်ပျူတာ၊ အင်ဂျင်နီယာ၊ စီးပွားရေး၊ ဥပဒေ၊ ဆေးဝါး၊ အနုပညာ စတဲ့ ဘာသာရပ်ဆိုင်ရာ ကျောင်းပေါင်း (၁၇) ခုရှိပါတယ်။

Programs - https://www.nus.edu.sg/oam/undergraduate-programmes

Tuition Fee - S$33,000 ~ S$181,150 per year

Scholarship - Available

Admission Requirements

၉။ University College London (UCL)

ကမ္ဘာ့အကာင်းဆုံးတက္ကသိုလ်စာရင်းရဲ့ နံပါတ် (၉) နေရာမှာ ရောက်ရှိနေတဲ့ UCL က အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့တော်မှာ တည်ရှိတဲ့ အစိုးရပိုင် သုတေသနတက္ကသိုလ်တစ်ခု ဖြစ်ပါတယ်။ UCL က ပညာရေးပိုင်းအတွက်သာမက အလုပ်အကိုင်အခွင့်အလမ်းအတွက်ပါ စိတ်ချရတဲ့ တက္ကသိုလ်အဖြစ် နိုင်ငံတကာကျောင်းသားတွေကြား နာမည်ကြီးပါတယ်။ UCL တက္ကသိုလ်မှာ ပညာရေးဌာန (၁၁) ခုရှိပြီး ဘွဲ့ကြို၊ ဘွဲ့လွန် ပရိုဂရမ်ပေါင်း (၁) ထောင်ကျော်ကို ရွေးချယ်တတ်ရောက်နိုင်ပါတယ်။ 

Programs - https://www.ucl.ac.uk/prospective-students/undergraduate/degrees

Tuition Fee - £39,800 per year

Scholarship - Available

Admission Requirements

၁၀။ California Institute of Technology (Caltech)

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ပါဆဒီနာမြို့မှာ တည်ရှိတဲ့ California Institute of Technology (Caltech) တက္ကသိုလ်က ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်များ စာရင်းရဲ့  နံပါတ် (၁၀) နေရာမှာ ရပ်တည်နေပါတယ်။ ဒီတက္ကသိုလ်က ပုဂ္ဂလိကတက္ကသိုလ်ဖြစ်ပြီး အင်ဂျင်နီယာနဲ့ သိပ္ပံဘာသာရပ်ဆိုင်ရာ သုတေသနတွေမှာ နာမည်ကြီးပါတယ်။ ဒီတက္ကသိုလ်မှာ ပညာရေးဌာန (၆) ခုရှိပြီး စီးပွားရေး၊ အင်ဂျင်နီယာ၊ နည်းပညာ၊ စိတ်ပညာ၊ နိုင်ငံရေးသိပ္ပံ၊ ဓာတုဗေဒ၊ ရူပဗေဒ စတဲ့ ဘာသာရပ်တွေကို သင်ကြားပေးလျက်ရှိပါတယ်။ 

Programs - https://www.admissions.caltech.edu/why-caltech/academics/majors-minors

Tuition Fee- $65,622 per year

Scholarship - Available

Admission Requirements

=======================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

International News Latest Post University / College Read 35 times