Sales Hotline : 09448001653       Download App



မူကြိုသွားခါနီးတိုင်း ကလေးက ငိုနေပြီဆို.....

မူကြိုသွားခါနီးတိုင်း ကလေးက ငိုနေပြီဆို.....

**Unicode**

ကလေးအများစုကတော့ ကျောင်းသွားခါနီးဆို ဟိုဟာမဝတ်ခြင်ဘူး ဒီဟာမဝတ်ခြင်ဘူး ကျောင်းမသွားခြင်ဘူး ဆိုပြီး အမျိုးမျိုးရစ်တတ်ပါတယ်နော်...။

အဲလိုတွေနေ့စဉ်ဖြစ်နေရင်တော့ သင့်ကလေးကို ဒီလိုနည်းလေးတွေ သုံးပြီး ဖြေရှင်းကြည့်ပါ။

နံပါတ် ၁ -  ကလေးနားလည်အောင် ရှင်းရှင်းလင်းလင်း ပြောပြပေးပါ။

ကလေးငယ်တွေ မူကြိုစပို့တော့မယ်ဆိုရင် ရုတ်တရက် ပို့လိုက်တာမျိုးမပြုလုပ်ပါနဲ့...။ မူကြိုကျောင်းကို ဘာကြောင့်သွားရတယ်ဆိုတာကို သူတို့ နည်းလည်တဲ့ပုံစံနဲ့ သေသေချာချာ ရှင်းပြပေးဖို့ လိုအပ်ပါတယ်။

နံပါတ် ၂ - စိတ်ရှည်ရှည်ထားပါ။

ကလေးငယ်တွေဟာ မူကြိုကျောင်းသွားတိုင်း ရစ်တာတွေ ရှိတတ်ပါတယ်။ အဲလိုဖြစ်လာတဲ့အခါ စိတ်မရှည်တာတွေ ဖြစ်ပြီး ကလေးကို ရိုက်တာတွေ၊ ဆူငေါက်တာတွေ မပြုလုပ်ဘဲ စိတ်ရှည်ရှည်ထားပြီး နားလည်အောင် ပြောပြသင့်ပါတယ်။ နောက်ပြီး သူတို့ ကြိုက်နှစ်သက်တဲ့ မုန့်ထုပ်လေးတွေပါ ထည့်ပေးလိုက်ပါ။

နံပါတ် ၃ - မူကြိုကျောင်းရွေးချယ်ပါ။

ကျောင်းအပ်ဖို့စတင်စုံစမ်းတဲ့နေရာမှာ ကိုယ့်ကလေးအတွက် ဘယ်လိုကျောင်းမျိုး ထားချင်သလဲဆိုတာကို ရွေးချယ်ဆုံးဖြတ်ပြီးပြီဆိုရင်တော့ ပထမဆုံးအနေနဲ့ ကျောင်းကို စုံစမ်းရတော့မှာ ဖြစ်ပါတယ်။

မိဘအများစုကတော့ ကိုယ်နဲ့နီးစပ်ရာကျောင်းတွေ၊ ကိုယ့်မိတ်ဆွေသူငယ်ချင်းရဲ့ သားသမီးတွေ တက်ခဲ့တဲ့ကျောင်းများကိုသာ စုံစမ်းပြီး အဆင်ပြေတဲ့ ကျောင်းမျိုးသာ ရွေးချယ်လိုက်တာ များပါတယ်။ သို့ပေမယ့် ကိုယ်ရွေးချယ်လိုက်တဲ့ ကျောင်းက ကိုယ့်ကလေးနဲ့ ကိုက်ညီမှုရှိပြီး ကျောင်းတက်ရမယ့် နေ့ရက်တိုင်းမှာ ပျော်နေစေဖို့လည်း လိုအပ်ပါတယ်။

မူကြိုကျောင်းတွေရဲ့ information ကို သိချင်ရင်တော့ www.edge.com.mm သို့ ဝင်ကြည့်လိုက်ပါနော်...။

နံပါတ် ၄ - ပူးပေါင်းဖြေရှင်းပါ။

ကလေးငယ် မူကြိုမပျော်တဲ့အခါ ဘာကြောင့် မပျော်ရတယ်ဆိုတာ မေမေဖေဖေတို့နဲ့ ဆရာ၊ဆရာမတွေ ပူးပေါင်းပြီး ဖြေရှင်းပေးသင့်ပါတယ်။

မူကြိုကျောင်းမှာရှိတဲ့ သူငယ်ချင်းတွေနဲ့ ခင်ခင်မင်မင်ဖြစ်အောင် မေမေဖေဖေတို့က ပြုလုပ်ပေးဖို့လိုပါတယ်။ မူကြိုမှာ သူငယ်ချင်းအသစ်တွေ ရသွားရင် ကလေးငယ်က ကျောင်းသွားတဲ့အခါမှာ ငိုမှာမဟုတ်တော့ပါဘူး။

ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးအခြေအနေများ၊ အခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။

 

 

**Zawgyi**















Tips Read 2717 times