သမဝါယမနှင့် စီမံခန့်ခွဲမှုတက္ကသိုလ် (သန်လျင်) မှ စီးပွားရေးဥပဒေသင်တန်းကို Zoom အွန်လိုင်းစနစ်ဖြင့် ဖွင့်လှစ်သင်ကြားမည်ဖြစ်သဖြင့် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများ လျှောက်ထားနိုင်သည်။
လျှောက်ထားလိုသူများသည် နိုဝင်ဘာ (၁၉) ရက်နေ့ကနေ (၂၈) ရက်နေ့အထိ https://forms.gle/8m4xyn82hCXkL3PY6 မှတဆင့် ကိုယ်ရေးအချက်အလက် ဖြည့်စွက်ပြီး လျှောက်ထားနိုင်သည်။
သင်တန်းကာလမှာ (၃) လဖြစ်ပြီး သင်တန်းကြေး (၁) ကျပ်ကို KBZ pay ဖြင့် နိုဝင်ဘာ (၃၀) ရက်နေ့ နောက်ဆုံးထား၍ ပေးသွင်းနိုင်ပါသည်။
သင်တန်းကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ (၆) ရက်နေ့ စတင် ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့ နံနက် (၉) နာရီမှ (၁၂) နာရီအထိ တက်ရောက်ရပါမည်။
သင်တန်းပြီးဆုံးအောင်မြင်ပါက စီးပွားရေးလုပ်ငန်းဆိုင်ရာ ဥပဒေ အသိအမှတ်ပြုလက်မှတ် (Certificate in Business Law - DBL) ကို ရရှိမည်ဖြစ်သည်။
သင်တန်းနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက ဖုန်း (၀၉-၉၇၆၁၉၃၆၄၄၊ ၀၉-၄၃၀၂၀၄၂၀၊ ၀၉-၄၅၀၅၀၀၃၅၃) တို့ကို ဆက်သွယ် စုံစမ်းနိုင်သည်။
==============
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။