ရန်ကုန်တက္ကသိုလ်တွင် ဖွင့်လှစ်မည့် စားသာက်ကုန်လုပ်ငန်းအတတ်ပညာ

ရန်ကုန်တက္ကသိုလ်၊ ကုန်ထုတ်ဓာတုဗေဒဌာနတွင် စားသောက်ကုန်လုပ်ငန်းအတတ်ပညာ (Certificate in Food Technology) သင်တန်းကို (၃) လကြာ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်‌ကြောင်း သိရပါသည်။ 

အဆိုပါသင်တန်းကို တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများမှစ၍ လျှောက်ထားနိုင်ပါသည်။ ရန်ကုန်တက္ကသိုလ်၊ ကျောင်းသားရေးရာဌာနတွင် သတ်မှတ်ထားသည့် လျှောက်လွှာပုံစံဖြင့် မေလ (၂၅) ရက်နေ့မှ ဇွန်လ (၁) ရက်နေ့အထိ လျှောက်ထားနိုင်ပါသည်။

သင်တန်းစတင်ဖွင့်လှစ်မည့်ရက်မှာ ၂၀၂၆ ခုနှစ်၊ ဇွန်လ (၂) ရက်နေ့ ဖြစ်ပြီး သင်တန်းကာလမှာ (၃) လကြာမြင့်ပါမည်။ သင်တန်းကို အင်္ဂါ၊ ကြာသပတေး၊ သောကြာတို့တွင် မနက် (၇) နာရီမှ (၉) နာရီအထိ တက်ရောက်ရပါမည်။ သင်တန်းကြေးကတော့ (၃) လပေါင်းကို တစ်သိန်းကျပ် ပေးသွင်းရပါမည်။

ထိုသင်တန်းတွင် အစားအသောက်ထုတ်လုပ်ခြင်း၊ သိမ်းဆည်းခြင်း၊ ထုပ်ပိုးခြင်း၊ ဖြန့်ဖြူးခြင်းပညာရပ်တို့အပြင် အစားအစာဘေးကင်းမှု၊ အရည်အသွေးထိန်းချုပ်ခြင်းနှင့် အာဟာရလုံလောက်မှုတို့ကိုပါ သိရှိနားလည်စေရန် သင်ကြားပေးမည်ဖြစ်သည်။ သင်တန်းပြီးဆုံးပါက Cerficate in Food Technology အောင်လက်မှတ်ကိုလည်း ရရှိပါမည်။

သင်တန်းနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို စုံစမ်းလိုပါက ရန်ကုန်တက္ကသိုလ်ရှိ ကုန်ထုတ်ဗေဒဌာနသို့ လူကိုယ်တိုင်သွား၍ဖြစ်စေ၊ ဖုန်းနံပါတ် ၀၉-၇၇၃၇၂၇၆၆၇၊ ၀၉-၈၈၃၄၉၁၈၉၀ တို့ကို ရုံးချိန်အတွင်း ဆယ်သွယ်မေးမြန်းနိုင်ပါသည်။  

=============================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post Local News Vocational Read 23524 times