Sales Hotline : 09448001653       Download App



အခြေခံပညာကဏ္ဍအတွက် ပညာရှင်အဆင့် (၄) ရာထူးတိုး စာမေးပွဲ လျှောက်လွှာများ ခေါ်ယူ

အခြေခံပညာကဏ္ဍအတွက် ပညာရှင်အဆင့် (၄) ရာထူးတိုး စာမေးပွဲ လျှောက်လွှာများ ခေါ်ယူ

အခြေခံပညာကဏ္ဍတွင် လက်ရှိ တာဝန်ထမ်းဆောင်နေကြသူများထဲမှ အလယ်တန်းကျောင်းအုပ်၊ ဦးစီးအရာရှိ (ပညာရှင်)၊ လက်ထောက်မြို့နယ်ပညာရေးမှူး၊ ဦးစီးအရာရှိ (ကာယ)၊ ဦးစီးအရာရှိ (ရုံး)၊ ဦးစီးအရာရှိ (ကွန်ပျူတာ) အစရှိသည့် ရာထူးများသို့ တိုးမြှင့်လိုသူများအနေဖြင့် ရာထူးတိုး စာမေးပွဲဝင်ရောက် ဖြေဆိုရန် လျှောက်လွှာများ ခေါ်ယူထားပြီး ရေးဖြေစာမေးပွဲတွင် ရရှိသော သတ်မှတ်ရမှတ်နှင့် လုပ်သက်ရမှတ်တို့ကို တွက်ချက်ပြီး တန်းစီဇယားရေးဆွဲဆန့်ထားမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ သိရသည်။

“ကျောင်းအုပ်ရာထူးကတော့ အလယ်တန်းကျောင်းနဲ့ အထက်တန်းကျောင်းခွဲတွေအတွက် လိုနေတဲ့အတွက် ထည့်သွင်းခေါ်ယူထားတာ။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင် ကျောင်းအုပ်ကိုပဲ ၁၂၀၀ လောက် လစ်လပ်နေတယ်။ တချို့ကျောင်းတွေကတော့ လက်ထောက်ကျောင်းအုပ်နဲ့ သွားနေရတယ်။ တချို့ကျောင်းတွေကတော့ ကျောင်းမရှိသလို ဖြစ်နေတယ်။ ဦးစီးရာရှိနေရာကျတော့ သိပ်မလိုဘူး” ဟု ပြောသည်။

READ - ယခုပညာသင်နှစ်အတွက် ဘွဲ့ရနေ့စားလပေး မူလတန်းပြများကို ခေါ်ယူနိုင်တော့မည်မဟုတ်

ရာထူးတိုးစာမေးပွဲ ဖြေဆိုလိုသူများအနေဖြင့် မြို့နယ်ပညာရေးမှူးရုံးများတွင် ယခုလ ၂၀ ရက်မှ စတင်ပြီး လျှောက်လွှာများ ရယူကာ ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလ ၂ ရက်နေ့ နောက်ဆုံးထား ပေးပို့ရမည် ဖြစ်သည်။

ဇန်န၀ါရီလ ၂၈ ရက်တွင် သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ်အလိုက် ရာထူးတိုးစာမေးပွဲများ ကျင်းပပြီး လူတွေ့စစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်သည်။

ရေးဖြေစာမေးပွဲတွင် စီမံ၊ ဘဏ္ဍာ၊ ပညာ၊ အိုင်စီတီ၊ အင်္ဂလိပ်စာတို့နှင့် ပတ်သက်သော အကြောင်းအရာများ ပါဝင်သည့် နှစ်နာရီမေးခွန်းများကို ဖြေဆိုရမည်ဖြစ်သည်။

ရာထူးတိုး စာမေးပွဲနှင့် လူတွေ့စစ်ဆေးမှုများ အောင်မြင်ပြီး ခန့်ထားခြင်းခံရပါက လစ်လပ်သော နေရာများတွင် သွားရောက်တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: democracy today

News Read 7582 times