Sales Hotline : 09448001653       Download App



မိဘများ သား၊ သမီးများအပေါ် မှားယွင်းတတ်သောအုပ်ထိန်းမှုအချက် ၅ချက်

မိဘများ သား၊ သမီးများအပေါ် မှားယွင်းတတ်သောအုပ်ထိန်းမှုအချက် ၅ချက်

**Unicode**

မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းပညာများကို ဂရုတစိုက် သင်ကြားပေးရုံသာမက တက္ကသိုလ်ပညာရေးကိုပါ မိမိနိုင်ငံတွင်သာမက နိုင်ငံရပ်ခြားတွင် ပညာသင်ကြားခွင့်ရနိုင်ရေးအတွက်ပါ အလေးပေးဆောင်ရွက်လာပါတယ်။

ယခုသားသမီးလူငယ်များသည် အနာဂတ်၏ မျိုးဆက်သစ်များဆိုပါကလည်း မမှားချေ။

ထို့ကြောင့် အကောင်းဆုံးအနာဂတ်လူငယ်များကို ပြုစုပျိုးထောင်ရန် မိဘနှင့် သားသမီးကြားတွင် အပေးအယူမျှတမှုနှင့် နားလည်မှုရှိရန် လိုအပ်ပါသည်။

အောက်ပါ ဆောင်းပါးတွင် မိဘများ ဖြစ်လေ့ဖြစ်ထရှိသော အုပ်ထိန်းမှု အမှား ၅ ချက်ကို ဖော်ပြထားပါသည်။

၁။ သားသမီး၏ ခံစားချက်များကို နားမထောင်ပေးချင်း

မိဘအများစုဟာ သားသမီးများကို ဆိုဆုံးမစည်းကမ်းပေးတတ်ကြပေမယ့် မိမိသားသမီးများ၏ ပြောကြားချက်များ ကို အမှတ်မထင် အလေးမထားပဲ နေတတ်ကြပါတယ်။

အလုပ်ရှုပ်၍ ဖြစ်စေ အချိန်မပေးနိုင်၍ ဖြစ်စေ သားသမီးများ၏ ခံစားချက်များကို နားမထောင်ဖြစ်သော အကြိမ်အရေ အတွက်များလာပါက မိဘနှင့် သားသမီးကြား ဆက်ဆံရေးကို ထိခိုက်နိုင်ပါတယ်။

၂။ အချိန်မပေးချင်း

မိဘ အများစုက သားသမီးများကို အကောင်းဆုံးထားချင်သော စိတ်ဖြင့် အလုပ်ကြိုးစားကာ ပိုက်ဆံများ ရှာဖွေတတ်ကြပါတယ်။

သားသမီးလိုချင်တာ ဝယ်ပေးရုံနှင့် ပြည့်စုံပြီဟူ၍ကား တစ်ချို့ကား ထင်မြင်ကြပါတယ်။ သို့သော် မိဘနှင့် သားသမီးကြား အချိန်ပေး၍ မိဘမေတ္တာပြရန် လိုအပ်ပါတယ်။

နွေးထွေးသော မိသားစုဘဝသည် ကလေးများ၏ အပြုအမူ၊ အနေအထိုင်၊ အပြောအဆိုနှင့် စဉ်းစားတွေးခေါ်မှုများ အပေါ် အနည်းအများ သက်ရောက်မှုရှိပါတယ်။

၃။ အတင်းအကျပ်ခိုင်းစေခြင်းနှင့် မိဘသာလျှင် မှန်သည်ဟု ယူဆခြင်း

ထိုအတွေးအခေါ်များကို ရှေးရိုးစွဲနေသော မြန်မာမိဘများတွင် အများစုတွေ့ရှိရတတ်ပါတယ်။ အချို့အရာများတွင် လူငယ်အမြင်နှင့် လူကြီးအမြင် အမြဲမတူညီနိုင်ပါ။ ခေတ်ကာလ နှင့် ဓလေ့စရိုက် ကွာခြားမှုအပေါ် မူတည်၍

အတွေးအခေါ် အယူအဆများ ပြောင်းလဲတတ်ခြင်းကို မိဘများ နားလည်ရန် လိုအပ်ပါတယ်။ အပြန်အလှန် နားလည်မှု မရှိပဲ အတင်းအကျပ်ခိုင်းစေခြင်းများ ပြုလုပ်ပါက စိတ်ဖိစီးမှုများစေပြီး စိတ်ဆိုးလွယ်၊ ဒေါသထွက်လွယ်သော လူကြီးများအဖြစ် မွေးဖွားလာစေနိုင်ပါတယ်။

၄။ စိုးရိမ်လွန်ကဲခြင်း၊ အလွန်အကျွံကာကွယ်ပေးခြင်း

မိဘအများစုက သားသမီးများ အပေါ် စိုးရိမ်လွန်ကဲစိတ် ရှိတတ်ကြပါတယ်။ စိုးရိမ်သည့် အလျောက် ရံဖန်ရံခါတွင် အလွန်အကျွွံကာကွယ်ပေးမှုများ၊ အမြဲတစေ စောင့်ကျပ်ပေးမှုများပြုလုပ်တတ်ပါသည်။

သို့သော် သားသမီးများဘက်တွင်လည်း ကိုယ်ပိုင်အချိန်လိုအပ်ပါသည်။ အလွန်အကျွွံစိတ်ပူခြင်းနှင့် ကာကွယ်ပေးမှုများက သားသမီးများကို စိတ်အကျဉ်းအကြပ်ရိုက်စေပြီး မိမိကိုယ်ကိုယ် ယုံကြည်ချက်များလည်း ကျဆင်းစေနိုင်ပါတယ်။

၅။ အလွန်အကျွံ အပြစ် ပြောဆိုခြင်း

အချို့မိဘများသည် သားသမီးများ၏ လုပ်ဆောင်များကို အမြဲတစေအပြစ်ပြောဆိုမှုများပြုလုပ်တတ်ပါသည်။ သားသမီးများ၏ အမှားအချို့ကိုထောက်ပြ၍ အကျိုးအကြောင်းရှင်းလင်းပြီး အမှန်ပြင်ဆင်ပေးခြင်းသည် နည်းလမ်းကျသော အုပ်ထိန်းမှု ဖြစ်ပါသည်။

အမြဲတစေ ပြောဆိုခြင်း၊ သားသမီး၏ ကြိုးစားအားထုတ်မှုများကို အသိအမှတ်မပြုချင်းတို့ ပြုလုပ်ပါက နောက်ဆုံးတွင် သားငယ် သမီးငယ်များကို စိတ်အားငယ်စေချင်း စိတ်ဓာတ်ကျဆင်းချင်း နှင့် မိမိကိုယ်ကို ယုံကြည်မှု ကျဆင်းချင်းတို့ ဖြစ်လာစေနိုင်ပါသည်။

မိဘနှင့် သားသမီးကြား အစဉ် ထာဝရ အေးချမ်းမှု ရရှိနိုင်ပါစေ။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ၊ ကျောင်းများ၊ Scholarship၊ Knowledge များနှင့် ပတ်သက်သော အချက်အလက်များကို ဝင်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

 

**Zawgyi**

မူလတန္း၊ အလယ္တန္းႏွင့္ အထက္တန္းပညာမ်ားကို ဂရုတစိုက္ သင္ၾကားေပးရုံသာမက တကၠသိုလ္ပညာေရးကိုပါ မိမိႏိုင္ငံတြင္သာမက ႏုိင္ငံရပ္ျခားတြင္ ပညာသင္ၾကားခြင့္ရႏိုင္ေရးအတြက္ပါ အေလးေပးေဆာင္ရြက္လာပါတယ္။

ယခုသားသမီးလူငယ္မ်ားသည္ အနာဂတ္၏ မ်ိဳးဆက္သစ္မ်ားဆုိပါကလည္း မမွားေခ်။

ထုိ႔ေၾကာင့္ အေကာင္းဆုံးအနာဂတ္လူငယ္မ်ားကို ျပဳစုပ်ိဳးေထာင္ရန္ မိဘႏွင့္ သားသမီးၾကားတြင္ အေပးအယူမွ်တမႈႏွင့္ နားလည္မႈရွိရန္ လုိအပ္ပါသည္။

ေအာက္ပါ ေဆာင္းပါးတြင္ မိဘမ်ား ျဖစ္ေလ့ျဖစ္ထရွိေသာ အုပ္ထိန္းမႈ အမွား ၅ ခ်က္ကုိ ေဖာ္ျပထားပါသည္။

၁။ သားသမီး၏ ခံစားခ်က္မ်ားကို နားမေထာင္ေပးခ်င္း

မိဘအမ်ားစုဟာ သားသမီးမ်ားကို ဆုိဆုံးမစည္းကမ္းေပးတတ္ၾကေပမယ့္ မိမိသားသမီးမ်ား၏ ေျပာၾကားခ်က္မ်ား ကို အမွတ္မထင္ အေလးမထားပဲ ေနတတ္ၾကပါတယ္။

အလုပ္ရႈပ္၍ ျဖစ္ေစ အခ်ိန္မေပးႏို္င္၍ ျဖစ္ေစ သားသမီးမ်ား၏ ခံစားခ်က္မ်ားကို နားမေထာင္ျဖစ္ေသာ အႀကိမ္အေရ အတြက္မ်ားလာပါက မိဘႏွင့္ သားသမီးၾကား ဆက္ဆံေရးကုိ ထိခိုက္ႏိုင္ပါတယ္။

၂။ အခ်ိန္မေပးခ်င္း

မိဘ အမ်ားစုက သားသမီးမ်ားကို အေကာင္းဆံုးထားခ်င္ေသာ စိတ္ျဖင့္ အလုပ္ႀကိဳးစားကာ ပိုက္ဆံမ်ား ရွာေဖြတတ္ၾကပါတယ္။

သားသမီးလိုခ်င္တာ ၀ယ္ေပးရုံႏွင့္ ျပည့္စုံၿပီဟူ၍ကား တစ္ခ်ိဳ႕ကား ထင္ျမင္ၾကပါတယ္။ သို႔ေသာ္ မိဘႏွင့္ သားသမီးၾကား အခ်ိန္ေပး၍ မိဘေမတၱာျပရန္ လုိအပ္ပါတယ္။

ေႏြးေထြးေသာ မိသားစုဘ၀သည္ ကေလးမ်ား၏ အျပဳအမူ၊ အေနအထိုင္၊ အေျပာအဆုိႏွင့္ စဥ္းစားေတြးေခၚမႈမ်ား အေပၚ အနည္းအမ်ား သက္ေရာက္မႈရွိပါတယ္။

၃။ အတင္းအက်ပ္ခုိင္းေစျခင္းႏွင့္ မိဘသာလွ်င္ မွန္သည္ဟု ယူဆျခင္း

ထိုအေတြးအေခၚမ်ားကို ေရွးရိုးစြဲေနေသာ ျမန္မာမိဘမ်ားတြင္ အမ်ားစုေတြ႕ရွိရတတ္ပါတယ္။ အခ်ိဳ႕အရာမ်ားတြင္ လူငယ္အျမင္ႏွင့္ လူႀကီးအျမင္ အၿမဲမတူညီႏိုင္ပါ။ ေခတ္ကာလ ႏွင့္ ဓေလ့စရုိက္ ကြာျခားမႈအေပၚ မူတည္၍

အေတြးအေခၚ အယူအဆမ်ား ေျပာင္းလဲတတ္ျခင္းကို မိဘမ်ား နားလည္ရန္ လုိအပ္ပါတယ္။ အျပန္အလွန္ နားလည္မႈ မရွိပဲ အတင္းအက်ပ္္ခိုင္းေစျခင္းမ်ား ျပဳလုပ္ပါက စိတ္ဖိစီးမႈမ်ားေစၿပီး စိတ္ဆိုးလြယ္၊ ေဒါသထြက္လြယ္ေသာ လူႀကီးမ်ားအျဖစ္ ေမြးဖြားလာေစႏိုင္ပါတယ္။

၄။ စိုးရိမ္လြန္ကဲျခင္း၊ အလြန္အကၽြံကာကြယ္ေပးျခင္း

မိဘအမ်ားစုက သားသမီးမ်ား အေပၚ စိုးရိမ္လြန္ကဲစိတ္ ရွိတတ္ၾကပါတယ္။ စိုးရိမ္သည့္ အေလ်ာက္ ရံဖန္ရံခါတြင္ အလြန္အကၽြံြကာကြယ္ေပးမႈမ်ား၊ အျမဲတေစ ေစာင့္က်ပ္ေပးမႈမ်ားျပဳလုပ္တတ္ပါသည္။

သို႔ေသာ္ သားသမီးမ်ားဘက္တြင္လည္း ကိုယ္ပိုင္အခ်ိန္လိုအပ္ပါသည္။ အလြန္အကၽြြံြစိတ္ပူျခင္းႏွင့္ ကာကြယ္ေပးမႈမ်ားက သားသမီးမ်ားကို စိတ္အက်ဥ္းအၾကပ္ရိုက္ေစၿပီး မိမိကိုယ္ကိုယ္ ယံုၾကည္ခ်က္မ်ားလည္း က်ဆင္းေစႏုိင္ပါတယ္။

၅။ အလြန္အကၽြံ အျပစ္ ေျပာဆုိျခင္း

အခ်ိဳ႕မိဘမ်ားသည္ သားသမီးမ်ား၏ လုပ္ေဆာင္မ်ားကို အျမဲတေစအျပစ္ေျပာဆုိမႈမ်ားျပဳလုုပ္တတ္ပါသည္။ သားသမီးမ်ား၏ အမွားအခ်ိဳ႕ကိုေထာက္ျပ၍ အက်ိဳးအေၾကာင္းရွင္းလင္းၿပီး အမွန္ျပင္ဆင္ေပးျခင္းသည္ နည္းလမ္းက်ေသာ အုပ္ထိ္န္းမႈ ျဖစ္ပါသည္။

အျမဲတေစ ေျပာဆုိျခင္း၊ သားသမီး၏ ႀကိဳးစားအားထုတ္မႈမ်ားကို အသိအမွတ္မျပဳခ်င္းတုိ႔ ျပဳလုပ္ပါက ေနာက္ဆုံးတြင္ သားငယ္ သမီးငယ္မ်ားကို စိတ္အားငယ္ေစခ်င္း စိတ္ဓာတ္က်ဆင္းခ်င္း ႏွင့္ မိမိကိုယ္ကို ယုံၾကည္မႈ က်ဆင္းခ်င္းတို႔ ျဖစ္လာေစႏုိင္ပါသည္။

မိဘႏွင့္ သားသမီးၾကား အစဥ္ ထာ၀ရ ေအးခ်မ္းမႈ ရရွိႏိုင္ပါေစ။

မိမိတို႔ တက္ေရာက္လုိသည့္ သင္တန္းေက်ာင္းမ်ားႏွင့္ ပုဂၢလိက တကၠသိုလ္မ်ားကို ရွာေဖြလိုပါက ဒီ Link မွာရွာေဖြႏိုင္ပါသည္။

ပညာေရးလမ္းညႊန္ website တြင္ ပါ၀င္ေသာ သင္တန္းမ်ား၊ ေက်ာင္းမ်ား၊ Scholarship၊ Knowledge မ်ားႏွင့္ ပတ္သက္ေသာ အခ်က္အလက္မ်ားကို ၀င္ေရာက္ရွာေဖြ ဖတ္ရႈႏိုင္ပါတယ္။

Tips Read 3028 times