Sales Hotline : 09448001653       Download App



ကျောင်းဖွင့်ရာသီအမီ ကျောင်းသုံးစာရေးကိရိယာများ လှူဒါန်းသည့် အစီအစဉ်

ကျောင်းဖွင့်ရာသီအမီ ကျောင်းသုံးစာရေးကိရိယာများ လှူဒါန်းသည့် အစီအစဉ်

**Unicode**

အူရီဒူးမြန်မာသည် ၎င်း၏ တန်ဖိုးထားသည့်အရာများဖြစ်သည့် ဂရုစိုက်ခြင်း၊ ဆက်သွယ်ခြင်း နှင့် စိန်ခေါ်ခြင်း တို့ကို ထပ်လောင်းအားဖြည့်သည့် အနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ ချို့တဲ့နွမ်းပါးသော ကလေးငယ်များအတွက် ရည်ရွယ်၍ ကျောင်းဖွင့်ရာသီအမီ ကျောင်းသုံးစာရေးကိရိယာများ လှူဒါန်းခြင်း အစီအစဉ်ကို ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ ကျောင်းသုံးစာရေး ကိရိယာများလှူဒါန်းခြင်းအစီအစဉ်ကို ဇွန်လအတွင်းတွင် နိုင်ငံတစ်ဝန်းရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊ လူငယ်လေ့ကျင့်ရေး သင်တန်းကျောင်းများ နှင့် မိဘမဲ့ဂေဟာများရှိ ကျောင်းသူကျောင်းသားများအတွက် ရည်ရွယ်၍ ဆောင်ရွက်ခဲ့ပါသည်။

အူရီဒူးမြန်မာမိသားစုဝင်များသည် မြန်မာနိုင်ငံတစ်ဝန်းရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၊ လူငယ်လေ့ကျင့်ရေး သင်တန်းကျောင်းများ နှင့် မိဘမဲ့ ဂေဟာများစသည့် နေရာပေါင်း (၃၀)သို့ သွားရောက်ပြီး ကျောင်းသုံး ဗလာစာအုပ်၊ ပေတံ၊ ခဲတံ၊ ဘောပင်၊ မိုးကာ၊ ကျောပိုးအိတ် စသည်ဖြင့် အခုရေပေါင်း ၁၀၀,၀၀၀ ကျော်ကို မူလတန်းမှ အထက်တန်း ကျောင်းသူကျောင်းသား ၂၀,၀၀၀ ကျော်အတွက် လှူဒါန်းခဲ့ကြပါသည်။

ယခုပံ့ပိုးကူညီလှူဒါန်းမှုသည် အူရီဒူးမြန်မာမှ လုပ်ဆောင်လျှက်ရှိသော “ပညာကြွယ်၀ လူမှုဘဝ” လူမှုအကျိုးပြုစီမံကိန်း၏ စဉ်ဆက်မပြတ် ဆောင်ရွက်မှုတစ်စိတ်တစ်ပိုင်း ဖြစ်ပါသည်။ အဆိုပါ အစီအစဉ်သည် ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလတွင် “မိနစ်များများပြောလေ အူရီဒူးကများများလှူပေးလေ” ဆိုသည့် လူမှုအကျိုးပြုအစီအစဉ်နှင့်အတူ စတင်ခဲ့ပြီး ပညာရေးဆိုင်ရာ အခြေခံအဆောက်အဦများ အဆင့်မြှင့်ဆောက်လုပ်ပေးရန်အတွက် မဖြစ်မနေလိုအပ်နေသည့် စာသင်ဆောင် နှင့် ပညာရေးစင်တာ စုစုပေါင်း ၃၃ ခု တို့အား အသစ်တည်ဆောက်ပေးခြင်းနှင့် ပြုပြင်မွမ်းမံခြင်း လုပ်ငန်းများကို ဆောင်ရွက်နိုင်ရေး အတွက် အူရီဒူးသည် ၎င်း၏ဝင်ငွေမှ ငွေကျပ် ၁.၂ ဘီလီယံကို လှူဒါန်းခဲ့ပြီး ဖြစ်ပါသည်။

နိုင်ငံတစ်ဝန်းရှိ ကလေးငယ်များကို ပညာရေးဖြင့် ပိုမိုအသိပညာကြွယ်ဝကာ မိမိကိုယ်ကိုအားကိုးနိုင်ပြီး ပိုမိုကောင်းမွန်သော အနာဂတ်များကို ပိုင်ဆိုင်ကြစေရန် ရည်ရွယ်၍ ပညာရေးကဏ္ဍတွင် ဤကဲ့သို့ ပံ့ပိုးကူညီထောက်ပံ့ခြင်း ဖြစ်ပါသည်။

Read More:၂၀၁၉ ခုနှစ်တက္ကသိုလ်အသီးသီးမှ လက်ခံမည့်ကျောင်းသားအရည်အတွက်များ

အူရီဒူးမြန်မာ၏ Head of Corporate Communications ဖြစ်သူ ဦးတင့်နိုင်ထွဋ် က “မြန်မာနိုင်ငံရဲ့ အနာဂတ်မှာ လူ့စွမ်းအားဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ကောင်းမွန်တဲ့အကျိုးသက်ရောက်မှုတွေ ရရှိပိုင်ဆိုင်လာစေဖို့အတွက် ပညာရေးဟာ အဓိကအခန်းကဏ္ဍကနေ ပါဝင်တာကြောင့် အူရီဒူးမြန်မာက ပညာရေးဆိုင်ရာ လူမှုအကျိုးပြုစီမံကိန်းကို ဆောင်ရွက်လျက်ရှိပါတယ်။

အခုလို ကျောင်းသုံးစာရေးကိရိယာတွေကို ပြည့်ပြည့်စုံစုံ လှူဒါန်းတာဟာ ကျောင်းသူကျောင်းသားလေးတွေအတွက် ပညာသင်ကြားရေးမှာ အများကြီး အထောက်အကူပြုမယ်လို့ ယုံကြည်ပါတယ်။ “မိနစ်များများပြောလေ အူရီဒူးက များများလှူပေးလေ” ဆိုတဲ့ၤ အစီအစဉ်က မျိုးဆက်တစ်ခု အတွက်သာမက နောင်မျိုးဆက်တွေ အတွက်ပါ အကျိုးရှိစေမှာ ဖြစ်လို့ ကျွန်တော်တို့အနေနဲ့ ဂုဏ်ယူမိပါတယ်။” ဟု ပြောကြားခဲ့ပါသည်။

 

**Zawgyi**

အူရီဒူးျမန္မာသည္ ၎၏ တန္ဖိုးထားသည့္အရာမ်ားျဖစ္သည့္ ဂရုစိုက္ျခင္း၊ ဆက္သြယ္ျခင္း ႏွင္႔ စိန္ေခၚျခင္း တို႔ကို ထပ္ေလာင္းအားျဖည့္သည့္ အေနျဖင့္ ျမန္မာႏုိင္ငံအတြင္းရွိ ခ်ိဳ႕တဲ႔ႏြမ္းပါးေသာ ကေလးငယ္မ်ားအတြက္ ရည္ရြယ္၍ ေက်ာင္းဖြင့္ရာသီအမီ ေက်ာင္းသံုးစာေရးကိရိယာမ်ား လွဴဒါန္းျခင္း အစီအစဥ္ကို ေဆာင္ရြက္ခဲ႔ပါသည္။

 

အဆိုပါ ေက်ာင္းသံုးစာေရး ကိရိယာမ်ားလွဴဒါန္းျခင္းအစီအစဥ္ကို ဇြန္လအတြင္းတြင္ ႏုိင္ငံတစ္ဝန္းရွိ ဘုန္းေတာ္ႀကီးသင္ပညာေရးေက်ာင္းမ်ား၊ လူငယ္ေလ့က်င့္ေရး သင္တန္းေက်ာင္းမ်ား ႏွင္႔ မိဘမဲ႔ေဂဟာမ်ားရွိ ေက်ာင္းသူေက်ာင္းသားမ်ားအတြက္ ရည္ရြယ္၍ ေဆာင္ရြက္ခဲ့ပါသည္။

 

အူရီဒူးျမန္မာမိသားစု၀င္မ်ားသည္ ျမန္မာႏိုင္ငံတစ္၀န္းရွိ ဘုန္းေတာ္ႀကီးသင္ ပညာေရးေက်ာင္းမ်ား၊ လူငယ္ေလ့က်င့္ေရး သင္တန္းေက်ာင္းမ်ား ႏွင့္ မိဘမဲ့ ေဂဟာမ်ားစသည့္ ေနရာေပါင္း (၃၀)သို႔ သြားေရာက္ၿပီး ေက်ာင္းသံုး ဗလာစာအုပ္၊ ေပတံ၊ ခဲတံ၊ ေဘာပင္၊ မိုးကာ၊ ေက်ာပိုးအိတ္ စသည္ျဖင့္ အခုေရေပါင္း ၁၀၀,၀၀၀ ေက်ာ္ကို မူလတန္းမွ အထက္တန္း ေက်ာင္းသူေက်ာင္းသား ၂၀,၀၀၀ ေက်ာ္အတြက္ လွဴဒါန္းခဲ့ၾကပါသည္။

 

ယခုပံ့ပိုးကူညီလွဴဒါန္းမႈသည္ အူရီဒူးျမန္မာမွ လုပ္ေဆာင္လွ်က္ရွိေသာ “ပညာၾကြယ္၀ လူမႈဘ၀” လူမႈအက်ိဳးျပဳစီမံကိန္း၏ စဥ္ဆက္မျပတ္ ေဆာင္ရြက္မႈတစ္စိတ္တစ္ပိုင္း ျဖစ္ပါသည္။ အဆိုပါ အစီအစဥ္သည္ ၂၀၁၇ ခုႏွစ္၊ စက္တင္ဘာလတြင္ “မိနစ္မ်ားမ်ားေျပာေလ အူရီဒူးကမ်ားမ်ားလွဴေပးေလ” ဆိုသည့္ လူမႈအက်ိဳးျပဳအစီအစဥ္ႏွင့္အတူ စတင္ခဲ့ၿပီး ပညာေရးဆိုင္ရာ အေျခခံအေဆာက္အဦမ်ား အဆင့္ျမွင့္ေဆာက္လုပ္ေပးရန္အတြက္ မျဖစ္မေနလိုအပ္ေနသည့္ စာသင္ေဆာင္ ႏွင္႔ ပညာေရးစင္တာ စုစုေပါင္း ၃၃ ခု တို႔အား အသစ္တည္ေဆာက္ေပးျခင္းႏွင္႔ ျပဳျပင္မြမ္းမံျခင္း လုပ္ငန္းမ်ားကို ေဆာင္ရြက္ႏိုင္ေရး အတြက္ အူရီဒူးသည္ ၎၏ဝင္ေငြမွ ေငြက်ပ္ ၁.၂ ဘီလီယံကို လွဴဒါန္းခဲ့ၿပီး ျဖစ္ပါသည္။

 

ႏုိင္ငံတစ္ဝန္းရွိ ကေလးငယ္မ်ားကို ပညာေရးျဖင့္ ပိုမိုအသိပညာႂကြယ္ဝကာ မိမိကိုယ္ကိုအားကိုးႏိုင္ၿပီး ပိုမိုေကာင္းမြန္ေသာ အနာဂတ္မ်ားကို ပိုင္ဆိုင္ၾကေစရန္ ရည္ရြယ္၍ ပညာေရးက႑တြင္ ဤကဲ့သုိ႔ ပံ့ပိုးကူညီေထာက္ပံ့ျခင္း ျဖစ္ပါသည္။

 

Read More:၂၀၁၉ ခုႏွစ္တကၠသိုလ္အသီးသီးမွ လက္ခံမည့္ေက်ာင္းသားအရည္အတြက္မ်ား

 

အူရီဒူးျမန္မာ၏ Head of Corporate Communications ျဖစ္သူ ဦးတင့္ႏိုင္ထြဋ္ က “ျမန္မာႏိုင္ငံရဲ႕ အနာဂတ္မွာ လူ႔စြမ္းအားဖြံ႔ၿဖိဳးတိုးတက္ဖို႔နဲ႔ ေကာင္းမြန္တဲ႔အက်ိဳးသက္ေရာက္မႈေတြ ရရွိပိုင္ဆုိုင္လာေစဖို႔အတြက္ ပညာေရးဟာ အဓိကအခန္းက႑ကေန ပါဝင္တာေၾကာင့္ အူရီဒူးျမန္မာက ပညာေရးဆိုင္ရာ လူမႈအက်ိဳးျပဳစီမံကိန္းကို ေဆာင္ရြက္လ်က္ရွိပါတယ္။

 

အခုလို ေက်ာင္းသံုးစာေရးကိရိယာေတြကို ျပည့္ျပည့္စံုစံု လွဴဒါန္းတာဟာ ေက်ာင္းသူေက်ာင္းသားေလးေတြအတြက္ ပညာသင္ၾကားေရးမွာ အမ်ားႀကီး အေထာက္အကူျပဳမယ္လို႔ ယံုၾကည္ပါတယ္။ “မိနစ္မ်ားမ်ားေျပာေလ အူရီဒူးက မ်ားမ်ားလွဴေပးေလ” ဆိုတဲ႔ၤ အစီအစဥ္က မ်ိဳးဆက္တစ္ခု အတြက္သာမက ေနာင္မ်ိဳးဆက္ေတြ အတြက္ပါ အက်ိဳးရွိေစမွာ ျဖစ္လို႔ ကၽြန္ေတာ္တို႔အေနနဲ႔ ဂုဏ္ယူမိပါတယ္။” ဟု ေျပာၾကားခဲ႔ပါသည္။

Ooredoo 2

 

Ooredoo 3

 

 

Tips Read 801 times