Sales Hotline : 09448001653       Download App



အခြေခံပညာကျောင်းများတွင် ကစားကွင်းနှင့် စာကြည့်တိုက်များ ရှိ၊ မရှိကို တင်ပြရန်ညွန်ကြား

အခြေခံပညာကျောင်းများတွင် ကစားကွင်းနှင့် စာကြည့်တိုက်များ ရှိ၊ မရှိကို တင်ပြရန်ညွန်ကြား

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦး ဆောင်သော ပြည်ထောင်စုအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၏ နေပြည်တော် တပ်ကုန်းမြို့နယ်သို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း ပညာရေးနှင့်ပတ်သက်ပြီး အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများအတွက် သင့်တော်သောကစားကွင်း ရှိ၊ မရှိနှင့် အမှန်တကယ်ဖတ်ရှုအသုံးပြုနိုင်သော ကျောင်းစာကြည့်တိုက်များ ရှိ၊ မရှိ ပြန်လည်စိစစ်တင်ပြရန်၊ ကျောင်းများအားလုံးတွင် အမှိုက် ကို စည်းကမ်းတကျစွန့်ပစ်ရေးသင်ကြားပြခြင်း၊ နှစ်ရှည် သီးပင်၊ စား ပင်များစိုက်ပျိုးရန် မြေအနေအထားရှိသည့် ကျောင်းများအားလုံး၌ စိုက်ပျိုးပြီး အပင်များရှင်သန်ရေးအတွက် ထိန်းသိမ်းစောင့်ရှောက် ခြင်းကို အတန်းလိုက်ခွဲခြားသတ်မှတ်ပြီး ကလေးများအား သစ်တော သစ်ပင်စိုက်ပျိုးလိုသည့်စိတ်ဓာတ်ကို မွေးမြူပေးရန်တို့ကို ညွှန်ကြား ထားကြောင်း အခြေခံပညာဦးစီးဌာနမှ သိရသည်။

“တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးကိုလည်း ညွှန်ကြားချက် တွေကို ဖြန့်ဝေပေးပြီးပါပြီ။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စာကြည့် တိုက်နဲ့ ကစားကွင်းမရှိတဲ့ ကျောင်းအရေအတွက်ကတော့ မရနိုင် သေးဘူး။

အခုမှ ညွှန်ကြားထားတာဆိုတော့ နေ့စဉ်တက်လာမယ့် စာရင်းကိုတော့ တစ်ခုချင်း မသိနိုင်သေးဘူး။

တချို့ကျောင်းတွေကတော့ တိုက်ခန်းတွဲတွေလိုနေရာမျိုးမှာ ဖွင့်ထားတာဆိုတော့ စာကြည့် တိုက်ရှိပေမယ့် ကစားကွင်းကျတော့ရှိမှာမဟုတ်ဘူး။ ဒီလိုကျောင်း တွေအတွက်ဖြည့်ဆည်းဖို့ ဘယ်လိုလုပ်ရမလဲဆိုတာတော့ စဉ်းစားရ မှာပေါ့”ဟု အခြေခံပညာဦးစီးဌာနမှအရာရှိတစ်ဦးက ဩဂုတ် ၂၁ ရက်က ပြောကြားသည်။

မူလတန်း၊ အလယ်တန်းကျောင်းသား၊ ကျောင်းသူများ၏ အာဟာရချို့တဲ့မှုမဖြစ်စေရေးအတွက် သင့်တော်သည့်တန်ဖိုးဖြင့် အာဟာရဖြည့်စွက်နိုင်သည့် နေထိုင်စားသောက်မှုပုံစံများကို ကျန်း မာရေးမှုးများက သင်ကြားပို့ချရန်အတွက် ကျန်းမာရေးဝန်ကြီး ဌာနက လိုအပ်သောအချက်အလက်များ ဖြည့်ဆည်းပေးရန်ကို လည်းညွှန်ကြားထားပြီး ကျောင်းအဆောက်အဦ၊ ပရိဘောဂများကို
ကျောင်းသား၊ ကျောင်းသူတိုင်းကိုယ်တိုင်တိုက်ချွတ်ဆေးကြော ပြုပြင်ထိန်းသိမ်းခြင်းများ ဆောင်ရွက်စေပြီး အများပိုင်ပစ္စည်းများကို တန်ဖိုးထားထိန်းသိမ်းသည့် အလေ့အကျင့်များရရှိရန်ကိုလည်း ပြုစုပေးရန် ညွှန်ကြားခဲ့သေးကြောင်း သိရသည်။

“ညွှန်ကြားချက်ရောက်နေပါပြီ။ ကစားကွင်းမရှိတဲ့ ကျောင်းတွေ၊ စာကြည့်တိုက်မရှိတဲ့ ကျောင်းတွေကို လာမယ့်ဘတ်ဂျက်မှာတင်ပြ တောင်းခံနိုင်တယ်ဆိုပြီး ညွှန်ကြားလာတာပါ။ ကျွန်တော်တို့ဘက်က လည်း လိုအပ်ချက်ကိုတွက်ပြီး ဒီလကုန်လောက် အပြီးတင်ပေးရမှာ ပါ”ဟု အထက(၃)တာမွေကျောင်းအုပ်ကြီး ဦးသိန်းမြင့်က ပြောသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

source: democracy

News Read 1768 times


Fatal error: Uncaught Elastica\Exception\PartialShardFailureException: {"total":4,"successful":1,"failed":2,"failures":[{"shard":1,"index":"edge2_domain","status":"INTERNAL_SERVER_ERROR","reason":{"type":"flush_failed_engine_exception","reason":"Flush failed","shard":"1","index":"edge2_domain","caused_by":{"type":"already_closed_exception","reason":"translog is already closed"}}}]} in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php:176 Stack trace: #0 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Request.php(171): Elastica\Transport\Http->exec(Object(Elastica\Request), Array) #1 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Client.php(662): Elastica\Request->send() #2 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(518): Elastica\Client->request('edge2_domain/_f...', 'POST', Array, Array) #3 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(487): Elastica\Index->request('edge2_domain/_f...', 'POST', Array, Array) #4 /var/edge2/edire in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php on line 176