Sales Hotline : 09448001653       Download App



" ဘွဲ့ရနဲ့ ပညာတတ်"

" ဘွဲ့ရနဲ့ ပညာတတ်"

*Unicode*

*မြန်မာနိုင်ငံမှာ နေထိုင်တဲ့မိဘပြည်သူတိုင်းရဲ့အတွေးတစ်နေရာမှာ နေရာရာယူထားတဲ့စကားလေးတစ်ခွန်းပြောပါဆို သူတို့ရဲ့သားသမီးတွေကို လူရှေ့သူရှေ့ရောက်တာနဲ့ကို "ကျွန်တော်/ကျွန်မ သား/သမီးက ဘွဲ့ရလေ" ဆိုတာက စတော့တာပါပဲ။

အစဉ်အဆက်သုံးလာတဲ့ စကားတစ်ခွန်းပါ။ ဘွဲ့ရတယ်ဆိုတဲ့နောက်မှာ ကပ်ပါတာက "ပညာတတ်" ဆိုတဲ့စကားလုံးပါ။

အမှန်ကဂုဏ်ယူစွာပြောဆိုတဲ့ စကားတစ်ခွန်းပါ။

ဒါပေမဲ့ မေးတတ်တဲ့လူရှေ့၊ ကိုယ်နဲ့လူမှုရေးကိစ္စလေးတွေမှာ အဆင်ပြေမှုမရှိနေတဲ့ လူတွေရှေ့မှာဆိုရင်တော့ ဖြေရခက်စေပါတယ်။

မေးခွန်းကရိုးရှင်းလွန်းပါတယ်။ "ဘွဲ့ရတိုင်းပညာတတ်လို့ခေါ်တာလား" တဲ့။

အမှန်က တက္ကသိုလ်တွေမှာ သင်ကြားပေးနေတဲ့ ပညာရပ်တွေဟာ သီအိုရီတစ်ခုလို၊ ဖော်မြူလာတစ်ခုလို၊ နည်းလမ်းတစ်ခုလို အစရှိတဲ့သဘောတရားတစ်ခု၊ အကြောင်းအရာတစ်ခုကို ချပြပေးနေတာပါ။

လိုအပ်တာက မိမိကိုယ်တိုင်ပါ။ သင်ကြားထားတဲ့ ၊ လေ့လာထားတဲ့ပညာရပ်ကို သင်အသုံးမချဘူး၊ အသုံးမပြုတတ်ဘူးဆိုရင် ပညာတတ်တယ်လို့ခေါ်ဆိုပါ့မလား စဉ်းစားစရာဖြစ်သွားနိုင်ပါတယ်။

ဒါဆိုရင် ဘွဲ့မရဘူး၊ဘွဲ့မယူဖြစ်သူတွေက ပညာမတတ်တော့ဘူးလား။

အတွေးအခေါ်ပိုင်းဆိုင်ရာ နဲနဲပြဿနာဖြစ်နေပါတယ်။ ကျွန်မတို့တွေ တကယ့်လက်တွေ့မှာ အသုံးချနေတဲ့ အရာတစ်ခုချင်းစီတိုင်းဟာ ပညာပါ။

ဥပမာအနေနဲ့ ကျွန်မတို့ ကွန်ပျူတာသင်တန်းတတ်တယ်၊ သင်တန်းကလဲပြီးသွားတယ်၊ သင်တန်းဆင်းလက်မှတ်လဲရတယ် အကုန်အဆင်ပြေတယ်။

ဒါပေမဲ့ သင်တန်းကလူတချို့က ပြန်မလေ့လာဖြစ်ဘူး အကြောင်းအမျိုးမျိုးကြောင့် အသုံးမချဖြစ်တော့ဘူး။

တချို့သင်တန်းသားတွေကျတော့ သူတို့အိမ်မှာ ကွန်ပျူတာရှိတဲ့အတွက် နဲနဲတော့လေ့ကျင့်ဖြစ်တယ်။

တချို့ကလုပ်ငန်းခွင်ဝင်ပြီး အသုံးချလိုက်တယ်။

ဒါဆိုရင်ဘယ်လိုလူကို ပညာတတ်လို သင်ခေါ်ဆိုမလဲ။

ကျောင်းတွေ၊ တက္ကသိုလ်တွေမှာသင်ပေးတဲ့အရာတွေကိုပဲ ပညာလို့ခေါ်တာမဟုတ်ပါဘူး။

သင်ယူပြီး အသုံးချလိုက်တိုင်းမှာ ပညာလို့ခေါ်ဆိုနိုင်ပါတယ်။

ကျွန်မတို့နေထိုင်ရာ နေရာမှာ ဘွဲ့မရတဲ့လူတွေ စာမသင်နိုင်တဲ့သူတွေ ဒုနဲ့ဒေး ရှိနေတယ်။

ဘွဲ့မရပေမဲ့လည်း သူတို့နေထိုင်ရာနေရာ လုပ်ကိုင်နေရတဲ့အလုပ်အကိုင်တွေမှာ အကောင်းဆုံးကြိုးစားလုပ်ကိုင်နေကြတာပါပဲ။

အဓိက ကကိုယ်လုပ်နေတဲ့ အလုပ်အကိုင် နယ်ပယ်မှာ အဆင်ပြေစွာဖြတ်သန်းနေနိုင်တယ်ဆိုရင် သူတို့ပညာတစ်ခုကို ကျွမ်းကျင်စွာတတ်မြောက်ထားနေလို့ပါ။

အမှိုက်ကောက်နေတဲ့သူလဲ အမှိုက်ကောက်ရင် ဘယ်အမှိုက်က သူ့အတွက် ပိုက်ဆံပိုရမလဲတွက်ချက်ပါတယ်။ ဒါကလဲ အတွက်အချက်ပညာတစ်ခုပါပဲ။

အားငယ်နေဖို့မလိုပါဘူး။ ရောက်ရှိတဲ့နေရာမှာ သူတို့လဲအဆင်ပြေအောင်လုပ်ဆောင်နေကြတာပါ။

“ လူတော်တစ်ယောက်ဖြစ်အောင် အတတ်ပညာကဖန်တီးတယ်ဆိုရင် လူကောင်းတစ်ယောက်ဖြစ်အောင်တော့ အသိပညာက သွန်သင်ပေးလိမ့်မယ်" လို့ထင်ပါတယ်။

Read More: "အင်္ဂလိပ်စကားပြော ခက်ခဲတယ်ထင်နေသော လူငယ်များ လွယ်ကူမှုရှိလာစေရန်"

သင်တတ်မြောက်ထားတဲ့ပညာရပ်တစ်ခုကို သင်သည်အသုံးမချခဲ့ဘူးဆိုရင် သင်ပညာတတ်လို့ခံယူလို့ရမှာမဟုတ်ပါဘူး။

ဒါကြောင့် ပညာတတ်တယ်ဆိုတာ ဘွဲ့ရခြင်း၊ ဘွဲ့မရခြင်းနဲ့ လုံးဝသက်ဆိုင်ခြင်းမရှိပါဘူး။

ပညာတတ်တယ်ဆိုတာ တကယ်တော့ ကျွမ်းကျင်မှုတစ်ခုလို့ ကျွန်မတော့ သတ်မှတ်ပါတယ်။

သင်သာ သင်ရောက်ရှိနေတဲ့နေရာမှာ ကျွမ်းကျင်ပိုင်နိုင်စွာလုပ်ဆောင်နိုင်တယ်ဆိုရင် သင်ပညာတတ်ပါတယ်။

ဒါကြောင့် ဘွဲ့ရပညာတတ် ဆိုတဲ့စကားလုံးနောက်မှာ ဘွဲ့မရလဲပညာတတ်ပါတယ်လို့ ပြန်ပြောနိုင်အောင် ကျွန်ုပ်တို့ ရောက်ရှိနေတဲ့နေရာမှာ အကောင်းဆုံး အသုံးချပါလို့ တိုက်တွန်းအကြံပြုလိုက်ပါတယ်။

(မိမိ၏ဘဝနှင့် အတွေ့အကြုံ ပေါင်းစပ်ရေးသားခြင်းဖြစ်ပါသည်။)

Authoress : Phyoe Hthazin Shwe

 

**Zawgyi**

*ျမန္မာနိုင္ငံမွာ ေနထိုင္တဲ့မိဘျပည္သူတိုင္းရဲ႔အေတြးတစ္ေနရာမွာ ေနရာရာယူထားတဲ့စကားေလးတစ္ခြန္းေျပာပါဆို သူတို႔ရဲ႕သားသမီးေတြကို လူေရွ႕သူေရွ႕ေရာက္တာနဲ႔ကို "က်ြန္ေတာ္/က်ြန္မ သား/သမီးက ဘြဲ႔ရေလ" ဆိုတာက စေတာ့တာပါပဲ။

 

အစဥ္အဆက္သံုးလာတဲ့ စကားတစ္ခြန္းပါ။ ဘြဲ႔ရတယ္ဆိုတဲ့ေနာက္မွာ ကပ္ပါတာက "ပညာတတ္" ဆိုတဲ့စကားလံုးပါ။

 

အမွန္ကဂုဏ္ယူစြာေျပာဆိုတဲ့ စကားတစ္ခြန္းပါ။

ဒါေပမဲ့ ေမးတတ္တဲ့လူေရွ႕၊ ကိုယ္နဲ႔လူမႈေရးကိစၥေလးေတြမွာ အဆင္ေျပမႈမရွိေနတဲ့ လူေတြေရွ႕မွာဆိုရင္ေတာ့ ေျဖရခက္ေစပါတယ္။

 

ေမးခြန္းကရိုးရွင္းလြန္းပါတယ္။ "ဘြဲ႔ရတိုင္းပညာတတ္လို႔ေခၚတာလား" တဲ့။

 

အမွန္က တကၠသိုလ္ေတြမွာ သင္ၾကားေပးေနတဲ့ ပညာရပ္ေတြဟာ သီအိုရီတစ္ခုလို၊ ေဖာ္ျမဴလာတစ္ခုလို၊ နည္းလမ္းတစ္ခုလို အစရွိတဲ့သေဘာတရားတစ္ခု၊ အေၾကာငး္အရာတစ္ခုကို ခ်ျပေပးေနတာပါ။

 

လိုအပ္တာက မိမိကုိယ္တိုင္ပါ။ သင္ၾကားထားတဲ့ ၊ ေလ့လာထားတဲ့ပညာရပ္ကို သင္အသံုးမခ်ဘူး၊ အသံုးမျပဳတတ္ဘူးဆုိရင္ ပညာတတ္တယ္လို႔ေခၚဆိုပါ့မလား စဥ္းစားစရာျဖစ္သြားနုိင္ပါတယ္။

 

ဒါဆိုရင္ ဘြဲ႔မရဘူး၊ဘြဲ႔မယူျဖစ္သူေတြက ပညာမတတ္ေတာ့ဘူးလား။

အေတြးအေခၚပိုင္းဆိုင္ရာ နဲနဲျပႆနာျဖစ္ေနပါတယ္။ က်ြန္မတို႔ေတြ တကယ့္လက္ေတြ႔မွာ အသံုးခ်ေနတဲ့ အရာတစ္ခုခ်င္းစီတိုင္းဟာ ပညာပါ။

 

ဥပမာအေနနဲ႔ က်ြန္မတို႔ ကြန္ပ်ဴတာသင္တန္းတတ္တယ္၊ သင္တန္းကလဲၿပီးသြားတယ္၊ သင္တန္းဆင္းလက္မွတ္လဲရတယ္ အကုန္အဆင္ေျပတယ္။

 

ဒါေပမဲ့ သင္တန္းကလူတခ်ိဳ႕က ျပန္မေလ့လာျဖစ္ဘူး အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အသံုးမခ်ျဖစ္ေတာ့ဘူး။

တခ်ိဳ႕သင္တန္းသားေတြက်ေတာ့ သူတို႔အိမ္မွာ ကြန္ပ်ဴတာရွိတဲ့အတြက္ နဲနဲေတာ့ေလ့က်င့္ျဖစ္တယ္။

 

တခ်ိဳ႕ကလုပ္ငန္းခြင္ဝင္ၿပီး အသံုးခ်လိုက္တယ္။

ဒါဆိုရင္ဘယ္လိုလူကို ပညာတတ္လို သင္ေခၚဆိုမလဲ။

 

ေက်ာင္းေတြ၊ တကၠသိုလ္ေတြမွာသင္ေပးတဲ့အရာေတြကိုပဲ ပညာလို႔ေခၚတာမဟုတ္ပါဘူး။

သင္ယူၿပီး အသံုးခ်လိုက္တိုင္းမွာ ပညာလို့ေခၚဆိုနိုင္ပါတယ္။

 

က်ြန္မတို႔ေနထုိင္ရာ ေနရာမွာ ဘြဲ႔မရတဲ့လူေတြ စာမသင္နိုင္တဲ့သူေတြ ဒုနဲ႔ေဒး ရွိေနတယ္။

ဘြဲ႔မရေပမဲ့လည္း သူတို႔ေနထိုင္ရာေနရာ လုပ္ကိုင္ေနရတဲ့အလုပ္အကိုင္ေတြမွာ အေကာင္းဆံုးႀကိဳးစားလုပ္ကိုင္ေနၾကတာပါပဲ။

 

အဓိက ကကိုယ္လုပ္ေနတဲ့ အလုပ္အကိုင္ နယ္ပယ္မွာ အဆင္ေျပစြာျဖတ္သန္းေနနိုင္တယ္ဆိုရင္ သူတို႔ပညာတစ္ခုကို က်ြမ္းက်င္စြာတတ္ေျမာက္ထားေနလို႔ပါ။

 

အမႈိက္ေကာက္ေနတဲ့သူလဲ အမႈိက္ေကာက္ရင္ ဘယ္အမႈိက္က သူ႕အတြက္ ပိုက္ဆံပိုရမလဲတြက္ခ်က္ပါတယ္။ ဒါကလဲ အတြက္အခ်က္ပညာတစ္ခုပါပဲ။

အားငယ္ေနဖို႔မလိုပါဘူး။ ေရာက္ရွိတဲ့ေနရာမွာ သူတို႔လဲအဆင္ေျပေအာင္လုပ္ေဆာင္ေနၾကတာပါ။

 

လူေတာ္တစ္ေယာက္ျဖစ္ေအာင္ အတတ္ပညာကဖန္တီးတယ္ဆိုရင္ လူေကာင္းတစ္ေယာက္ျဖစ္ေအာင္ေတာ့ အသိပညာက သြန္သင္ေပးလိမ့္မယ္" လို့ထင္ပါတယ္။

 

Read More: "အဂၤလိပ္စကားေျပာ ခက္ခဲတယ္ထင္ေနေသာ လူငယ္မ်ား လြယ္ကူမႈရွိလာေစရန္"

 

သင္တတ္ေျမာက္ထားတဲ့ပညာရပ္တစ္ခုကို သင္သည္အသံုးမခ်ခဲ့ဘူးဆိုရင္ သင္ပညာတတ္လို႔ခံယူလို႔ရမွာမဟုတ္ပါဘူး။

ဒါေၾကာင့္ ပညာတတ္တယ္ဆိုတာ ဘြဲ႔ရျခင္း၊ ဘြဲ႔မရျခင္းနဲ႔ လံုးဝသက္ဆိုင္ျခင္းမရွိပါဘူး။

 

ပညာတတ္တယ္ဆိုတာ တကယ္ေတာ့ က်ြမ္းက်င္မႈတစ္ခုလို႔ က်ြန္မေတာ့ သတ္မွတ္ပါတယ္။

သင္သာ သင္ေရာက္ရွိေနတဲ့ေနရာမွာ က်ြမ္းက်င္ပိုင္နိုင္စြာလုပ္ေဆာင္နိုင္တယ္ဆုိရင္ သင္ပညာတတ္ပါတယ္။

 

ဒါေၾကာင့္ ဘြဲ႔ရပညာတတ္ ဆိုတဲ့စကားလံုးေနာက္မွာ ဘြဲ႔မရလဲပညာတတ္ပါတယ္လို႔ ျပန္ေျပာနိုင္ေအာင္ ကၽြႏ္ုပ္တို႔ ေရာက္ရွိေနတဲ့ေနရာမွာ အေကာင္းဆံုး အသံုးခ်ပါလို့ တိုက္တြန္းအႀကံျပဳလိုက္ပါတယ္။

 

 

(မိမိ၏ဘဝႏွင့္ အေတြ႔အႀကံဳ ေပါင္းစပ္ေရးသားျခင္းျဖစ္ပါသည္။)

Authoress : Phyoe Hthazin Shwe

 

 

Tips Read 5957 times