Sales Hotline : 09448001653       Download App



အခြေခံပညာစာမေးပွဲအောင်စာရင်းတွင် အကဲဖြတ်ရလဒ်များ ထည့်မကြေညာရန် ညွှန်ကြား

အခြေခံပညာစာမေးပွဲအောင်စာရင်းတွင် အကဲဖြတ်ရလဒ်များ ထည့်မကြေညာရန် ညွှန်ကြား

အခြေခံပညာအတန်း များ၏ နှစ်ဆုံးစာမေးပွဲများကို ဖေ ဖော်ဝါရီအတွင်း ကျင်းပမည်ဖြစ် ပြီး စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ရာတွင် ကျောင်းသား တစ်ဦးချင်းစီ၏ အကဲဖြတ်ရလဒ် များ (ရမှတ်၊ အဆင့်သတ်မှတ်ချက်)ကို ချန်လှပ်ထားရမည်ဟု မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ဇန်နဝါရီ ပထမပတ်တွင် ညွှန်ကြားထားသည်။

အခြေခံပညာ အတန်းများ ၏ နှစ်ဆုံးစာမေးပွဲရလဒ်များ ထုတ်ပြန်ရာတွင် အောင်စာရင်းဟုသာ တစ်နိုင်ငံလုံး တစ်ပြေးညီ ထုတ်ပြန်ကြေညာရမည်ဖြစ်ပြီး အောင်စာရင်းကြေညာစာရွက်တွင် ခုံအမှတ်၊ အမည်၊ အဘအမည်တို့ ကိုသာ ဖော်ပြရန် အခြေခံပညာ ကျောင်းများသို့ ညွှန်ကြားထား သည်။

 အမျိုးသားပညာရေးမူဝါဒ ကော်မရှင်က ၂၀၁၇ နိုဝင်ဘာတွင် ကြေညာခဲ့သည့် အခြေခံပညာမူလတန်းအဆင့် ကျောင်းသားများ၏ တတ်မြောက်မှုစစ်ဆေးအကဲ ဖြတ်ခြင်းဆိုင်ရာ အညွှန်းဘောင် အရ ၂၀၁၈-၁၉ ပညာသင်နှစ် အောင်စာရင်း ထုတ်ပြန်ရာတွင် အကဲဖြတ်ရလဒ်များ ထည့်မကြေညာရန် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ညွှန်ကြားခြင်းဖြစ်သည်။

‘‘အောင်စာရင်းထုတ်ဖို့ အတွက်ပါ အခု စာမေးပွဲအချိန်စာ ရင်းကြေညာတဲ့အချိန်မှာ တစ်ခါ တည်း ပြောလိုက်တာပါ။ ခုံအမှတ်၊ ကျောင်းသားအမည်၊ အဘ အမည်ပဲထည့်ပြီး အောင်စာရင်း ကြေညာဖို့ပေါ့။ Grade တွေ၊ အ မှတ်တွေ မပါတော့ဘူး’’ဟု မြန်မာ နိုင်ငံ စာစစ်ဦးစီးဌာန ညွှန်ကြား ရေးမှူးတစ်ဦးက ပြောသည်။

ကျောင်းသားတစ်ဦးချင်း၏ စစ်ဆေးအကဲဖြတ် ရလဒ်များ သည် ၎င်းတို့၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များဖြစ်သဖြင့် လျှို့ဝှက်ထားရမည့် အချက်အလက်များအဖြစ် အမျိုးသား ပညာရေးမူဝါဒ ကော်မရှင်က သတ်မှတ် ထားသည်။

စစ်ဆေးအကဲဖြတ်ရလဒ်များကို အတန်းပိုင် ဆရာ (သို့မဟုတ်)ဘာသာရပ်ပြ ဆရာ၊ ကျောင်းသားကိုယ်တိုင်၊ ကျောင်းအုပ်ကြီး၊ မိဘ(သို့မဟုတ်) အုပ်ထိန်းသူ၊ အတန်းတက်ခြင်းဖြစ်လျှင် ထိုအတန်းတွင် သင်ပြမည့်ဆရာ၊ ကျောင်းပြောင်း ရွှေ့ပါက ထိုကျောင်းမှ ကျောင်းအုပ်နှင့် သက်ဆိုင်ရာအတန်းဆရာ၊ တာဝန်ရှိ ပညာရေးအရာရှိတို့သာ သိခွင့်ရှိသည်ဟု သတ်မှတ်သည်။

 ‘‘အောင်စာရင်းခေါင်းစဉ် အောက်မှာ ခုံအမှတ်၊ အမည်၊ အဘအမည်ကိုပဲ ထည့်ရမယ်။ Grade တွေ၊ ဘာတွေ မပါရဘူး ပေါ့။ မိဘက သိချင်ရင်တော့ ကျောင်းမှာ လာကြည့်ခွင့်ရမယ် ဆိုတော့ ဒါက ကောင်းတဲ့ကိစ္စလို့ ပဲ သုံးသပ် ပါတယ်။ အဆင့်တွေ သိပြီး ပြိုင်ကြဆိုင်ကြတဲ့ကိစ္စတွေ နည်းသွားအောင် တစ်နည်းတစ်ဖုံ ဖြေရှင်းတာမျိုးလို့ သိရပါတယ်’’ ဟု သင်္ဃန်းကျွန်းမြို့နယ်မှ မူလ တန်းပြဆရာမတစ်ဦးကဆိုသည်။

နှစ်ဆုံးစာမေးပွဲ ရလဒ်များ ထုတ်ပြန်ရာတွင် ယခင်နှစ်အ ဆက်ဆက်က အောင်စာရင်းဟု ထုတ်ပြန်ခဲ့ရာမှ ၂၀၁၆-၁၇ ပညာသင်နှစ်က စတင်၍ အတန်းကူး ပြောင်းစာရင်းဟု ပြောင်းလဲရန် ညွှန်ကြားမှုကြောင့် တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများက အတန်းကူးပြောင်းစာရင်းဟူ၍ ထုတ်ပြန်ကြေညာခဲ့သည်။

၂၀၁၇-၁၈ ပညာသင်နှစ်တွင် အောင်စာရင်းဟုသာ ထုတ်ပြန်ရန် ပြောင်း လဲညွှန်ကြားခဲ့သည်။

၂၀၁၈-၁၉ ပညာသင်နှစ် စတုတ္ထတန်းနှင့် အဋ္ဌမတန်းနှစ်ဆုံး စာမေးပွဲများကို ဖေဖော်ဝါရီ ၁၈ ရက်မှ ၂၅ ရက်အထိ၊ ဒုတိယတန်းမှ နဝမတန်းအထိ နှစ်ဆုံးစာမေးပွဲများကို ဖေဖော်ဝါရီ ၄ ရက်မှ ၁၁ ရက်အထိ ကျင်းပမည် ဖြစ်သည်။

ပညာရေးဝန်ကြီးဌာန စာရင်းများအရ တစ်နိုင်ငံလုံးတွင် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူ ကိုးသန်းကျော် ရှိ သည်။

source: 7day

News Read 3835 times