Agribusiness Management အွန်လိုင်းသင်တန်း (၆) လ ဖွင့်မည်

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) တွင် စိုက်ပျိုးရေးဆိုင်ရာ စီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှုပညာသင်တန်း (Certificate in Agribusiness Management-CABM) ကို အွန်လိုင်းစနစ်ဖြင့် ဖွင့်လှစ်သင်ကြားမည်ဖြစ်သဖြင့် အထက်တန်းအောင်မြင်ပြီးသူများ လျှောက်ထားနိုင်သည်။

အခြေခံပညာအထက်တန်းအဆင့် Grade-12 အောင်မြင်ပြီးသူများနှင့် အလားတူအဆင့် အောင်မြင်ပြီးသူများ တက်ရောက်နိုင်သည်။ 

သင်တန်းကို ဇန်နဝါရီ (၁၅) ရက်နေ့တွင် စတင် ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းအချိန်မှာ အပတ်စဉ် အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့နှင့် ကြာသပတေးနေ့တို့တွင် မနက် (၇) ခွဲမှ (၉) ခွဲအထိ အွန်လိုင်းမှတဆင့် တက်ရောက်ရပါမည်။

သင်တန်းကာလ (၆) လ တက်ရောက်ရမည်ဖြစ်ပြီး သင်တန်းကြေးမှာ (၁) သိန်းခွဲကျပ် ကျသင့်ပါမည်။ 

သင်တန်းလျှောက်ထားလိုသူများသည် ဒီဇင်ဘာ (၃၀) ရက်နေ့မှ ဇန်နဝါရီ (၁၂) ရက်နေ့ထိ https://forms.gle/z3vSaZ6z2PJmdPVc9 တွင် စာရင်းပေးသွင်းနိုင်သည်။

အသေးစိတ် သိရှိလိုပါက ဖုန်း - ၀၉-၇၇၀၃၄၂၈၆၅၊ ၀၉-၇၆၄၆၀၃၀၆၃ နှင့် ၀၉-၉၇၁၄၇၃၇၁၆ တို့ကို ဆက်သွယ်စုံစမ်းနိုင်သည်။ 

=====================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post Local News University / College Vocational Read 14 times