Sales Hotline : 09448001653       Download App



သင့်ကလေးကို မူကြိုကျောင်းပို့ပြီးရင်တော့ ဒီလိုမျိုး ထူးခြားမှုလေးတွေ ဖြစ်လာစေမှာပါ

သင့်ကလေးကို မူကြိုကျောင်းပို့ပြီးရင်တော့ ဒီလိုမျိုး ထူးခြားမှုလေးတွေ ဖြစ်လာစေမှာပါ

**Unicode**

မူကြိုကျောင်းကို စတက်တဲ့အချိန်မှာ ကလေးများရဲ့ စိတ်မှာ မိဘနဲ့ခွဲပြီး တစ်ယောက်ထဲ နေခဲ့ရတော့မယ့်ဆိုပြီး အတင်းအော်ငိုတတ်ကြပါတယ်။

၁။ ကျောင်းသို့ ပို့ပို့ချင်းရက်တွေမှာ ကလေးက အော်ငိုနေတယ်ဆိုရင် မိဘများ သူ့မြင်ကွင်းမှာ ကြာကြာမနေပါနဲ့၊ ကလေးနဲ့ ခပ်လှမ်းလှမ်းနေပြီး အခြေအနေကို စောင့်ကြည့်ပေးပါ။ သူဆော့နေလို့ မေ့လောက်တဲ့အချိန်ကျမှ မိဘက ပြန်ပါ။ ကလေးများက ၃ ရက်လောက်နေရင်တော့ သူ့အရှိန်နဲ့သူရသွားပါတယ်။ အဲဒါတွေကတော့ ပတ်ဝန်းကျင်အသစ်မှာ ဝင်ဆန့်လွယ်ဖို့ ပိုမိုအထောက်အကူ ဖြစ်ပါလိမ့်မယ်။

၂။ မိဘများ ကလေးကို ရှေ့ထားပြီး ကလေးများရဲ့ အားနည်းချက်နဲ့ အိမ်မှာရှိတဲ့ အပြစ်အနာအဆာတွေကို ဆရာမများကို မပြောပြပါနဲ့။

ဥပမာ- တစ်ယောက်တည်းနေတာ ကြိုက်တာမျိုး၊ အားငယ်တတ်တာမျိုး၊ ဒေါသကြီး၊ စိတ်ကြီးတာမျိုး ပါဝင်ပါတယ်။ သူ့ရဲ့ အားနည်းချက်ကို လက်လွှဲသလို ဖြစ်သွားမှာစိုးလို့ပါ။

၃။ ကျောင်းထားလိုက်လို့ ကလေးများရဲ့ အားနည်းချက်အချို့ တိုးတက်လာတယ်ဆိုရင် ချီးမွမ်းပေးပါ။ အသိအမှတ်ပြုပေးပါ။ အဲဒီတိုးတက်မှု ခိုင်မြဲအောင် အိမ်မှာလည်း ပါဝင်ကူညီပေးပါ။

ဥပမာ - ထမင်းစားခါနီး ကိုယ်တိုင်လက်ဆေးတတ်လာတာမျိုး၊ ဖိနပ်ကို တန်းစီထားတတ်တာမျိုး၊ အမှိုက်ကို အမှိုက်ပုံးထဲကို စနစ်တကျ ပစ်တတ်လာတာမျိုး စသည်ဖြင့်ပေါ့။

၄။ အတန်းမှာရှိတဲ့ ဆရာဆရာမများနဲ့ အမြဲဆက်သွယ်ပါ။ ကိုယ့်ကလေးရဲ့ အနေအထား၊ တိုးတက်ပြောင်းလဲနေမှုကို မျက်ခြည်မပြတ်လေ့လာထားပါ။ ကျောင်းမှာ အိမ်မှာ ညီမျှမှု ရှိပါစေ၊ ကျောင်းမှာ သင်ထားတဲ့ အလေ့အကျင့်တွေ အိမ်မှာဆက်ထိန်းသိမ်းပါ။

၅။ အပြုသဘောဆောင်တဲ့ မေးခွန်းများ မေးမြန်းပေးပါ။ အထူးသဖြင့် ကလေးရှေ့ မှာ ကျောင်းမကောင်းကြောင်း၊ ဆရာဆရာမကို မနှစ်သက်ကြောင်း မပြောမိပါစေနှင့်၊ ကလေးက မိဘပြောတိုင်း အဟုတ်ထင်တတ်တော့ ဆရာဆရာမနဲ့ ကျောင်းကို အထင်သေးသွားရင် အဆင်ပြေဖို့၊ တိုးတက်ဖို့ ခက်ခဲသွားနိုင်ပါတယ်။ တကယ်လို့ အဲဒီကျောင်းကိုမှ လုံးဝမနှစ်သက်ဘူးဆိုရင် ကျောင်းပြောင်းလိုက်ပါ။

ကျောင်းပြောင်းခြင်းဟာ ကလေးကို အနည်းနဲ့ အများထိခိုက်စေနိုင်ပါတယ်။ ဒါပေမဲ့ ကျောင်းအပေါ်၊ ဆရာဆရာမများအပေါ် အပျက်သဘော မြင်သွားရင် ကျောင်းပြောင်းတာနဲ့ နှိုင်းယှဉ်ရင် ကလေးကို ပိုမိုဆိုးကျိုးသက်ရောက်စေနိုင်ပါတယ်။

၆။ ကလေးများကို၊ မင်းကိုရိုက်တဲ့လူရှိလား၊ အနိုင်ကျင့်တဲ့လူရှိလား၊ မင်းကစားစရာ လုတဲ့လူရှိလား စတဲ့မေးခွန်းများ မမေးပါနဲ့ ။ ကလေးများဟာ မိဘကို နှစ်သက်စေလိုတဲ့ အတွင်း စိတ်သဘာဝများ ရှိကြပါတယ်။ မေးတဲ့အတိုင်း ဖြစ်ပေါ်လာအောင် ကလေးရဲ့ မသိစိတ်က တွန်းအားပေးတတ်တယ်လို့ ပညာရှင်များက ဆိုထားလို့ပါ။ “ ဒီကနေ့ ဘယ်သူငယ်ချင်းသစ်နဲ့ စကားပြောဖြစ်တာလဲ”၊ သူငယ်ချင်းအသစ်ထပ်ရပြီပေါ့၊ ဒီနေ့ သားသားလေး ဘယ့်သူ့ကို ဘာကူညီခဲ့သလဲ၊ ကောင်းလိုက်တာ၊ ဒီနေ့ ကျောင်းမှာ သိခဲ့တဲ့ပုံပြင် မေမေကို ပြန်ပြောပြပါလား၊ စတဲ့ အပြုသဘော လမ်းညွန်မူပါဝင်တဲ့ မေးခွန်းများမေးပေးပါ။

မိဘကသာ မေးခွန်းမှန်မှန်မေးတတ်တယ်ဆိုရင် မေးရင်းပြောရင်းနဲ့ ထူးချွန်ထက်မြက်တဲ့ကလေး ပျိုးထောင်ပြီးသားဖြစ်သွားပါတယ်။

ကလေးရဲ့ ပင်ကိုယ်သဘာဝဟာ ဆော့ကစားတာကို နှစ်သက်ခုန်မင်ခြင်းဖြစ်တယ်။ သားသမီးကိုပျိုးထောင်တဲ့နေရာမှာ အဲဒီသဘာဝကို ထိန်းသိမ်းလိုက်နာတတ်ဖို့လိုအပ်လှပါတယ်။ ကလေးများကို ကဗျာဘယ်နှစ်ပုဒ်ရွတ်တတ်ပြီလဲ၊ အင်္ဂလိပ်စကားဘယ်လောက်ပြောတတ်ပြီလဲ၊ သီချင်းဘယ်လောက်ဆိုတတ်ပြီလဲ၊ ဂဏန်းသင်္ချာ ဘယ်လောက်တွက်ချက်တတ်ပြီလဲ၊ တူရိယာ ဘယ်နှစ်မျိုးတီးတတ်ပြီလဲ၊ စသည်ဖြင့် စောစောစီးစီး မလောသင့်ပါ။

မိမိရဲ့ ကလေးဘယ်လောက်တတ်မြောက်ပြီလဲထက်အရေးကြီးတာက သူတို့ဘယ်လောက်စိတ်ဝင်စားပြီလဲ၊ သူတို့ သင်ကြားမူမှာ ဘယ်လောက်အားတက်တရော ပါဝင်လာပြီလဲ ဆိုတာပါ။

မူကြိုပညာရေးမှာ ကလေးစာတတ်မြောက်တာနဲ့ နှိုင်းစာရင် သူ့တို့ရဲ့ စိတ်ဝင်စားမူ၊ ပူးပေါင်းပါဝင်မူ၊ ခြေလက်အင်္ဂါ ညီညီမျှမျှ အသုံးပြုတတ်မူ၊ စည်းကမ်းတကျရှိမူ၊ အာရုံစူးစိုက်မူ၊ အမှားအမှန်ကို ကိုယ်တိုင်တွေ့ရှိတတ်အောင် သင်ထောက်ကူပစ္စည်းများဖြင့် သင်ကြားပေးမူ၊ ကောင်းမွန်တဲ့ ပညာသင်ကြားခြင်းအကျင့်ပျိုးထောင်ပေးမူ စသည်တို့ ပါဝင်ပါတယ်။

သုံးတောင့်ပုံဆိုတာဘာလဲ၊ စတုရန်းလေးတောင့်ဆိုတာ ဘယ်လိုပုံမျိုးလဲ၊ စားပြီးသွားတဲ့ ဖရဲသီးဟာ ဘယ်လိုပုံသဏ္ဍန်မျိုးလဲ စသည်ဖြင့် အမြင်အာရုံအပြင် အာရုံငါးပါးကို ခံစားထိတွေ့ နားလည်အောင် ဦးစားပေး သင်ကြားပေးပါတယ်။

ကလေးများကို အကောင်းဆုံးသော ပညာလေ့လာတတ်မှု အကျင့်၊ ကိုယ့်ကိုယ်ကို နိုင်နင်းမှု၊ ယဉ်ကျေးလိမ္မာမှု၊ စိတ်ဓါတ်ကြံ့ ခိုင်မှု စသည်တို့ဟာလည်း မူကြိုပညာရေးရဲ့ အဓိက သင်ကြားရေး ကဏ္ဍမှာ ပါဝင်ပါတယ်။

မိဘများအနေနဲ့ မူကြိုရဲ့ သင်ကြားခြင်းသဘောသဘာဝကို ကောင်းမွန်စွာနားလည်သဘောပေါက်ထားရင် ကလေးများ မြန်မြန်စာတတ်ဖို့ စိတ်မလောတော့ပဲ ကျောင်းနဲ့အညီ အိမ်မှာလည်း ကလေးများဘက်စုံထူးချွန်လာအောင် နည်းမှန်လမ်းမှန်ဖြင့် ပြုစုပျိုးထောင်နိုင်ပါတယ်။

ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးအခြေအနေများ၊ အခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။

Ref: we chat (Aung Ko Latt)

 

 

**Zawgyi**

မူႀကိဳေက်ာင္းကို စတက္တဲ့အခ်ိန္မွာ ကေလးမ်ားရဲ႕ စိတ္မွာ မိဘနဲ႔ခြဲၿပီး တစ္ေယာက္ထဲ ေနခဲ့ရေတာ့မယ့္ဆုိၿပီး အတင္းေအာ္ငိုတတ္ၾကပါတယ္။

၁။ ေက်ာင္းသို႕ ပိုု႔ပိုု႔ခ်င္းရက္ေတြမွာ ကေလးက ေအာ္ငိုုေနတယ္ဆိုုရင္ မိဘမ်ား သူ႔ျမင္ကြင္းမွာ ၾကာၾကာမေနပါနဲ႔၊ ကေလးနဲ႕ ခပ္လွမ္းလွမ္းေနၿပီး အေျခအေနကို ေစာင့္ၾကည့္ေပးပါ။ သူေဆာ့ေနလို႕ ေမ့ေလာက္တဲ့အခ်ိန္က်မွ မိဘက ျပန္ပါ။ ကေလးမ်ားက ၃ ရက္ေလာက္ေနရင္ေတာ့ သူ႕အရွိန္နဲ႕သူရသြားပါတယ္။ အဲဒါေတြကေတာ့ ပတ္၀န္းက်င္အသစ္မွာ ၀င္ဆန္႔လြယ္ဖိုု႔ ပိုုမိုုအေထာက္အကူ ျဖစ္ပါလိ္မ့္မယ္။

၂။ မိဘမ်ား ကေလးကိုု ေရွ႕ထားၿပီး ကေလးမ်ားရဲ႕ အားနည္းခ်က္နဲ႔ အိမ္မွာရိွတဲ့ အျပစ္အနာအဆာေတြကိုု ဆရာမမ်ားကိုု မေျပာျပပါနဲ႔။

ဥပမာ- တစ္ေယာက္တည္းေနတာ ႀကိဳက္တာမ်ဳိး၊ အားငယ္တတ္တာမ်ဳိး၊ ေဒါသႀကီး၊ စိတ္ႀကီးတာမ်ဳိး ပါ၀င္ပါတယ္။ သူ႔ရဲ႕ အားနည္းခ်က္ကိုု လက္လႊဲသလိုု ျဖစ္သြားမွာစိုုးလိုု႔ပါ။

၃။ ေက်ာင္းထားလိုုက္လိုု႔ ကေလးမ်ားရဲ႕ အားနည္းခ်က္အခ်ဳိ႕ တိုုးတက္လာတယ္ဆိုုရင္ ခ်ီးမြမ္းေပးပါ။ အသိအမွတ္ျပဳေပးပါ။ အဲဒီတိုုးတက္မႈ ခိုုင္ၿမဲေအာင္ အိမ္မွာလည္း ပါ၀င္ကူညီေပးပါ။

ဥပမာ - ထမင္းစားခါနီး ကိုုယ္တိုုင္လက္ေဆးတတ္လာတာမ်ဳိး၊ ဖိနပ္ကိုု တန္းစီထားတတ္တာမ်ဳိး၊ အမိႈက္ကိုု အမိႈက္ပုံးထဲကို စနစ္တက် ပစ္တတ္လာတာမ်ဳိး စသည္ျဖင့္ေပါ႔။

၄။ အတန္းမွာရိွတဲ့ ဆရာဆရာမမ်ားနဲ႔ အၿမဲဆက္သြယ္ပါ။ ကိုုယ့္ကေလးရဲ႕ အေနအထား၊ တိုုးတက္ေျပာင္းလဲေနမႈကိုု မ်က္ျခည္မျပတ္ေလ့လာထားပါ။ ေက်ာင္းမွာ အိမ္မွာ ညီမွ်မႈ ရိွပါေစ၊ ေက်ာင္းမွာ သင္ထားတဲ့ အေလ့အက်င့္ေတြ အိမ္မွာဆက္ထိန္းသိမ္းပါ။

၅။ အျပဳသေဘာေဆာင္တဲ့ ေမးခြန္းမ်ား ေမးျမန္းေပးပါ။ အထူးသျဖင့္ ကေလးေရွ႕ မွာ ေက်ာင္းမေကာင္းေၾကာင္း၊ ဆရာဆရာမကိုု မႏွစ္သက္ေၾကာင္း မေျပာမိပါေစႏွင့္၊ ကေလးက မိဘေျပာတိုုင္း အဟုုတ္ထင္တတ္ေတာ့ ဆရာဆရာမနဲ႔ ေက်ာင္းကိုု အထင္ေသးသြားရင္ အဆင္ေျပဖိုု႔၊ တိုုးတက္ဖိုု႔ ခက္ခဲသြားႏိုုင္ပါတယ္။ တကယ္လိုု႔ အဲဒီေက်ာင္းကိုုမွ လံုုး၀မႏွစ္သက္ဘူးဆိုုရင္ ေက်ာင္းေျပာင္းလိုုက္ပါ။

ေက်ာင္းေျပာင္းျခင္းဟာ ကေလးကိုု အနည္းနဲ႔ အမ်ားထိခိုုက္ေစႏိုုင္ပါတယ္။ ဒါေပမဲ့ ေက်ာင္းအေပၚ၊ ဆရာဆရာမမ်ားအေပၚ အပ်က္သေဘာ ျမင္သြားရင္ ေက်ာင္းေျပာင္းတာနဲ႔ ႏိႈင္းယွဥ္ရင္ ကေလးကိုု ပိုုမိုုဆိုုးက်ဳိးသက္ေရာက္ေစႏိုင္ပါတယ္။

၆။ ကေလးမ်ားကိုု၊ မင္းကိုုရိုုက္တဲ့လူရိွလား၊ အႏိုုင္က်င့္တဲ့လူရိွလား၊ မင္းကစားစရာ လုုတဲ့လူရိွလား စတဲ့ေမးခြန္းမ်ား မေမးပါနဲ႔ ။ ကေလးမ်ားဟာ မိဘကိုု ႏွစ္သက္ေစလိုုတဲ့ အတြင္း စိတ္သဘာ၀မ်ား ရိွၾကပါတယ္။ ေမးတဲ့အတိုုင္း ျဖစ္ေပၚလာေအာင္ ကေလးရဲ႕ မသိစိတ္က တြန္းအားေပးတတ္တယ္လိုု႔ ပညာရွင္မ်ားက ဆိုုထားလိုု႔ပါ။ “ ဒီကေန႔ ဘယ္သူငယ္ခ်င္းသစ္နဲ႔ စကားေျပာျဖစ္တာလဲ”၊ သူငယ္ခ်င္းအသစ္ထပ္ရၿပီေပါ႔၊ ဒီေန႔ သားသားေလး ဘယ့္သူ႔ကိုု ဘာကူညီခဲ့သလဲ၊ ေကာင္းလိုုက္တာ၊ ဒီေန႔ ေက်ာင္းမွာ သိခဲ့တဲ့ပံုုျပင္ ေမေမကိုု ျပန္ေျပာျပပါလား၊ စတဲ့ အျပဳသေဘာ လမ္းညြန္မူပါ၀င္တဲ့ ေမးခြန္းမ်ားေမးေပးပါ။

မိဘကသာ ေမးခြန္းမွန္မွန္ေမးတတ္တယ္ဆိုုရင္ ေမးရင္းေျပာရင္းနဲ႔ ထူးခြ်န္ထက္ျမက္တဲ့ကေလး ပ်ဳိးေထာင္ၿပီးသားျဖစ္သြားပါတယ္။

ကေလးရဲ႕ ပင္ကိုုယ္သဘာ၀ဟာ ေဆာ့ကစားတာကိုု ႏွစ္သက္ခုုန္မင္ျခင္းျဖစ္တယ္။ သားသမီးကိုုပ်ဳိးေထာင္တဲ့ေနရာမွာ အဲဒီသဘာ၀ကိုု ထိန္းသိမ္းလိုုက္နာတတ္ဖိုု႔လိုုအပ္လွပါတယ္။ ကေလးမ်ားကိုု ကဗ်ာဘယ္ႏွစ္ပုုဒ္ရြတ္တတ္ၿပီလဲ၊ အဂၤလိပ္စကားဘယ္ေလာက္ေျပာတတ္ၿပီလဲ၊ သီခ်င္းဘယ္ေလာက္ဆိုုတတ္ၿပီလဲ၊ ဂဏန္းသခၤ်ာ ဘယ္ေလာက္တြက္ခ်က္တတ္ၿပီလဲ၊ တူရိယာ ဘယ္ႏွစ္မ်ဳိးတီးတတ္ၿပီလဲ၊ စသည္ျဖင့္ ေစာေစာစီးစီး မေလာသင့္ပါ။

မိမိရဲ႕ ကေလးဘယ္ေလာက္တတ္ေျမာက္ၿပီလဲထက္အေရးႀကီးတာက သူတိုု႔ဘယ္ေလာက္စိတ္၀င္စားၿပီလဲ၊ သူတိုု႔ သင္ၾကားမူမွာ ဘယ္ေလာက္အားတက္တေရာ ပါ၀င္လာၿပီလဲ ဆိုုတာပါ။

မူႀကိဳပညာေရးမွာ ကေလးစာတတ္ေျမာက္တာနဲ႔ ႏိႈင္းစာရင္ သူ႔တိုု႔ရဲ႕ စိတ္၀င္စားမူ၊ ပူးေပါင္းပါ၀င္မူ၊ ေျခလက္အဂၤါ ညီညီမွ်မွ် အသံုုးျပဳတတ္မူ၊ စည္းကမ္းတက်ရိွမူ၊ အာရံုုစူးစိုုက္မူ၊ အမွားအမွန္ကိုု ကိုုယ္တိုုင္ေတြ႔ရိွတတ္ေအာင္ သင္ေထာက္ကူပစၥည္းမ်ားျဖင့္ သင္ၾကားေပးမူ၊ ေကာင္းမြန္တဲ႔ ပညာသင္ၾကားျခင္းအက်င့္ပ်ဳိးေထာင္ေပးမူ စသည္တိုု႔ ပါ၀င္ပါတယ္။

သံုုးေတာင့္ပံုုဆိုုတာဘာလဲ၊ စတုုရန္းေလးေတာင့္ဆိုုတာ ဘယ္လိုုပံုုမ်ဳိးလဲ၊ စားၿပီးသြားတဲ့ ဖရဲသီးဟာ ဘယ္လိုုပံုုသ႑န္မ်ဳိးလဲ စသည္ျဖင့္ အျမင္အာရံုုအျပင္ အာရံုုငါးပါးကိုု ခံစားထိေတြ႔ နားလည္ေအာင္ ဦးစားေပး သင္ၾကားေပးပါတယ္။

ကေလးမ်ားကိုု အေကာင္းဆံုုးေသာ ပညာေလ့လာတတ္မႈ အက်င့္၊ ကိုုယ့္ကိုုယ္ကိုု ႏိုုင္နင္းမႈ၊ ယဥ္ေက်းလိမၼာမႈ၊ စိတ္ဓါတ္ႀကံ႕ ခိုုင္မႈ စသည္တိုု႔ဟာလည္း မူႀကိဳပညာေရးရဲ႕ အဓိက သင္ၾကားေရး က႑မွာ ပါ၀င္ပါတယ္။

မိဘမ်ားအေနနဲ႔ မူႀကိဳရဲ႕ သင္ၾကားျခင္းသေဘာသဘာ၀ကိုု ေကာင္းမြန္စြာနားလည္သေဘာေပါက္ထားရင္ ကေလးမ်ား ျမန္ျမန္စာတတ္ဖိုု႔ စိတ္မေလာေတာ့ပဲ ေက်ာင္းနဲ႔အညီ အိမ္မွာလည္း ကေလးမ်ားဘက္စံုုထူးခြ်န္လာေအာင္ နည္းမွန္လမ္းမွန္ျဖင့္ ျပဳစုုပ်ဳိးေထာင္ႏိုုင္ပါတယ္။

ပညာေရးလမ္းညႊန္website တြင္ျမန္မာတစ္ႏုိင္ငံလံုးတြင္ ေျပာင္းလဲေနေသာ ပညာေရးအေျခအေနမ်ားအခမဲ့ ပညာေရးသင္ၾကားေပးေနသည့္ သင္တန္းေက်ာင္းမ်ား၊ ျပည္တြင္း၊ ျပည္ပပညာသင္ဆုမ်ား၊ ပညာေရးအတြက္ သင္တန္းမ်ား၊ အလုပ္ခြင္၀င္ရန္ လိုအပ္ေသာ သင္တန္းမ်ား စသည္တို႔ပါ၀င္ပါတယ္ေနာ္...။

Ref: we chat (Aung Ko Latt)

Tips Read 1492 times