Sales Hotline : 09448001653       Download App



Advanced ICT Engineering သင်တန်းများ စက်တင်ဘာလ ၂၀ရက်နေ့ နောက်ဆုံးထားလျှောက်ထားနိုင်

 

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ သုတေသနဌာနတွင် Advanced ICT Engineering သင်တန်းများ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရှိရသည်။ 

သင်တန်းတက်ရောက်လိုသူများ အနေဖြင့် လျှောက်လွှာများကို သတ်မှတ်ပုံစံဖြင့် ဖြည့်စွက်ပြီး သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ သုတေသနဌာန၊ ပါရမီလမ်းမကြီး၊ လှိုင်တက္ကသိုလ်ဝင်း၊ ကျောင်းသားရေးရာဌာနသို့ စက်တင်ဘာလ ၂၀ ရက်‌နေ့ (အင်္ဂါနေ့) နောက်ဆုံးထားပြီး လျှောက်ထားရမည်။

သင်တန်းလျှောက်ထားသူများသည် စက်တင်ဘာလ ၂၃ ရက်နေ့ (သောကြာနေ့) မနက် ၁၀ နာရီတွင် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ သုတေသနဌာန၊ ပါရမီလမ်းမကြီး ၊ လှိုင်တက္ကသိုလ်ဝင်း ၊ရန်ကုန်မြို့ ၌ ဝင်ခွင့်စာမေးပွဲဖြေဆိုကြရမည်ဖြစ်ပြီး သင်တန်းတတ်ရောက်ရန် ရွေးချယ်ခြင်းခံရသော သင်တန်းသားများသည် အစိုးရရုံးပိတ်ရက်များမှ အပ နံနက် (၉း၀၀) နာရီ မှ ညနေ (၄း၀၀) နာရီ အထိ အချိန်ပြည့် သင်တန်းကို တက်ရောက်ရမည်ဖြစ်သည်။ 

 

ဖွင့်လှစ်သင်ကြားပေးမည့် သင်တန်းများမှာ အောက်ပါအတိုင်းဖြစ်သည်။

 

စဥ်

သင်တန်း

သင်တန်းကာလ

သင်တန်းသား

      ဦးရေ 

သင်တန်းကြေး

သင်တန်းဌာန

Professional Diploma in Java Programming Course (DJP)

၁၄-၁၀-၂၀၂၂ ရက်မှ ၇-၄-၂၀၂၃ ရက်ထိ 

(၂၄ ပတ်)

၄၀

၃၀၀၀၀၀

 

Professional Certificate in Android Programming Course 

၃၁-၁-၂၀၂၃ ရက်မှ ၇-၄-၂၀၂၃ ရက်ထိ 

(၈ ပတ်)

၂၀

၁၅၀၀၀၀

IMCEITS

Professional Certificate in Network Development Course

၉-၁-၂၀၂၃ ရက်မှ ၁၇-၃-၂၀၂၃ ရက်ထိ 

(၁၀ ပတ်)

၂၀

၁၃၀၀၀၀

 

Oracle Database 11g Course (SQL,PL/SQL and DBA)

၁၂-၁၂-၂၀၂၂ ရက်မှ ၃၀-၁၂-၂၀၂၂ ရက်ထိ 

(၃ ပတ်)

၂၀

၁၀၀၀၀၀

ICTTI

Virtualization Course (VMware)

၁၂-၁၂-၂၀၂၂ ရက်မှ ၃၀-၁၂-၂၀၂၂ ရက်ထိ

(၃ ပတ်)

၁၀၀၀၀၀

 


 

  • အမှတ်စဥ် (၁) သင်တန်းသည် ဒီပလိုမာဘွဲ့သင်တန်းဖြစ်ပြီး မိမိ၏ ပရိုဂရမ်စွမ်းရည်ကို အခြေခံ၍ Java Programming အခြေခံရှိသူများ လျှောက်ထားနိုင်သည်။
  • အမှတ်စဥ် (၂) သင်တန်းအတွက် IMCEITS သင်တန်းဌာနမှ Professional Diploma in Java Programming Course (သို့မဟုတ်) Professional Diploma in Wireless and Mobile Computing Course သင်တန်းအောင်မြင်ပြီးသူ (သို့မဟုတ်) ICTTI သင်တန်းဌာန မှ Professional Diploma in Software Engineering Course သင်တန်းအောင်မြင်သူများ လျှောက်ထားနိုင်သည်။ 

  • အမှတ်စဥ် (၃) သင်တန်းအတွက် Networking စိတ်ဝင်စားသူများ လျှောက်ထားနိုင်သည်။

  • အမှတ်စဥ် (၄) သင်တန်းအတွက် Database အခြေခံရှိသူများ လျှောက်ထားနိုင်သည်။

  • အမှတ်စဥ် (၅) သင်တန်းအတွက် ICTTI သင်တန်းဌာန မှ Professional Diploma in Network Engineering Course သင်တန်း အောင်မြင်ပြီးသူ (သို့မဟုတ်) Networking အခြေခံသင်တန်း အသိအမှတ်ပြုလတ်မှတ် ရရှိပြီးသူများ လျှောက်ထားနိုင်ပါသည်။ 

ပညာအရည်အချင်းသတ်မှတ်ချက် နှင့် လျှောက်လွှာနှင့်အတူ ပူးတွဲတင်ပြရမည့် အထောက်အထားများမှာ အောက်ပါအတိုင်းဖြစ်ကြသည် ။

 

  • B.C.Sc/ B.C.Tech/ B.Tech(IT)/ B.Tech(EC)/ B.E(EC)/ B.E(IT)/ B.Sc(Computer Science)/ M.C.Sc/ M.C.Tech/ M.I.Sc/ M.A.Sc/ M.E(IT)/ M.E(EC)/ M.Sc(Computer Science)/ ဘွဲ့တစ်ခုခု ရရှိပြီးသူ (သို့မဟုတ်) နိုင်ငံတကာ အသိအမှတ်ပြု တက္ကသိုလ် တစ်ခုခုမှ IT အထူးပြုဘွဲ့ ရရှိပြီးသူ ဖြစ်ရမည်။

  • သတ်မှတ်ထားသောဝင်ခွင့်အရည်အချင်းစစ်စာမေးပွဲများကို အောင်မြင်စွာဖြေဆိုနိုင်သူဖြစ်ရမည်။

  • မိမိနှင့်တစ်ကွ မိဘနှစ်ပါးသည် နိုင်ငံသားများဖြစ်ရမည်။

  • သက်ဆိုင်ရာမြို့နယ် ၊ ရဲစခန်းတစ်ခုခုမှ သုံးလထက် မကျော်လွန်သည့် အကျင့်စာရိတ္တကောင်းမွန်ကြောင်း နှင့် ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံစာများကို သင်တန်းလျှောက်လွှာနှင့်အတူ ပူးတွဲတင်ပြရမည်။ 

အသေးစိတ်အချက်အလက်များကို စုံစမ်းသိရှိလိုပါက သတင်းအချက်အလက် နှင့် ဆက်သွယ်ရေးနည်းပညာ သုတေသနဌာန ၊ ပါရမီလမ်း ၊ ဖုန်းနံပါတ် ၀၁-၆၆၁၇၁၄ ၊ ၀၁-၅၂၅၄၂ ၊ ၀၁-၆၆၂၃၂၉ နံပါတ်များသို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

 


 

 

Local News Read 547 times