အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်) တွင် အောက်ဖော်ပြပါ အချိန်ပိုင်းအနုပညာဒီပလိုမာသင်တန်းများ ဖွင့်လှစ်မည်ဖြစ်ပါသဖြင့် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီးသူများသာမက အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်း တက်ရောက်ခဲ့ဖူးသူများလည်း လျှောက်ထားနိုင်သည်။
ဖွင့်လှစ်မည့်သင်တန်းများ
ဂီတပညာဌာန - စောင်း၊ ပတ္တလား၊ စန္ဒရား၊ တယော၊ အဆို
သဘင်ပညာဌာန - မြန်မာ့ရိုးရာရုပ်သေးပညာ၊ မြန်မာ့ရိုးရာအကပညာ
ပန်းချီပညာဌာန - အခြေခံပန်းချီပညာ၊ ရေဆေးပန်းချီရေးဆွဲနည်း၊ ဆီဆေးပန်းချီရေးဆွဲနည်း
ပန်းပုပညာဌာန - အခြေခံပန်းပုပညာ၊ မြန်မာ့ရိုးရာပန်းပု၊ ပန်းပုပုံဖော်နည်းပညာ
ရုပ်ရှင်နှင့်ပြဇာတ်ပညာဌာန - Film Making
ယဉ်ကျေးမှုအမွေအနှစ်စီမံခန့်ခွဲမှုပညာဌာန - ယဉ်ကျေးမှုအမွေအနှစ်စီမံခန့်ခွဲမှု
သင်တန်းကာလ
Level (၃) ခုရှိပြီး Level (၁) ခုလျှင် (၃) လ စုစုပေါင်း (၉) လ တက်ရောက်ရပါမည်။
သင်တန်းအချိန်
Level-1 (Section-1) - ၂၀၂၆ ခုနှစ် ဧပြီ (၂၂) ရက်မှ ဇွန် (၁၂) ရက်အထိ ဖြစ်ပြီး အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့တို့တွင် နံနက် (၇) နာရီမှ (၉) နာရီအထိ တက်ရောက်ရပါမည်။
Level-1 (Section-2) - ၂၀၂၆ ခုနှစ် ဧပြီ (၂၅) ရက်မှ ဇူလိုင် (၁၂) ရက်အထိ ဖြစ်ပြီး အပတ်စဉ် စနေ၊ တနင်္ဂနွေတို့တွင် နံနက် (၉) နာရီမှ (၁၂) နာရီအထိ တက်ရောက်ရပါမည်။
မှတ်ချက်။ ။ အနုပညာဒီပလိုမာ (ဂီတ၊ သဘင်၊ ပန်းချီ) သင်တန်းများအတွက် Section (1) နှင့် (2) ဖွင့်လှစ်မည်ဖြစ်ပြီး အနုပညာဒီပလိုမာ (ပန်းပု၊ ရုပ်ရှင်နှင့်ပြဇာတ်နှင့် ယဉ်ကျေးမှုအမွေအနှစ်စီမံခန့်ခွဲမှု) သင်တန်းများအတွက် Section (1) တစ်ခုသာ ဖွင့်လှစ်ပါမည်။
ပေးအပ်မည့်လက်မှတ်
Level တစ်ခုပြီးမြောက်ပါက သင်တန်းပြီးမြောက်ကြောင်းလက်မှတ်ပေးအပ်မည်ဖြစ်သည်။ အခြေခံပညာ အလယ်တန်းနှင့် မူလတန်းတက်ရောက်ခဲ့ဖူးသူများသည် အနုပညာသင်တန်းများ၏ Level 1 နှင့် Level 2 အထိသာ တက်ရောက်နိုင်ပြီး အနုပညာအောင်လက်မှတ်သာ ရရှိပါမည်။
Level (၃) ခုလုံး ပြီးမြောက်သူသည် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီးသူဖြစ်ပါက အနုပညာဒီပလိုမာလက်မှတ် (Part time Diploma in Arts) ကို ရရှိမည်ဖြစ်ပြီး အထက်တန်းတက်ရောက်နေသူ (သို့) တက်ရောက်ဖူးသူဖြစ်ပါက အနုပညာအောင်လက်မှတ် (Certificate) သာ ရရှိပါမည်။
သင်တန်းလျှောက်ထားခြင်း
အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်) သင်တန်းရေးရာဌာနတွင် လျှောက်လွှာပုံစံများကို မတ်လ (၃၀) ရက်နေ့မှစ၍ ဧပြီ (၈) ရက်နေ့အထိ ရယူလျှောက်ထားနိုင်သည်။ လျှောက်လွှာနှင့်အတူ ပညာရေးထောက်ခံချက်မိတ္တူ၊ ပတ်စပို့အရွယ်ဓာတ်ပုံ (၅) ပုံတို့ကို ပူးတွဲလျှောက်ထားရမည်။
ဝင်ခွင့်ရွေးချယ်ခြင်း
သင်တန်းဝင်ခွင့်အတွက် ဧပြီ (၁၀) ရက်နေ့၊ နံနက် (၁၀) နာရီ၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်) စွယ်တော်ဆောင်တွင် လူတွေ့စစ်ဆေးမည်ဖြစ်ပြီး ဧပြီ (၂၁) ရက်နေ့တွင် ဝင်ခွင့်ရရှိသူများကို အသိပေးကြေညာပါမည်။
သင်တန်းနှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက သင်တန်းရေးရာဌာနဖုန်း ၀၉-၇၈၈၁၈၉၁၈၀၊ ၀၉-၂၅၀၀၈၈၂၆၈ နှင့် ၀၉-၄၄၈၀၄၁၁၅၈ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်သည်။
==================================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။