Sales Hotline : 09448001653    



ပုဂံ ယွန်းပညာကောလိပ်အကြောင်းနှင့် သင်ကြားပေးနေသည့် ဘာသာရပ်များ၊ ဘွဲ့များ

သမဝါယမဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနလက်အောက်ရှိ ယွန်းပညာကောလိပ် (ပုဂံ) ကို ၁၉၂၄ ခုနှစ်တွင် ယွန်းထည်လုပ်ငန်း အတတ်သင်ကျောင်းအဖြစ် စတင် ဖွင့်လှစ်ခဲ့ပြီး ၁၉၉၅ ခုနှစ်တွင် မြန်မာ့ယွန်းသိပ္ပံအဆင့်၊ ၂၀၀၃ ခုနှစ်တွင် ယွန်းပညာကောလိပ်ဟူ၍ အဆင့်ဆင့် တိုးမြှင့် ဖွင့်လှစ်ခဲ့သည်။

 

ယွန်းထည်လုပ်ငန်း အတတ်ပညာသည် မြန်မာတို့၏ ယဉ်ကျေးမှုအမွေအနှစ် အတတ်ပညာတစ်ခု ဖြစ်ပြီး အသက်မွေးဝမ်းကျောင်းအတွက် လုပ်ကိုင်ရင်း မိမိတို့၏ ယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းနိုမည် ဖြစ်သည်။ 

 

ဗြိတိသျှ အစိုးရလက်ထက်တွင် ပုဂံဝန်ထောက်မင်း ဦးတင်သည် မြန်မာ့ရိုးရာ ယဥ်ကျေးမှု အမွေအနှစ်များကို နှစ်သက်မြတ်နိုးသူ ဖြစ်သည့်အတွက် ယွန်းထည်လုပ်ငန်း အတတ်ပညာ မတိမ်ကော မပပျောက်သွားစေရန်နှင့် အရှည်တည်တံ့ ခိုင်မြဲစေရန် ပုဂံမြို့တွင် ယွန်းထည်လုပ်ငန်း အတတ်သင်ကျောင်း ဖွင့်လှစ်နိုင်ရန် ကြိုးစား ဆောင်ရွက်ခဲ့သည်။ 

 

ဦးတင်သည် ဒေသခံ ယွန်းလုပ်ငန်း ပညာရှင်ကြီးများနှင့် ဆွေးနွေး ညှိနှိုင်းပြီး ယွန်းထည်လုပ်ငန်း အတတ်သင်ကျောင်းကို ကိုယ်ထူကိုယ်ထ ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး ၁၉၂၄ ခုနှစ်တွင် အစိုးရ ယွန်းထည်လုပ်ငန်း အတတ်သင်ကျောင်းကို ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

 

ထို့နောက် ၁၉၆၀ ခုနှစ်တွင် နိုင်ငံတော်အစိုးရသည် ယွန်းထည်လုပ်ငန်း အတတ်သင်ကျောင်းကို (၃) နှစ် သင်တန်းမှ (၁) နှစ်သင်တန်းအဖြစ်သို့ ပြောင်းလဲ သတ်မှတ်ခဲ့ပြီး အဆိုပါသင်တန်းကို ၁၉၆၀ ခုနှစ်မှ ၁၉၆၅ ခုနှစ်အထိ (၅) နှစ် သင်ကြားပေးခဲ့သည်။

 

Advertisement

Click Here > Sein Gay Har

 

၁၉၉၄ ခုနှစ်တွင် ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရအဖွဲ့ ၁၉၉၄ ခုနှစ် ဩဂုတ်လ (၃၁) ရက်နေ့ အစည်းအဝေး အမှတ်စဉ် (၃၂/၉၄) ဆုံးဖြတ် အတည်ပြုချက်အရ ယွန်းထည်လုပ်ငန်း အတတ်သင်ကျောင်းမှ မြန်မာ့ယွန်းသိပ္ပံ အဆင့်သို့ တိုးမြှင့် ခွင့်ပြုခဲ့သည်။

 

၂၀၀၃ ခုနှစ်၊ ဒီဇင်ဘာလတွင် မြန်မာ့ယွန်းသိပ္ပံအဆင့်မှ ယွန်းပညာကောလိပ်အဆင့်သို့ တိုးမြှင့်ခဲ့ပြီး အောက်ပါ ယွန်းပညာဘာသာရပ်များကို သင်ကြားပေးလျက် ရှိသည်။

 

  • အခြေခံထည် (ဝါး/သစ်)
  • အနက်ထည်ဘာသာရပ်
  • ကညစ်ယွန်းဘာသာရပ်
  • ရွှေဇဝါယွန်းဘာသာရပ်
  • သားရိုးပန်းကြွယွန်းဘာသာရပ်
  • ပန်းချီဘာသာရပ်
  • ပန်းပုဘာသာရပ်
  • အခြေခံထုပ်ပိုးခြင်းဘာသာရပ်
  • နိုင်ငံတကာယွန်းဘာသာရပ်
  • ဓါတုဗေဒ/ ရုက္ခဗေဒဘာသာရပ်

 

ဒီပလိုမာ တစ်နှစ်သင်တန်းကို တက္ကသိုလ်မှ ဘွဲ့တစ်ခုခု ရရှိပြီး၊ အသက် (၃၅) နှစ် မကျော်သူများ တက်ရောက်နိုင်ပြီး နှစ်နှစ်သင်တန်းကို တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး အသက် (၂၅) နှစ်ထက် မကျော်သူများ တက်ရောက် သင်ကြားနိုင်ပြီး ယွန်းအတတ်ပညာဒီပလိုမာဘွဲ့ ရရှိမည် ဖြစ်သည်။

 

ယွန်းပညာကောလိပ် အဆင့်တွင် ဒီပလိုမာ (၂) နှစ်သင်တန်း အောင်မြင်ပြီးသူများသည် ( ယခင်က စီးပွားရေး တက္ကသိုလ်များသို့ ၂၀၀၅ ခုနှစ်မှ ၂၀၁၁ ခုနှစ်ထိ (၆) နှစ်တိတိ သင်ကြားခွင့် ရရှိခဲ့ပြီး ) ၂၀၁၁ ခုနှစ်မှ စတင်ပြီး သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် ( စစ်ကိုင်း သို့ သန်လျင် ) သို့ ပေါင်းကူး တက်ရောက်နိုင်သည်။

 

Latest Post University / College Vocational Read 1090 times