Sales Hotline : 09448001653       Download App



ထိပ်တန်းကုမ္ပဏီ (၆၅) ခုမှာ အလုပ်လျှောက်ထားနိုင်မည့် အလုပ်အကိုင်ပြပွဲကြီး

 

 

မြန်မာနိုင်ငံ၏ အကြီးကျယ်ဆုံးသော JobNation  အလုပ်အကိုင်ပြပွဲကြီးကို JobNet Myanmar မှ ဦးဆောင်၍ လာမည့် စနေနေ့ မတ်လ ၁၈ ရက်နေ့တွင် Novotel Hotel Ballroom ၌ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

 

အဆိုပါပွဲကြီးကို နံနက် ၉နာရီ မှ ညနေ ၅ နာရီအထိ ပြုလုပ်သွားမည် ဖြစ်ပြီး ပြည်တွင်းနှင့် နိုင်ငံတကာအခြေစိုက် ထိပ်တန်းကုမ္ပဏီကြီးများ စုစုပေါင်း (၆၅) ခုကျော် ပူးပေါင်း ပါဝင်သွားမည် ဖြစ်သဖြင့် အလုပ်အကိုင် လိုအပ်နေသူများအတွက် ထောင်ပေါင်းများစွာသော အလုပ်အကိုင်၊ အခွင့်အလမ်းများကို တစ်နေရာတည်းမှာ ရှာဖွေနိုင်မည် ဖြစ်သည်။

 

ဒါ့အပြင် နာမည်ကြီးကုမ္ပဏီများမှ မန်နေဂျာ၊ ဒါရိုက်တာများနှင့် တွေ့ဆုံခွင့် ရရှိမည့်အပြင် အလုပ်အကိုင်နှင့် ပတ်သက်သည့် အကြံပေးချက်များ၊ ဗဟုသုတများ၊ ဟောပြောချက်များ၊ ဆွေးနွေးချက်များကိုပါ လေ့လာသိရှိ နိုင်မည် ဖြစ်သည်။

 

အဆိုပါ အလုပ်အကိုင်ပြပွဲကြီးတွင်  ပါဝင်ခေါ်ယူသွားမည့်  ကုမ္ပဏီကြီးများမှာ   အောက်ပါအတိုင်းဖြစ်သည်_

 

  • AIA     

  • Edulink Myanmar    

  • Manulife    

  • Ooredoo

  • Carlsberg Myanmar

  • CB Bank

  • City Jobs

  • EAC Services

  • KBZ Bank

  • Pacific Group (AA Medical)

  • Pesi

  • Super Seven Stars

  • ATOM

  • Dai-ichi Life

  • Hana Microfinance

  • Ninja Van

  • Shwe Bank

 

စတဲ့ နာမည်ကြီး ကုမ္ပဏီများနှင့်  အခြားသော လုပ်ငန်း  (၆၅)   ခုမှ ပါဝင်သွားမည် ဖြစ်သည်။

Advertisement

Click Here > Asia Concrete Products

ပွဲသို့ လာရောက်ရာတွင် အလုပ်အကိုင် ရှာဖွေလျှောက်ထားမှုအတွက် CV Form နှင့် အခြားသော ပညာအရည် အချင်းထောက်ခံချက် စာရွက်စာတမ်းများကို Hard Copy ဖြင့် ယူဆောင်လာစရာ မလိုဘဲ အလုပ်လျှောက်ထားမှုအတွက် လွယ်ကူအဆင်ပြေစေမည့် Paperless Technology နည်းပညာအသစ်တစ်ခုကို JobNet.com.mm ကနေ  ထည့်သွင်းထားကြောင်း သိရှိရသည်။Digital CV ပြုလုပ်ရန်အတွက် အောက်တွင် ပေးထားသော လင့်ခ်မှ ဝင်ရောက်ဖတ်ရှုပြီး နည်းလမ်းအဆင့်ဆင့်အတိုင်း ပြုလုပ်သွားနိုင်သည်။

 

Digital CV ပြုလုပ်ရန် 

> https://bit.ly/3ZPOE4v

 

ပွဲသို့တက်ရောက်ရန်အတွက် အောက်တွင် ဖော်ပြထားသော စာရင်းပေးသွင်းရန်လင့်ခ်မှ တစ်ဆင့် ဝင်ရောက်ပြီး Register ပြုလုပ်ရန် လိုအပ်သည်။

 

စာရင်းပေးသွင်းရန်လင့်ခ် 

> https://bit.ly/3mSbdqB 


ပွဲနှင့်ပတ်သက်သော အသေးစိတ် အချက်အလက်များကို Jobnet Myanmar ၏ Facebook Page ဖြစ်သော https://www.facebook.com/jobnet.com.mm Page Messenger တွင် မေးမြန်း စုံစမ်းနိုင်သည်။

Latest Post Local News Vocational Read 851 times