Sales Hotline : 09448001653    



အထက်တန်း အောင်ပြီးသူများ သွားဘက်ဆိုင်ရာ အကူသူနာပြု သင်တန်းစတင် လျှောက်ထားနိုင်

 

 

ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် သွားဘက်ဆိုင်ရာ အကူသူနာပြု (ပြင်ပ) သင်တန်းကို စိတ်ပါဝင်စားသူများ လျှောက်ထားနိုင်ကြောင်း သိရှိရသည်။ 

သင်တန်းမှာ ဖော်ပြထားသော သင်တန်းဝင်ခွင့် လျှောက်လွှာပုံစံဖြင့် လျှောက်ထားရမည်ဖြစ်ပြီး လျှောက်လွှာများကို သွားကျန်းမာရေးပညာဌာနခွဲ၊ ကုသရေးဦးစီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်သို့ လိပ်မူ၍ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်၊ ညနေ (၄း၃၀) ထက် နောက်မကျပဲ လျှောက်ထားရမည်ဖြစ်သည်။

 

သင်တန်းမှာ နေပြည်တော်တွင် ဖွင့်လှစ်ပို့ချမည်ဖြစ်ပြီး သင်တန်းကာလ (၉) လကြာတက်ရောက်ရမည်ဖြစ်သည်။ လျှောက်ထားသူသည် အောက်ပါအရည်အချင်းများနှင့် ပြည့်စုံသူဖြစ်ရမည်_

 

  •  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။

 

  •  အခြေခံပညာအထက်တန်း (သို့မဟုတ်) တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူဖြစ်ရမည်။

 

  •  လျှောက်လွှာပိတ်သည့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် အသက် (၁၈) နှစ်ပြည့်ပြီး (၂၅) နှစ်ထက် မကျော်သူဖြစ်ရမည်။

 

  •  အိမ်ထောင်မရှိသူ အပျို/လူပျို ဖြစ်ရမည်။

 

  •  ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနမှ ဖွင့်လှစ်မည့် သွားဘက်ဆိုင်ရာ အကူသူနာပြု (ပြင်ပ) (၉)လသင်တန်းကို ပြီးဆုံးအောင်တက်ရောက်နိုင်သူဖြစ်ရမည်။ သင်တန်းပြီးဆုံးပါက နိုင်ငံ့ဝန်ထမ်း အဖြစ်အနည်းဆုံး (၂) နှစ် တာဝန်ထမ်းဆောင်ရမည်။ သင်တန်းပြီးဆုံးအောင် မတက်ရောက်နိုင်ခြင်း၊ နိုင်ငံ့ဝန်ထမ်းအဖြစ် အနည်းဆုံး (၂) နှစ် တာဝန်မထမ်းဆောင်နိုင်ခဲ့ပါက သတ်မှတ်လျော်ကြေးငွေ (၅,၀၀,၀၀၀/-) ငါးသိန်းကျပ်တိတိပေးလျှော်ရမည်။ 

 

  • သင်တန်းဖွင့်လှစ်မည့် နေပြည်တော်ရှိ ဆေးရုံကြီးများတွင် သင်တန်းတက်ရောက်နိုင်သူဖြစ်ရမည်။

 

  •  အစိုးရဌာနတစ်ခုခု၏ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်း၊ ထုတ်ပယ်ခြင်း၊ ရာထူးခန့်အပ်ခြင်းမှ အမိန့်စာ ပယ်ဖျက် ခံထားရသူများ လျှောက်ထားခွင့်မရှိပါ။

 

  •  ပြစ်မှုကင်းရှင်းသူဖြစ်ရမည်။

 

  • သွားဘက်ဆိုင်ရာ အကူသူနာပြု (ပြင်ပ) (၉)လသင်တန်းအောင်မြင်သူများအား ကုသရေးဦးစီးဌာနမှ အသိအမှတ်ပြု သင်တန်းဆင်းအောင်လက်မှတ်ချီးမြှင့်မည်ဖြစ်သည်။


 

      လျှောက်လွှာနှင့်အတူ အောက်ပါစာရွက်စာတမ်းများ ပူးတွဲတင်ပြရမည်_


 

  • လွန်ခဲ့သော (၃) လအတွင်းရိုက်ကူးထားသော ပတ်စ်ပို့တ်အရွယ် ဓာတ်ပုံ (၃) ပုံ

 

  • အခြေခံပညာအထက်တန်း (သို့) တက္ကသိုလ်ဝင်တန်းအောင်လက်မှတ် နှင့် ရမှတ်စာရင်း မိတ္တူ (တစ်စောင်စီ)

 

  • နိုင်ငံသားစီစစ်ရေးကတ်ပြား (မိတ္တူ)

 

  • ပြစ်မှုကင်းရှင်းကြောင်း သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး နှင့် ရဲစခန်းထောက်ခံချက် (မူရင်း)

 

  • အပျို/လူပျို ဖြစ်ကြောင်းသက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက် (မူရင်း)

 

  • ကျန်းမာရေးကောင်းမွန်ကြောင်း သက်ဆိုင်ရာ မြို့နယ်/ပြည်သူ့ ကျန်းမာရေး/ ကုသရေးဦးစီးဌာန၏ ဆေးထောက်ခံစာမူရင်း

 

  • ပြည့်စုံစွာဖြည့်စွက်ထားသော ကိုယ်ရေးမှတ်တမ်း

 

  • အကယ်၍ သင်တန်းတက်ရောက်ရန် ရွေးချယ်ခြင်းခံရပါက သင်တန်းကာလအတွင်း သင်တန်းစည်းမျဥ်း၊ စည်းကမ်းများကို လိုက်နာပြီး သင်တန်းပြီးဆုံးအောင် တက်ရောက်ပါမည်ဟု ဝန်ခံကတိပြုလွှာ


 

သင်တန်းစရိတ် နှင့် နေထိုင်စားသောက်စရိတ်များအား သင်တန်းသားများဘက်မှ ကိုယ်တိုင်ကျခံရမည်ဖြစ်သည်အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ကုသရေးဦးစီးဌာန၊ သွားကျန်းမာရေးပညာဌာနခွဲ ဖုန်းနံပါတ်(၀၆၇-၃၄၁၁၁၄၂) သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

 

Latest Post Vocational Local News Read 1081 times