Sales Hotline : 09448001653    



ဒီဇိုင်းပညာ ဖက်ရှင်လောကရဲ့ အပြောင်မြောက်ဆုံး ရုပ်ရှင်ဇာတ်ကား (၈) ကား

 

 

 

ဖက်ရှင်လို့ပြောလိုက်ရင် အမျိုးသား၊ အမျိုးသမီး အားလုံးနဲ့ သက်ဆိုင်ပါတယ်။ ဘယ်နေရာမှာဖြစ်ဖြစ်နေရာအနေအထား အခြေအနေ နဲ့ အချိန်အခါအရ လိုက်ဖက်သင့်တော်အောင် ဝတ်တတ်စားတတ်ခြင်းကဖက်ရှင်ကျတာပါပဲ။ 

 

အခုဖော်ပြပေးမယ် ရုပ်ရှင်တွေကတော့ ဖက်ရှင်လောကရဲ့ အရေးအပါဆုံး အခိုက်အတန့်အချို့ နဲ့ နောက်ခံသမိုင်းကြောင်းတွေကို သိရှိစေမယ့် ဖက်ရှင်ဇာတ်ကားတွေပဲဖြစ်ပါတယ်။ ဒီဇိုင်းနာပညာကို သင်ယူပြီးဖက်ရှင်လောကကို ဝင်မယ့်သူပဲဖြစ်ဖြစ်၊ ကိုယ့်ကိုယ်ကို လှပကျော့ရှင်းအောင်နေထိုင်ပြီး ဝတ်တတ်စားတတ်တဲ့ကိုကို မမတွေပဲဖြစ်ဖြစ် ဒီဇာတ်ကားတွေကို အချိန်ရရင် တစ်ခေါက်ဖြစ်ဖြစ် ကြည့်ရှုလိုက်ပါ။ နောင်တမရစေရဘူးနော်။ 

 

 

  1. The Neon Demon (2016)

Keanu Reeves နဲ့ Elle Fanning တို့က ခေါင်းဆောင်ပါဝင်ထားပါတယ်။ မော်ဒယ်ဖြစ်ဖို့အိမ်မက်နဲ့ လော့စ်အိန်ဂျလိစ့်ကို ရောက်ရှိလာတဲ့ ကောင်မလေးတစ်ယောက် ဖက်ရှင်လောကကြီးထဲမှာ နံပါတ် (၁) နေရာကို ရရှိဖို့အတွက် ဘယ်လိုဘယ်ပုံ ကြိုးစားရပုံ၊အတိုက်အခိုက်တွေဘယ်လိုများပုံ၊ ပြိုင်ဆိုင်ယှဥ်ပြိုင်ရပုံတွေကို အမြင်ဆန်းစေမယ့် ရိုက်ချက်တွေနဲ့ ရိုက်ကူးပုံဖော်ပြသထားပါတယ်။ 


 

 

  1. Phantom Thread (2017)

Rating 7.5 အထိရရှိထားတဲ့ နာမည်ကြီး ဇာတ်ကားကောင်းတစ်ကားပါ။ စစ်ကြီးပြီး ၁၈၅၀ခုနှစ် နှောင်းပိုင်း လန်ဒန်မြို့မှာ ဇာတ်အိမ်တည်ထားပါတယ်။ စစ်ပြီးခေတ်ဖက်ရှင်လောကကို မျက်ဝါးထင်ထင် တွေ့မြင်နိုင်သလို တော်ဝင်မျိုးနွယ်၊ ရုပ်ရှင်အကျော်အမော်၊ နာမည်ကျော်ကြားသူတို့ရဲ့ ဝတ်ပုံစားပုံတွေကို လေ့လာခွင့်ရမှာပါ။ ဘဝတစ်လျှောက်လုံး ဖက်ရှင်ဒီဇိုင်နာ အလုပ်ကိုပဲ မြှုပ်နှံထားတဲ့ နာမည်ကြီး ဒီဇိုင်နာတစ်ဦး နဲ့အမျိုးသမီးငယ်လေးတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းကိုလည်း လှလှပပကြည့်ရှုနိုင်မယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။

 

 

  1. Cruella (2021)

Disney ရဲ့ ဖက်ရှင်လောကမှာ အံ့မခန်းနေရာယူနိုင်တဲ့ ဇာတ်ကားပါ။ နာမည်ကြီး မင်းသမီးချောအမ်မာစတုန်းက ဒီကားမှာ ခရူရယ်လာ ဆိုတဲ့ ဗီလိန်ဇာတ်ရုပ်နဲ့ ခေါင်းဆောင်နေရာက ပါဝင်ပါတယ်။ Live Action ဇာတ်လမ်းအမျိုးအစားဖြစ်ပြီး ဇာတ်လမ်းဇာတ်ကွက် ကောင်းကောင်းနဲ့ ရိုက်ကူးထားတာပါ။ အမ်မာ့ရဲ့ ပြောင်မြောက်လှပတဲ့ ဖက်ရှင်ဒီဇိုင်းအဆန်းတွေကို တစ်ကားလုံးအဝကြည့်ရမှာပါ။

 

 

 

  1. House of Gucci (2021)

ဂူချီ(Gucci) လို့ပြောလိုက်ရင် ကမ္ဘာကျော်နာမည်ကြီး Brand တံဆိပ်ဆိုတာ မသိတဲ့သူ မရှိသလောက်ကို ရှားပါတယ်။ ဒီကားကတော့ ဂူချီရဲ့ မူလအစမိသားစု အကြောင်းဖြစ်တဲ့ ဖြစ်ရပ်မှန်ဇာတ်ကားပါ။ ဂူချီမိသားစုရဲ့ ရှုပ်ထွေးလှတဲ့ အရှုပ်တော်ပုံတွေကြားမှာ လှပလွန်းတဲ့ ဖက်ရှင်ဒီဇိုင်းတွေကို ကြည့်ရှုခံစားရမှာ အသေအချာပါပဲ။ သရုပ်ဆောင်တွေကလည်း နာမည်ကြီးတွေပဲမို့ ကြည့်ကိုကြည့်ရှုသင့်ပါတယ်။

 

 

  1. Coco Before Chanel (2009)

တကယ်လို့ သင်က ဖက်ရှင်သမိုင်းကြောင်းကို ရှာဖွေနေတယ်ဆိုရင်တော့ Coco Chanel လို့ နာမည်ကျော်ကြားလူသိများတဲ့ Gabrielle Bonheur Chanel ရဲ့ ဘဝဇာတ်ကြောင်းကို မဖြစ်မနေ ကြည့်ရှုလေ့လာသင့်ပါတယ်။ ပြင်သစ်နိုင်ငံရဲ့ ဖက်ရှင်လောကမှာ နာမည်ကြီး ဖက်ရှင်ဒီဇိုင်နာတစ်ဖြစ်ရော နာမည်ကြီးကိုယ်ပိုင် Brand တစ်ခုကို တည်ထောင်နိုင်ခဲ့ပြီး ယနေ့ထက်တိုင် အောင်မြင်နေတဲ့ စီးပွားရေး လုပ်ငန်းပိုင်ရှင် တစ်ဖြစ်ရော မရပ်တည်နိုင်ခဲ့ခင်က သူမရဲ့ခက်ခဲလှတဲ့ ဘဝကို ဘယ်လို အဆင့်ဆင့်ကျော်ဖြတ်လာခဲ့လဲ၊ ဒီနေရာကို ဘယ်လိုရောက်လာခဲ့လဲဆိုတာကတော့ စိတ်ဝင်စားစရာပါ။ မဖြစ်မနေကြည့်ရမယ့် ဇာတ်ကားတစ်ကားပါ။

 

 

  1. House of Versace (2013)

Versace ဆိုတာကတော့ ကမ္ဘာကျော်နာမည်ကြီး Luxury Brand တစ်ခုပါ။ ဒီကားကတော့ Versace မိသားစုရဲ့ လက်တွေ့ဘဝဖြစ်ရပ်တွေကို အခြေခံထားပြီး အထူးသဖြင့် ဒီဇိုင်နာ Donatella Versace ရဲ့ အကြောင်းကို ရိုက်ကူးပြသထားတာပါ။ ဆေးစွဲနေတဲ့ Donatella ဟာ ပြန်လည်ထူထောင်ရေးစင်တာကို ရောက်ရှိသွားပြီးနောက် သူမရဲ့ မိသားစုအမွေဖြစ်တဲ့ Versace ကုမ္ပဏီကို ဘယ်လိုရှင်သန်ထမြောက်အောင် ပြန်ပြီး ဘယ်လိုကြိုးစားလဲ ၊ဘယ်လိုအမွေဆက်ခံလဲ မိသားစုကို ထောက်ပံ့ပို့အတွက် ဘယ်လိုအကောင်းဆုံးတွေ ကြိုးစားခဲ့လဲ ဆိုတာကို တွေ့မြင်နိုင်ပါတယ်။

 

 

  1. Last Night in Soho (2021)

ဒီရုပ်ရှင်ကတော့ Rating 7 အထိရရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ ဖက်ရှင်သီးသန့်ကြီး မဟုတ်ပဲ Horror ဇာတ်လမ်းအမျိုးအစားဖြစ်တဲ့ အတွက် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာပါ။ ၁၉၆၀ ခုနှစ်ရဲ့ ဖက်ရှင် အငွေ့အသက်တွေ အများကြီး ပါဝင်ပါတယ်။ ခေါင်းဆောင်မင်းသမီးနှစ်ယောက်ကလည်း မင်းသမီးချောတွေဖြစ်ကြတဲ့ Anya Taylor-Joy နဲ့ Thomasin McKenzie တို့ဖြစ်ကြပါတယ်။ နယ်မြို့လေးကနေ လန်ဒန်မှာ ဖက်ရှင်ကျောင်းတက်ဖို့ ရောက်ရှိလာတဲ့ ကောင်မလေးတစ်ယောက်အကြောင်းကိုမှ Horror ဆန်ဆန်ရိုက်ကူးပုံဖော်ထားတာပါ။

 

 

  1. The Devil Wears Prada (2006)

The Devil Wears Prada ကတော့ ဇာတ်လမ်းဇာတ်အိမ်၊ ဇာတ်ကောင်တွေရဲ့ သရုပ်ဆောင်မှုအား ကောင်းကောင်းနဲ့ ရိုက်ကူးပုံဖော်ထားတာပါ။ Meryl Streep က ဖက်ရှင်လောကရဲ့  နာမည်ကြီး မဂ္ဂဇင်းတစ်ခုဖြစ်တဲ့ Runway မဂ္ဂဇင်းရဲ့ အယ်ဒီတာချုပ်ဖြစ်တဲ့အပြင် လူတိုင်းနဲ့လည်း အဆင်မပြေ၊ ဝန်ထမ်းတိုင်းကကြောက်ရတဲ့သတစ်ယောက်ပါ။ အဲဒီမှာ ဘာမှမသိနားမလည်သေးတဲ့ ဝန်ထမ်းအသစ်လေးနဲ့ တွေ့ကြပါတော့တယ်။ အဲဒီမှာ ဝန်ထမ်းအသစ်လေးကို ဘယ်လိုလက်တွဲခေါ်မှာလဲ ဘာတွေအဆင်မပြေဖြစ်မလဲကြည့်ရှုရမယ့်အပြင်  ဖက်ရှင်မဂ္ဂဇင်းလောကရဲ့ နည်းလမ်းတွေ၊ အလှအပနဲ့ ဖက်ရှင်စီးပွားရေးနယ်ပယ်က ပညာတွေကိုပါ မြင်တွေ့နိုင်မှာပါ။

 

Knowledge Read 1700 times