Sales Hotline : 09448001653       Download App



သင့်ရဲ့ အင်္ဂလိပ်စာစွမ်းရည်ကို တိုးတက်စေမယ့်အကောင်းဆုံး ဝတ္ထု (၉) အုပ်

 

 

ဗဟုသုတတိုးချင်ပါသလား စာဖတ်ပါ။ ဝေါဟာရကြွယ်ဝချင်ပါသလား စာဖတ်ပါ။ သူများနဲ့ စကားယှဥ်ပြောတဲ့နေရာမှာ ကိုယ်က သူများထက် တစ်ပန်းသာချင်ပါသလား စာဖတ်ပါ။ ကမ္ဘာကြီးမှာ ဘာတွေဖြစ်နေလဲ ဘာတွေဖြစ်ဦးမှာလဲ ဘာတွေဖြစ်ခဲ့တာလဲ သိချင်ပါသလား စာဖတ်ပါ။

ဒီတစ်ခါမှာတော့သင့်ရဲ့ အင်္ဂလိပ်စာ အရည်အချင်းကို တိုးတက်စေနိုင်မယ် ပျော်စရာလည်းကောင်းမယ် စိတ်ဝင်စားဖို့လည်းကောင်းတဲ့အကောင်းဆုံးဝတ္ထုစာအုပ်(၉)အုပ်အကြောင်းကိုဖော်ပြပေးလိုက်ပါတယ်။စာဖတ်ပရိသတ်တွေရော၊အင်္ဂလိပ်စာဘာသာစကားလေ့လာနေသူတွေရောအများထက်နောက်မကျရအောင်အခုပဲဖတ်ထားလိုက်တော့နော်။

  1. The Wind in the Willows – Kenneth Grahame

ဒီဝတ္ထုကတော့ အင်္ဂလိပ်ကျေးလက်ဒေသတွင်အခြေခံထားပြီး မြစ်ကမ်းနားဘေးမှာ နေထိုင်တဲ့ တိရိစ္ဆာန်လေးများရဲ့ စွန့်စားခန်းတွေကို ရေးသားဖော်ပြထားပါတယ်။ စိတ်ကူးယဥ်ဆန်တဲ့ ပုံပြင်အမျိုးအစားဖြစ်ပြီး ရိုးရှင်းတဲ့ စကားလုံးအသုံးအနှုန်းတွေကိုပဲ သုံးထားတဲ့အတွက်ကြောင့် ကလေး/လူကြီးမရွေး ဖတ်လို့ရပါတယ်။

 

  1. Lord of the Flies – William Golding

ခေတ်မီဂန္ထဝင်စာအုပ်ဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းက စာသင်ကျောင်းတွေမှာ သင်ခန်းစာတစ်ခုအဖြစ်ထည့်သွင်းဖော်ပြခြင်းခံရတဲ့ ဝတ္ထုပဲဖြစ်ပါတယ်။ ယောင်္ကျားလေးတစ်စုမှာ သဲကန္တာရထဲမှာ သီးခြားအဖွဲ့အစည်းတစ်ခုအဖြစ် ရပ်တည်နေထိုင်လာတဲ့အခါ သူတို့ရဲ့ လူ့အဖွဲ့အစည်းဟာ ရက်စက်တဲ့အပြူအမူအနေအထိုင်တွေဘက်ကို ဦးတည်လာပါတယ်။ စာရေးဆရာ ဂိုဒင်းက ပြဇာတ် နဲ့ သရုပ်ဖော်ဆန်တဲ့ အရေးအသားကို အသုံးပြု ထားပြီး စာဖတ်ရင်းနဲ့ ကိုယ်တိုင်ဇာတ်လမ်းထဲရောက်ရှိသွားသလို ခံစားရစေမှာပါ။

 

 

 

 

 

  1. The Old Man and the Sea – Ernest Hemingway

Ernest Hemingway ဟာ သူ့ရဲ့ ရှင်းလင်းပြတ်သားတဲ့ အရေးအသား နဲ့ ဝါကျတိုပုံစံတွေကြောင့် လူသိများပါတယ်။ ဒါဟာ အင်္ဂလိပ်စာလေ့လာသူတွေအတွက် အထူးကောင်းမွန်တဲ့ အချက်ပဲဖြစ်ပါတယ်။ ကျူးဘားက ဝါရင့်အတွေ့အကြုံရှိ တံငါသည်တစ်ဦးရဲ့ ပုံပြင်ပါ။တံငါသည်ရဲ့ ရဲရင့်ပြတ်သားမှု နဲ့ စွန့်စားခန်းတွေကို လေ့လာဖတ်ရှုရမှာပါ။ စိတ်ဝင်စားဖို့ကောင်းတဲ့ ဝတ္ထုတစ်ပုဒ်ပါပဲ။

 

  1. Animal Farm – George Orwell

ဒီဝတ္ထုမှာက တိရိစ္ဆာန်တွေကို အခြေခံထားပြီး ဝက်များကဲ့သို့ မလိုလားအပ်တဲ့ အုပ်စုတွေဟာ အာဏာကို သိမ်းပိုက်ရန်၊ အားနည်းသူကို အမြတ်ထုတ်ရန်၊ လူထုကို ထိန်းချုပ်ရန်အတွက် ဝါဒဖြန့်မှုတွေကို ဆက်လက်လုပ်ဆောင်နေဆဲပဲဆိုတာကို အဓိကဖော်ပြချင်တာပါ။ စာရေးသူက ရိုးရှင်းတဲ့ အင်္ဂလိပ်စာအရေးအသားကိုပဲ အသုံးပြုထားတာကြောင့် Level မရွေးဖတ်ရှုလို့ရပါတယ်။ 

 

  1. Tuesdays with Morrie – Mitch Albom

စာရေးဆရာ Mitch Albom က ၄င်းရဲ့ ကောလိပ်ပါမောက္ခဟောင်း Morrie  နဲ့ ပြန်လည်ဆုံတွေ့တဲ့ အခါမှာ သူ့အတွက် တန်ဖိုးရှိတဲ့ ဘဝသင်ခန်းစာတွေကို သင်ယူနားထောင်ခွင့်ရခဲ့ပါတယ်။ ဒါတွေကတော့ Morrie အတွက် ဘဝရဲ့ နောက်ဆုံး နေ့ရက်များတွေထဲကမှ အမှတ်တရအဖြစ်အပျက်တွေပါပဲ။ ဒါဆို စာရေးသူက ဟာသလေးနှောပြီး စာဖတ်သူတို့ထံ အရောက်ပို့လိုက်တာပါ။ အရေးနဲ့အဖတ်ကို လေ့လာဖို့အတွက် အကောင်းဆုံး ဝတ္ထုတစ်ပုဒ်ပါပဲ။

 

  1.  High Fidelity – Nick Hornby 

ဂီတဝါသနာရှင်များ မဖြစ်မနေဖတ်သင့်တဲ့ စာအုပ်ပါ။ ခေတ်သစ်ဇာတ်လမ်းအမျိုးအစားဖြစ်ပြီး ဘာသာစကား အနေနဲ့လည်း ပေါ့ပေါ့ပါးပါး ရေးသားဖော်ပြထားပါတယ်။လန်ဒန်မြောက်ပိုင်းမှာ နေထိုင်တဲ့ အသည်းကွဲဗီနိုင်းဓာတ်ပြားအရောင်းဆိုင် ပိုင်ရှင် ရော့ဘ်ကို အဓိက ဇာတ်ကောင်အမြင်ကနေပြီး ရေးသားထားပါတယ်။ စကားပြောအတိုလေးများနဲ့ ရယ်စရာကောင်းတဲ့ ဇာတ်အိမ်ကြောင့် ဖတ်လို့ကောင်းတဲ့စာအုပ်တစ်အုပ်ပါပဲ။

 

  1. The Giver – Lois Lowry

စာရေးဆရာလော်ရီဟာ စာဖတ်ပရိသတ်တွေကို ဖမ်းစားနိုင်မယ့် ဇာတ်လမ်းများကို ရေးသားပြီး ဝါကျတိုများ နဲ့ ရိုးရှင်းတဲ့ သဒ္ဒါကို အသုံးပြုပါတယ်။ ဂျိုးနက်စ်လို့ ခေါ်တဲ့ကောင်လေး တစ်ယောက်အကြောင်း နဲ့ သူ့ရဲ့ လူမှုအသိုင်းအဝိုင်းအကြောင်း၊ လွတ်လပ်မှု၊ လူတစ်ဦး နဲ့ တစ်ဦး ရွေးချယ်မှုတွေ ကွဲပြားခြားနားခြင်းတို့ အကြောင်းကို ရေးသားဖော်ပြထားတာပါ။

 

  1. Fantastic Mr Fox – Roald Dahl

Roald Dahl ဟာ ကလေးစာဖတ်ပရိသတ်များကြားမှာ အလွန်နာမည်ကျော်ကြားသလိုလူကြီးစာဖတ်သူတွေကြားမှာလည်း ရေပန်းစားပါတယ်။ ကလေးစာအုပ်တွေကနေ အစပြုပြီး အင်္ဂလိပ်ဝတ္ထုတွေကို ဖတ်ရှုခြင်းဟာ ဘာသာစကားလေ့လာမှုအတွက် ကောင်းမွန်တဲ့ အစပြုခြင်းပဲဖြစ်ပါတယ်။ ဒီစာအုပ်ဟာဆိုရင်လည်း ၁၉၇၀ ခုနှစ်မှာထွက်ရှိပြီး ၂၀၀၉ ခုနှစ်မှာ ဒီစာအုပ်ကို အခြေခံရိုက်ကူးထားတဲ့ နာမည်ကြီးကာတွန်းကားပါထွက်ရှိထားတာကြောင့် အထွေအထူးညွှန်းစရာ မလိုတော့ပါဘူး။

 

  1. The Curious Incident of the Dog in the Night-Time – Mark Haddon

ခရစ္စတိုဖာလို့ခေါ်တဲ့ အော်တစ်ဇင် ကောင်လေးတစ်ယောက်ရဲ့ စွန့်စားခန်းအကြောင်းကိုရေးသားထားတဲ့ ဝတ္ထုပဲဖြစ်ပါတယ်။ သူ့ရဲ့ အိမ်နီးချင်းကခွေးလေးတစ်ကောင် အသတ်ခံ လိုက်ရတာကို တွေ့ရှိသွားတဲ့ အခါ သူ့ရဲ့ စုံစမ်းစစ်ဆေးမှုကို စတင်ပါတော့တယ်။ ခရစ္စတိုဖာရဲ့ အမြင်ကနေ ပြောပြပေးထားသလို ရေးသားချက်တွေကလည်း ရှင်းလင်းထိမိတဲ့အတွက် စိတ်ဝင်စားစရာကောင်းတဲ့ စာအုပ်တစ်အုပ် အသွင်ပြောင်းလဲသွားပါတော့တယ်။

 

Knowledge Read 1139 times