Sales Hotline : 09448001653   Find A Tutor     Download App



ကိုရီးယားစာကို ကိုယ်တိုင် အခမဲ့လေ့လာနိုင်မယ့် ဝက်ဘ်ဆိုဒ် (၁၀) ခု

 

 

ကိုရီးယားစာကို ယောက္ခမမြေလို့ တင်စားခေါ်ဝေါ်ကြတဲ့ ကိုရီးယားနိုင်ငံမှာ ကျောင်းသွားတက်ဖို့ပဲဖြစ်ဖြစ်၊ K Drama တွေကို ဘာသာပြန်မလိုပဲ ကိုရီးယားစာတန်းထိုးနဲ့ပဲ ကိုယ်တိုင်ကိုယ်ကျ သေချာကြည့်နိုင်ဖို့ပဲဖြစ်ဖြစ်၊ကိုရီးယားသီချင်းတွေရဲ့ အဓိပ္ပါယ်ကို တိတိကျကျနားလည်ချင်လို့ပဲဖြစ်ဖြစ်၊ သင်တန်းမတက်ခင်ကာလမှာ ကိုယ်တိုင် self-learning လုပ်ကြည့်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ဝက်ဘ်ဆိုဒ်တွေက သင်တို့အတွက် တကယ့်ကို အကျိုးရှိစေမှာ အမှန်ပါပဲ

 

  1. First Step Korean By Yonsei University (Coursera)

ဒီဝက်ဘ်ဆိုဒ်မှာဆိုရင်တော့ အရေး၊အဖတ်၊အပြော၊အကြား (၄) မျိုးစလုံးကို လေ့လာနိုင်မယ့် နားလည်ရလွယ်ကူတဲ့ သင်ခန်းစာ (၅)ခု ယူနစ်အနေနဲ့ (၄) ခုပါဝင်ပါတယ်။ နေ့စဥ်ဘဝမှာ အသုံးများတဲ့ စကားအသုံးအနှုန်းတွေကို စကားပြော၊ စကားလုံး၊ ဂိမ်းကစားနည်း၊ သဒ္ဒါ၊ ဉာဏ်စမ်းပဟေဠိ စတဲ့ပုံစံစုံစုံလင်လင်နဲ့ လေ့လာနိုင်ပါတယ်။ သင်ခန်းစာပြီးဆုံးရင်တော့ သင့်အနေနဲ့ ကိုရီးယားဗျည်း/သရတွေကို ကောင်းကောင်းသိရှိသွားပြီး ကိုရီးယားယဥ်ကျေးမှုရဲ့ အခြေခံဗဟုသုတတွေကိုပါ ရရှိမှာဖြစ်ပါတယ်။

Link - https://bit.ly/3UtfE7o

 

  1. Top Korean Language Courses (Udemy)

ကိုရီးယားစာကို လေ့လာဖို့ရာ စိတ်အားထက်သန်ပြီး ကိုရီးယားစကားလုံးတွေကို ထိထိရောက်ရောက်နဲ့ လျင်လျင်မြန်မြန် သင်ယူချင်တယ်ဆိုရင်တော့ ဒီဝက်ဘ်ဆိုဒ်ကို အခုပဲဝင်ရောက်လေ့လာလိုက်ပါ။ ဒီသင်ခန်းစာတွေထဲမှာဆိုရင်တော့ ကိုရီးယား ဗျည်း/သရ၊ သဒ္ဒါ နဲ့ စကားပြောတွေကို လေ့လာရမှာပါ။ဗီဒီယိုသင်ခန်းစာလေးတွေနဲ့ လေ့လာရမှာဖြစ်ပြီး ကိုရီးယားစာအခုမှစတင်လေ့လာမယ့်သူတွေအတွက်အဆင်ပြေပါတယ်။သင်ခန်းစာအားလုံးလေ့လာလို့အပြီးမှာတော့ကိုရီးယားအခြေခံသဒ္ဒါတည်ဆောက်ပုံနဲ့စာကြောင်းတွေ/စကားပြောတွေမှာထည့်ပြီးသုံးစွဲပုံတွေကိုပါ သိမြင်လာမယ့်အပြင် စာကြောင်းတည်ဆောက်ပုံကိုပါ နားလည်သဘောပေါက်လာပါလိ့မ်မယ်။

 Link - https://bit.ly/3DJZd0B

 

  1. Learn Korean in just 5 minutes a day (Duolingo)

သင့်အနေနဲ့ တစ်နေ့ကို ၅ မိနစ်ပဲလေ့လာရမှာဖြစ်ပြီး အင်တာနက်ရှိတဲ့ အချိန်မရွေး၊ နေရာမရွေးလေ့လာနိုင်မှာပါ။ ကိုရီးယား စကားပြော၊ အရေးအသား နဲ့ စာဖတ်စွမ်းရည်ကို စတင်လေ့ကျင့်လိုသူတွေအတွက်အထူးသင့်တော်ပါတယ်။ လေ့ကျင့်ခန်းများစွာလည်း ပါဝင်ပါတယ်။လက်ရှိမှာ သင်ယူလေ့လာနေသူ ၃.၆ သန်းခန့်ရှိနေပြီမို့လို့ အထွေအထူးပြောစရာမလိုတဲ့ ဝက်ဘ်ဆိုဒ်တစ်ခုပါပဲ။

Link - https://bit.ly/3R2cepw

 

  1. Learn Korean! Start Speaking Korean Now! (Udemy)

Sentence Structure နဲ့ Word Order တွေကို လေ့လာရမှာပါ။ မေးခွန်းတွေကို ဖြေဆိုရာမှာ ဘယ်လိုဖြေဆိုရမယ်ဆိုတာကို သိရှိနိုင်ပါတယ်။ ရုပ်ရှင်ဇာတ်လမ်းတွဲတွေကိုလည်း ကိုရီးယားစကားနဲ့ကြည့်ရှုဖို့အတွက် အထောက်အကူပြုတဲ့အပြင် ကိုရီးယားနိုင်ငံရဲ့ မြို့တွေ တည်နေရာတွေကိုပါသိရှိနိုင်မှာပါ။ သင်ခန်းစာတစ်ချို့မှာ အခမဲ့လေ့လာနိုင်ပြီး တစ်ချို့မှာတော့ ဝယ်ယူရမှာပါ။ ဝယ်ယူမှုအတွက် အသုံးပြုသူ အနေဖြင့် သင်ခန်းစာအားလုံးလေ့လာအပြီးမှာ အသိအမှတ်ပြုလက်မှတ်ရရှိမှာဖြစ်သလိုတစ်သက်တာလေ့လာခွင့်ကိုလည်းရရှိမှာဖြစ်ပါတယ်။ 

Link - https://bit.ly/3DJt0qh

 

 

 

  1. CORE KOREAN 1

ကိုရီးယားဘာသာစကား နဲ့ အင်္ဂလိပ်စာဘာသာစကားကြားက ကွာခြားချက်တွေကို အခြေခံပြီး လေ့လာရမယ့် သင်ခန်းစာတွေပဲဖြစ်ပါတယ်။ အခြေခံအဆင့် ကိုရီးယားဘာသာစကားကို နားလည်ပြီး ဘာသာစကားတည်ဆောက်ပုံ၊ ကြိယာ နဲ့ ဝါကျအသုံးပြုပုံများကို လေ့လာနိုင်မှာပါ။ အတိတ်၊ အနာဂတ်ကာလ အကြောင်းအရာများ၊ စကားစပ်များကို သိရှိနိုင်ပြီး လေ့လာသူတွေရဲ့ ဗဟုသုတကို ဆန်းစစ်နိုင်မယ့် ပဟေဠိလေးတွေလည်း ပါဝင်ပါတယ်။ သင်ခန်းစာတစ်ချို့မှာ အခမဲ့လေ့လာနိုင်ပြီး တစ်ချို့မှာတော့ ဝယ်ယူရမှာပါ။ ဝယ်ယူမှုအတွက် အသုံးပြုသူ အနေဖြင့် သင်ခန်းစာအားလုံးလေ့လာအပြီးမှာ အသိအမှတ်ပြုလက်မှတ်ရရှိမှာဖြစ်သလိုတစ်သက်တာလေ့လာခွင့်ကိုလည်းရရှိမှာဖြစ်ပါတယ်။ 

Link - https://bit.ly/3DI7SAI

 

  1. Learn Korean for Beginners

သဒ္ဒါ၊ အရေးအဖတ် နဲ့ အသံထွက်စတဲ့ သင်ခန်းစာတွေပါဝင်ပါတယ်။ အများအားဖြင့် အသံထွက်အမှားများကို ဘယ်လိုရှောင်ရှားရမလဲဆိုတာ နားလည်ပြီး အချိန် နဲ့ လမ်းညွှန်ချက်တွေကို သိရှိလာမှာပါ။ နေ့စဥ်ဘဝမှာ ပြောဆိုနေတဲ့ လုပ်ငန်းဆောင်တာတွေကို ဘယ်လိုပြောရဆိုရမလဲ သိရှိနိုင်မှာပါ။အခမဲ့ နဲ့ ဝယ်ယူလေ့လာမှုဆိုပြီး ၂ မျိုးရှိပြီး သင်ခန်းစာများကို ဝယ်ယူမလေ့လာမီ နမူနာဗီဒီယိုများကိုလေ့လာကြည့်ရှုနိုင်ပါတယ်။ သင်ခန်းစာပေါင်း (၁၀၀) ကျော်ပါဝင်ပါတယ်။ 

 Link - https://bit.ly/3xL6VUt

 

  1. Introduction to Korean

လေ့လာလိုတဲ့ အကြောင်းအရာကို ခေါင်းစဥ် အလိုက်ရွေးချယ်လေ့လာနိုင်ပါတယ်။ သဒ္ဒါ၊ အက္ခရာ၊အခြေခံစကားစုနဲ့ဝေါဟာရများအကြောင်းပါဝင်ပါတယ်။ သင်ခန်းစာတစ်ခုပြီးတိုင်းမှာ ရွေးချယ်ဖြေဆိုရမယ့်မေးခွန်းတွေလည်းပါဝင်တဲ့အတွက်ကိုယ်ဘယ်လောက်စာလုပ်ထားကြောင်းစစ်ဆေးလို့ရပါတယ်။ 

Link - https://bit.ly/3BAsCYy

 

  1. KoreanClass101

သင်ခန်းစာတွေကို လေ့လာဖို့ အရင်ဆုံး Email Address ရိုက်ထည့်ရပါမယ်။ ကိုယ်ပေးလိုက်တဲ့ Email မှာ လင့်ခ်တစ်ခုပို့မှာပါ။ လင့်ခ်ကနေဝင်ပြီး တစ်သက်တာအခမဲ့လေ့လာလို့ရမယ့် ကိုယ်ပိုင်အကောင့်တစ်ခုကို ဖန်တီးလိုက်ပါ။ ပြီးသွားပြီဆိုရင်တော့ ကိုယ်လေ့လာချင်တဲ့ Level ကိုရွေးချယ်လေ့လာလို့ရပါပြီ။ 

Link - https://bit.ly/3BWnC1H

 

  1. Online Korean Classes (Preply)

ဒါကတော့ Paid ဝက်ဘ်ဆိုဒ်ပါ။ ကိုယ့်ကို သင်ကြားပေးမယ့် ဆရာ/ဆရာမကို ကိုယ်တိုင်ရွေးချယ်လို့ရပါတဲ့အပြင် အဆင်ပြေမယ့် အတန်းချိန်ကိုလည်း ရွေးချယ်နိုင်ပါတယ်။ ဆရာများရဲ့ အတွေ့အကြုံစာသင်နှစ်၊ ဘာသာစကားကျွမ်းကျင်မှုအဆင့်၊ အဆင့်သတ်မှတ်ချက်၊ သုံးသပ်ချက်စသည်တို့ကို ကိုယ်တိုင်ကိုယ်ကျ သေချာလေ့လာပြီးမှ ကိုယ့်ရဲ့ ဘတ်ဂျက်အလိုက် တစ်နာရီမှာစာသင်ကြေးဘယ်လောက်ယူလဲဆိုတာကိုပါ ကြည့်ပြီး ရွေးချယ်သင်ယူနိုင်ပါတယ်။ ဆရာ နဲ့ ကိုယ်နဲ့ One By One သင်ယူရမှာမို့ ထိရောက်မှုကတော့ ပြောစရာမလိုပါဘူး။

Link - https://bit.ly/3C0wW4I



     10. Introduction to Korean (FutureLearn)

ဒီ Website ကတော့ ကိုရီးယားဘာသာစကား နဲ့ ယဥ်ကျေးမှုကို မိတ်ဆက်ပေးရန်အတွက် အထူးရည်ရွယ်ပါတယ်။ ဟန်ယမ်းတက္ကသိုလ်မှ ရေးဆွဲထားတဲ့ ပရိုဂရမ်တစ်ခုပါ။ သဒ္ဒါ၊ နံပါတ်၊ ဝေါဟာရ၊ နှုတ်ခွန်းဆက်စကားများ၊ စကားစုများ နဲ့ စာလုံးပေါင်းများကို လေ့လာရမှာပါ။ ကိုရီးယားနိုင်ငံမှာ ဆက်လက် ပညာသင်ယူလိုသော နိုင်ငံတကာမှ ကျောင်းသားများအတွက် အထူးသင့်တော်ပါတယ်။သင်တန်းကို အခမဲ့ (၈) ပတ်တက်ရောက်နိုင်ပါတယ်။ 

Link - https://bit.ly/3S043v0

Knowledge Read 980 times