Sales Hotline : 09448001653    



စာဖိုမှူးပညာသင်မယ်ဆို ကြည့်သင့်တဲ့ဇာတ်ကားကောင်း (၁၀) ကား

 

 

သင်က အစားအသောက်တွေကို ချစ်မြတ်နိုးသူပဲဖြစ်ဖြစ် ၊ လက်ရှိမှာ စားဖိုမှူးအဖြစ် အလုပ်လုပ်ကိုင်နေသူပဲဖြစ်ဖြစ်၊ လုပ်ဖို့ စိတ်ကူး အိမ်မက်တွေရှိပြီး ဝါသနာပါသူပဲဖြစ်ဖြစ်  အခုဖော်ပြပေးမယ့် ဇာတ်ကား (၁၀) ကားကိုမဖြစ်မနေ ကြည့်ရှုသင့်ပါတယ်။

 

 

အစားအသောက်ကို မကြိုက်တဲ့သူဆိုတာ မရှိသလောက်ရှားပါတယ်နော်။ ဒီတစ်ပတ် ပိတ်ရက်မှာတော့အစားအသောက်တွေကိုလည်း သွားရေယိုရင်း ထူးခြားဆန်းကြယ်တဲ့ ချက်နည်း ပြုတ်နည်းတွေကိုလည်းလေ့လာရင်း education guide ပရိသတ်တို့ကိုယ်တိုင် စားဖိုမှူးလေးတွေ လုပ်လိုက်ကြရအောင်နော်။

 


 

  1. Julie & Julia (2009)

မာရယ်က နာမည်ကြီး စာဖိုးမှူးအဖြစ်နာမည်ကျော်ကြားသလို ချက်နည်းပြုတ်နည်းစာအုပ်ကို ရေးသားတဲ့ စာရေးဆရာမ တစ်ဖြစ်လည်း လူသိများကြပါတယ်။ သူမရဲ့ခင်ပွန်းကလည်း သစ္စာရှိတဲ့ ခင်ပွန်းတစ်ဦးအဖြစ် သိထားကြပါတယ်။ ချစ်စရာကောင်းတဲ့ ဒရာမာဇာတ်လမ်းအမျိုးအစားဖြစ်ပြီးဒီဇာတ်ကားမှာဆိုရင်ကလေးချက်နည်းပြုတ်နည်းစာအုပ်အတွက်  ၃၆၅ ရက်အတွင်း ချက်ပြုတ်နိုင်တဲ့ နည်းလမ်း ၅၂၄ မျိုးကို ဘယ်လို တင်ပြထားလဲဆိုတာတွေ့ရှိရမှာပါ။ 

 

  1. Ratatouille (2007)

မသိတဲ့သူမရှိသလောက်ကို ကမ္ဘာကျော် နာမည်ကြီးတဲ့ အက်နီမေးရှင်း ဇာတ်ကားကောင်းတစ်ကားပါ။မိသားစုဟာသဇာတ်ကားအမျိုးအစားလေးဖြစ်ပြီးဒီဇာတ်ကားထဲကအချက်အပြုတ်ကိုဝါသနာပါကျွမ်းကျင်ပြီးအနံ့အရသာခံတဲ့နေရာမှာ ထူးချွန်တဲ့ဇာတ်လိုက်ကြွက်ကလေးကို မြင်လိုက်ရင်ကို လူတိုင်းနီးပါး သိကြပါတယ်။ အဲဒီကြွက်ကလေးက တစ်ရက်စားသောက်ဆိုင်တစ်ခုကို မထင်မှတ်ပဲရောက်ရှိသွားပြီး အစမ်းခန့်စာဖိုမှူးလေးတစ်ဦး နဲ့ တွေ့ဆုံခဲ့ရာက ဘယ်လိုဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ဇာတ်လမ်းလေးကို ကြည့်လိုက်ကြရအောင်နော်။ 

  1. No Reservations (2007)

စာဖိုမှူး ဇီတာဂျုန်းစ်ဟာ အချက်အပြုတ်ပြိုင်ပွဲအတွက် အသည်းအသန်ယှဥ်ပြိုင်နေစဥ်မှာပဲ သူမရဲ့ မိသားစုဟာ အလှည့်အပြောင်းတစ်ခုကြောင့် မတော်တဆမှုဖြစ်ပြီး သူမရဲ့ ဘဝကလည်း အခက်ကြုံရတဲ့ အခြေအနေကို ရောက်ရှိသွားရာက အစပြုထားတဲ့ ဇာတ်ကားလေးပါ။Rating အနေနဲ့လည်း 6.3 အထိရရှိထားပါ။ အခက်အခဲတွေကြားက ဘယ်လိုရုန်းထွက်မလဲ အောင်မြင်အောင်လုပ်မလဲ ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးတစ်ကားပါပဲ။

 

  1. Chocolat (2000)

ပြင်သစ်နိုင်ငံရဲ့ စည်းကမ်းပေါင်းများစွာ၊ အယူအဆပေါင်းများစွာနဲ့ စက်ရုပ်ဆန်တဲ့မြို့လေးတစ်မြို့က La Chocolaterie Maya လို့ခေါ်တဲချော့ကလက်ဆိုင်ပိုင်ရှင်လေးနဲ့  ကမ္ဘာပတ်ခရီးသွား မော်တော်ယာဥ်မှာ ပါလာတဲ့ လူလတ်ပိုင်းအမျိုးသားလေးတစ်ဦးတို့ရဲ့  ဒရာမာ အချစ်ဇာတ်လမ်းလေးကိုမှ ထူးခြားဆန်းကြယ်တဲ့ ချော့ကလက်ပြုလုပ်ပုံ၊ ပုံစံအမျိုးမျိုးကိုပါကြည့်ရှုရမှာပါ။ Rating ကလည်း 7.3 တောင်ရထားတာဆိုတော့ ကောင်း/မကောင်းကတော့ပြောစရာလိုတော့မယ် မထင်ပါဘူးနော်။

 

  1. Burnt (2015)

ဒီဇာတ်ကားက ဝေဖန်မှုတွေ အဆိုးအကောင်းရောနှောပြီး ရရှိထားတဲ့ ဇာတ်ကားတစ်ကားပါ။ နာမည်ကြီးမင်းသား Bradley Cooper နဲ့ မင်းသမီးချော Sienna Miller ပါဝင်သရုပ်ဆောင်ထားတာပါ။ စားသောက်ဆိုင်လုပ်ငန်း၊ ဟိုတယ်လုပ်ငန်းလို ဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်မယ့် သူတွေအတွက် စားသောက်ဆိုင်ဆိုတာ အစားအသောက်ရောင်းနေရုံမျှသာ မဟုတ်ပဲ တာဝန်ယူမှု၊ တာဝန်ခံမှုကို နားလည်သဘောပေါက်ပြီး Professional ဆန်ဆန်၊ အသင်းအဖွဲ့စိတ်ဓာတ် နဲ့ လုပ်ကိုင်တက်မှုကို သိရှိသဘောပေါက်စေမယ့် ဇာတ်ကားကောင်းတစ်ကားပါ။

 

  1. Chef (2014)

အစားအသောက်ကောင်းကောင်းတွေကို ကြိုက်နှစ်သက်တဲ့လူတွေအတွက် လက်မလွှတ်တမ်း ကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ စာဖိုမှူးတစ်ယောက်ပီပီ ဘဝကို အစားအသောက် အချက်အပြုတ်တွေကြားထဲမှာပဲနှစ်မြှုပ်ခဲ့ပြီးမိသားစုနဲ့လည်း အဆင်မပြေတွေဖြစ်ခဲ့ရပါတယ်။ ဒီအချိန်မှာပဲ မမျှော်လင့်တဲ့ ပြဿနာတစ်ခုကြောင့် လက်ရှိအလုပ်ကလည်း အထုတ်ခံလိုက်ရပါတယ်။အဲဒီလိုကနေ အခက်အခဲတွေကြားထဲက ဘယ်လိုပြန်ထမလဲ ရုန်းထွက်မလဲ စိတ်ဝင်တစားနဲ့ ကြည့်ရှုရမယ့် ဇာတ်ကားကောင်းတစ်ကားပါ။ 

 

  1. Cook Up a Storm (2017)

Rating 6.4 ရရှိထားတဲ့ ဟောင်ကောင်ဟာသဇာတ်ကားလေးပါ။ နာမည်ကျော် စာဖိုမှူး နှစ်ဦးရဲ့     အရှေ့တိုင်း နှင့် အနောက်တိုင်းလက်ရာ ဟင်းလျာချက်ပြုတ်မှု အားပြိုင်မှုတွေကို တစ်ဝကြီးကြည့်ရှုရမယ့် ဇာတ်ကားပါ။ အချက်အပြုတ်ကို ဦးစားပေးတဲ့ကားမို့ အသီးအရွက်၊ သား၊ ငါး လှီးချွတ်တာတွေ၊ အလှဆင်တာတွေ၊ ပြင်ဆင်ချက်ပြုတ်တာတွေကို အသေအချာမြင်တွေ့ရမှာပါ။ ကျွမ်းကျင်မှုအားကောင်းတဲ့ အရှေ့တိုင်း နဲ့ အနောက်တိုင်း စာဖိုမှူး (၂) ယောက်ရဲ့ အားပြိုင်မှုတွေကို သေချာပေါက်မြင်တွေ့ရမယ့် ဇာတ်ကားကောင်း တစ်ကားပါပဲ။ 

 

  1. Chef (2017)

၂၀၁၇ ခုနှစ်ထွက် အိန္ဒိယဇာတ်ကားကောင်းလေးတစ်ကားပါ။ ရိုရှန်ဆိုတဲ့စာဖိုမှူးတစ်ဦးက သူ့ရဲ့ ဒေါသကြောင့် အလုပ်မှ ထုတ်ခံရပြီး အခြေအနေအမျိုးမျိုးကြောင့် ဘတ်စ်ကား စားသောက်ဆိုင်လေးဖွင့်ဖို့ အကြောင်းဖန်လာပါတော့တယ်။ အိမ်မက်နောက်တွေကို လိုက်ခဲ့တဲ့အခါ မည်သို့မည်ပုံ ခက်ခဲကြမ်းတမ်းကြောင်း ဒါပေမဲ့ နောက်ဆုံးမှာ အောင်မြင်ခဲ့တဲ့ အကြောင်းကို ကြည့်ရှုရမယ့် အပြင် အိန္ဒိယ စားစရာတင်ဆက်ပုံလေးတွေကိုပါ တွေ့မြင်နိုင်မှာမို့ ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲ။ 


 

 

  1. Kung Fu Chefs (2009)

စားသုံးသူတွေရဲ့ လက်ထဲကို နောက်ဆုံးအဆင့်မှာ ရောက်ရှိလာတဲ့ ဟင်းလျာတစ်ပွဲဟာ အရသာရှိပြီးပြည့်စုံကောင်းမွန်ဖို့ လွယ်လွယ်နဲ့ ဖြစ်လာတာမဟုတ်ဘူးဆိုတာကို ဒီနာမည်ကြီး ဟောင်ကောင်ဇာတ်ကားလေးမှာ မြင်တွေ့ရမှာပါ။ ဖက်တီးမင်းသားလို့ လူသိများတဲ့ နာမည်ကြီး တရုတ်မင်းသားပါဝင်ထားပြီး ဝင်ငွေများစွာလည်း ရရှိထားပါတယ်။ တရုတ်ရိုးရာ ချက်ပြုတ်နည်းတွေကိုရိုက်ကူးပြသထားပါတယ် ဓားကိုင်တဲ့လက်အနေအထား၊ချက်ပြုတ်သူရဲ့ စိတ်နေစိတ်ထားအရ ဟင်းလျာတွေရဲ့ အရသာဟာ ပြောင်းလဲနိုင်ပါတယ်။ ဇာတ်ကားရဲ့ နာမည်အတိုင်းပဲ ဟင်းချက်တာနဲ့ သိုင်းချတာနဲ့ကို တွဲဖက်မြင်တွေ့ရမှာပါ။ 

 

  1. Ustad Hotel (2009)

ဒီရုပ်ရှင်ကတော့ အစားအသောက်ရော၊ လူတွေရဲ့ စိတ်အခြေအနေရော၊ လူမှုရေးဘဝတွေရော ရောထွေးတင်ဆက်ထားတာပါ။ ဖိုင်ဇယ်လို့ ခေါ်တဲ့လူငယ်လေးတစ်ယောက်ဟာ အဖေဖြစ်သူရဲ့ စိတ်ကူး အိမ်မက်တွေကို လက်တွေ့ဆန့်ကျင်ပြီး သူဝါသနာပါတဲ့ အချက်အပြုတ်ပညာကို အခက်အခဲတွေကြားက လေ့လာပြီး သူဖြစ်ချင်တဲ့ စာဖိုမှူးဘဝကို ဘယ်လိုရအောင် ကြိုးပမ်းခဲ့လဲဆိုတာ စိတ်ဝင်တစားနဲ့ မြင်တွေ့ရမှာပါ။ အိန္ဒိယဟင်းခတ် အမွှေးအကြိုင်တွေနဲ့ ဟင်းချက်ပုံချက်နည်းတွေကို အသေအချာ လေ့လာခွင့်ရမယ့် ဇာတ်ကားကောင်းတစ်ကားပါပဲ။

 

Knowledge Read 991 times