Sales Hotline : 09448001653       Download App



ပြည်ပမှာ ကျောင်းစတက်မယ့် ပထမဆုံးနေ့အတွက် သိထားရမယ့် အချက် ၁၀ ချက်

 

သင်ဟာ နိုင်ငံခြားမှာ ကျောင်းသွားတက်တော့မယ့် သူတစ်ဦးဖြစ်တယ်ဆိုရင်တော့ သေချာပေါက် ဒီ 

ဆောင်းပါးလေးကို မဖြစ်မနေ ဖတ်ကြည့်သင့်ပါတယ်။ နိုင်ငံခြားမှာ ကျောင်းစတက်ရတော့မယ့်

သူတွေတိုင်း ကြုံတွေ့လေ့ရှိရတဲ့ အခက်အခဲတွေကတော့ ကျောင်းစတက်ရတဲ့ ပထမဦးဆုံး နေ့မှာ

စတင်ကြတာပါပဲ။ ဒါကြောင့် သင့်ရဲ့ ပထမဦးဆုံး နေ့ (First Day of School) မှာ တွေ့ကြုံရမယ့်

အခက်အခဲတွေအတွက် ဘာတွေ ဆောင်ရ / ရှောင်ရ မလဲဆိုတဲ့ အချက်လေး ( ၁၀ ) ချက်ကို တင်ပြ

ပေးလိုက်ပါတယ်။

 

  1. ရေပန်စားတဲ့ Social Media တွေကို Follow ပါ

 

Instagram နဲ့ Tik-Tok မှာရေပန်းစားပြီး နိုင်ငံခြားကျောင်းတွေနဲ့ ပတ်သက်တဲ့ အလေ့အထတွေ အမိုက်စား အကြောင်းအရာတွေ ကို အချိန်နဲ့တပြေးညီ မျှ‌‌ဝေပေးနေတဲ့ နာမည်ကြီး EF Page တို့လိုမျိုး Website တွေကို ရှာပါ။ Follow & Subscribe လုပ်ပါ။ my.ef.com မှ Campus Connect App မှာလည်း ကျောင်းနဲ့ ပတ်သက်ပြီး စီစဥ်ပေးတာတွေ၊ Activities တွေ၊ ကိုယ့်ရဲ့ အချိန်ဇယားကို ဘယ်လိုစီမံခန့်ခွဲနိုင်မလဲ ဆိုတာတွေ ကြည့်ရှုနိုင်ပါတယ်။

 

  1. လိုက်လျောညီထွေပြုမူပါ

 

နိုင်ငံတစ်နိုင်ငံ နဲ့ တစ်နိုင်ငံ ကူးပြောင်းတဲ့ အချိန်မှာ စံတော်ချိန်တိုင်းတာ သတ်မှတ်မှုပြောင်းလဲခြင်း ကိုလည်း   အမှီလိုက်နိုင်ဖို့    လိုက်လျောညီထွေဖြစ်ဖို့     အလွန်အရေးကြီးပါတယ်။ အချိန် အပြောင်းအလဲကြောင့်လည်း သင့်ရဲ့ ကျောင်းတက်ရတဲ့ ပထမဦးဆုံး အပတ်က အလုပ်များဆုံး ရက်သတ္တပတ် ဖြစ်နေမှာပါ။ သင့်ဖုန်းမှာ Alarm ပေးပါ။ လုပ်စရာရှိတာတွေကို Notes မှတ်ချရေးထားပါ။ Reminder ပေးထားပါ။ အိပ်ချိန် ၊ စားချိန်ကို အထူးဂရုစိုက်ပြီး အချိန်နှင့် တပြေးညီ လိုက်လျောညီထွေနေနိုင်အောင် ကြိုးစားပါ။

 

  1. ကြိုးစားအခြေချပါ

 

သင်နေထိုင်ရမယ့် နေရာထိုင်ခင်းကို သင့်ရဲ့ အိမ်ကဲ့သို့ အပြင်အဆင်မျိုးဖြစ်အောင် ကြိုးစားပြီး ပြင်ဆင်ကြည့်ပါ။  အိမ်ကိုလွမ်းတဲ့ ခံစားချက်တွေကို ဖြေဖျောက်နိုင်ဖို့ သင်နဲ့ပါလာတဲ့ ပစ္စည်းလေးတွေ ၊ သင် အသုံးပြုနေရာ အရာလေးတွေကို နေရာချရတာကလည်း ကောင်းမွန်တဲ့ နည်းလမ်းပါပဲ။ အမှတ်တရပြီး နွေးထွေးစေမယ့် အရာလေးတွေနဲ့ စိတ်အပန်းပြေစေမယ့် အရာလေးကို ရွေးချယ်ပြီး နေရာချပါ။ နောက်ထပ်လာမယ့် အသစ် အသစ်သော အမှတ်ရစရာတွေ အတွက်လည်း နေရာချန်ထားပေးဖို့ မမေ့ပါနဲ့။

 

  1. စူးစမ်းပါ ၊ စူးစမ်းပါ ၊ စူးစမ်းပါ 

 

အကယ်၍ သင့်ပုံစံဟာ မြေပုံတစ်ခု ကိုင်ပြီး ကမ္ဘာပတ်နေတဲ့ ကမ္ဘာလှည့် ခရီးသွား ပုံစံနဲ့ ဆင်တူနေတယ်ဆိုရင်တောင်  ကိုယ်တကယ်ရောက်ရှိနေရာ နဲ့ ပိုမိုရင်းနှီးနွေးထွေးမှုတွေ ရရှိဖို့အတွက် အတတ်နိုင်ဆုံး ခြေကျင်လျှောက်ပြီး လေ့လာစူးစမ်းခြင်း အပြင် တစ်ခြားပိုမိုကောင်းမွန်တဲ့ နည်းလမ်းမရှိပါဘူး။ အရေးကြီးတဲ့ အဆောက်အဦးတွေကို ရှာဖွေပါ ၊ သင့်ရဲ့ ပတ်၀န်းကျင်အသစ်ကိုလေ့လာပါ ၊ ပြတိုက် ၊ အမျိုးသား ပန်းခြံများကို သွားရောက် အပန်းဖြေပါ ။ နေရာသစ်တစ်ခုမှာအများပြည်သူသုံးဘတ်စ်ကား ၊ မြေအောက်ရထားတို့ကို စီးနင်းရတာလည်း တုန်လှုပ်ချောက်ခြားစရာ အရာတစ်ခုပါပဲ။ သို့သော်လည်း စိတ်မပူပါနဲ့ မြို့အများစုရဲ့ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းကို သင့်ရဲ့ ဖုန်းမှာ အခမဲ့ ဒေါင်းလုပ် ရယူနိုင်ပါတယ်။ 

 

  1. ဘာပဲဖြစ်နေ ဖြစ်နေ မေးပါ

 

သင့်အတွက် ပထမဆုံးကျောင်းတက်ရတဲ့နေ့ကတော့ တကယ်ရှုပ်ထွေးနေမှာ အသေအချာပါပဲ။ မှတ်သားရမယ့် အချက်အလက်တွေကလည်း အများကြီးဖြစ်နေမှာပါ။ ဒါပေမဲ့ စိတ်မပူပါနဲ့ ဘာပဲဖြစ်နေ ဖြစ်နေ မေးပါ။ မေးရမှာ မကြောက်ပါနဲ့ ၊ မရှက်ပါနဲ့ ၊ ၀န်မလေးပါနဲ့ သင့်အတွက် မေးကြည့်လိုက်လို့ အကျိုးယုတ်ပြီး မှားသွားမယ့် မေးခွန်းမျိုးဆိုတာ မရှိပါဘူး ။ သင်ကျောင်းကို သွားတဲ့အခါမှာ ဖုန်းအားသွင်းကြိုး ၊ Power Bank ၊ ဘောပင် ၊ မှတ်စုစာအုပ် နဲ့ ရေဘူးတို့ကိုလည်းတစ်ပါတည်း ယူဆောင်သွားဖို့ အကြံပြုချင်ပါတယ်။

 

  1. မှားတဲ့အခါလည်းမှားပါစေ

 

သင်ဟာ ဒီကျောင်းမှာပညာသင်ပြီး ဒီနေရာမှာ အခြေချနေထိုင်ရတော့မှာ ဖြစ်တဲ့ အတွက် ဒီဒေသရဲ့ ဘာသာစကားကိုပဲ မဖြစ်မနေ အသုံးပြုရတော့မှာပါ။ တစ်ယောက် နဲ့ တစ်ယောက် ဆက်သွယ်ဖို့အတွက် ပြောရ ဆိုရလာတဲ့ အခါကျရင် မှန်သည် ဖြစ်စေ ၊ မှားသည် ဖြစ်စေ ကြိုးစားပြီး ပြောဆိုပါ ၊ အမှားတွေ ပြောမိမှာကိုလည်း မကြောက်ပါနဲ့ မှားပါစေ ၊ ကိုယ့်လိုပဲ ပညာလာရှာကျတဲ့ ကျောင်းသားတွေ အများကြီးရှိတယ်ဆိုတာကို အမှတ်ရပါ။ သင့်ရဲ့  ဖုန်းမှာလည်း Dictionary နဲ့ Translation App တို့ကို ထည့်ထားခြင်းကလည်း ပိုမို အကျိုးရှိစေပါတယ်။


 

  1. အပြုသဘောဆောင်ပါ

 

သင့်ရဲ့ ရှက်တတ်တဲ့ စိတ်တွေ၊ အားငယ်တတ်တဲ့ စိတ်တွေ ၊ ကြောက်တတ်တဲ့ စိတ်တွေ ၊ တစ်ကိုယ်တဲ့ နေတတ်တဲ့ စိတ်တွေကို ဖယ်ရှားပစ်ရမယ့် အချိန်ရောက်ရှိလို့လာပါပြီ။ သင့်ရဲ့ ကျောင်းက အပေါင်းအသင်း မိတ်ဆွေတွေ ၊ အိမ်ပတ်၀န်းကျင်က အိမ်နီးနားချင်းတွေ နဲ့ မိတ်ဆွေဖွဲ့ပါ ၊ရောနှောပါ ၊ ပေါင်းဆင်းဆက်ဆံပါ ၊ အဆက်မပြတ်အောင်နေထိုင်ပါ။ အကယ်၍ သင့်ကို မိတ်ဆွေ တစ်ဦးဦးက ကော်ဖီသောက်ဖို့ဖြစ်စေ ၊ စာကြည့်တိုက်သွားဖို့ဖြစ်စေ ချိန်းဆိုလာပါက အပြုသဘောဆောင်ပါ။ နိုင်ငံအရပ်ရပ်က ယဥ်ကျေးမှုမတူညီတဲ့ လူများကို သင့်အနေနဲ့ ဦးဆုံး တွေ့ကြုံလာရတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ တစ်ဦး နှင့် တစ်ဦးပွင့်လင်းမြင်သာမှု ရှိခြင်းဖြင့် လေးစားမှု နဲ့ အတူ အပြုသဘော ဆောင်တတ်ပါစေ။


 

  1. အဆက်အသွယ် မပြတ်ပါစေနဲ့

 

သင့်ရဲ့ အပေါင်း အသင်းမိတ်ဆွေ အသစ်များ နဲ့ အဆက်အသွယ် မပြတ်သွားဖို့ အလွန်အရေးကြီးသလို ထိုဆက်ဆံရေးများကို သင့်ရဲ့ ပုံမှန်လည်ပတ်နေတဲ့ တစ်နေ့တာ လုပ်ငန်းစဥ်ထဲမှာ ပုံမှန်လေးအတိုင်း ပေါ့ပေါ့ပါးပါးလေး ထားနိုင်ဖို့ကလည်း အရေးကြီးပါတယ်။ နိုင်ငံရပ်ခြားမှာ သင့်အနေနဲ့ ပထမဦးဆုံး တွေ့ကြုံရတဲ့ အခက်အခဲ ၊ အတွေ့အကြုံတွေကို ပြန်လည် မျှဝေခြင်းကလည်း သင့်ရဲ့ အိမ်လွမ်းတဲ့ ဝေဒနာကို သက်သာစေနိုင်ပါတယ်။ နိုင်ငံတွင်းသုံး ဆင်းမ်ကတ် (Sim Card) ကို ၀ယ်ယူဖို့မမေ့ပါနဲ့။ 

 

  1. ရောမရောက်ရင် ရောမလိုကျင့်

 

သင်နဲ့ မတူညီတဲ့ ၊ လုံး၀ကွဲပြားခြားနားတာမျိုး ဖြစ်ကောင်းဖြစ်နေနိုင်မယ့် နေရာဒေသ၊ ယဥ်ကျေးမှု ကျင့်၀တ် ၊ ပြောဆိုနေထိုင်ပုံမျိုးတွေ ကြားထဲမှာ သင့်ကိုယ်သင် လုံး၀မြှုပ်နှံလိုက်ရတော့မှာပါ။ ဒါကလည်း ရေမြေခြားမှာ ကျောင်းသွားတက်ရခြင်းရဲ့ ပျော်စရာကောင်းတဲ့ အချက်တွေထဲက တစ်ချက်ပါပဲ။ လူများများနဲ့ ပိုပြီး ထိတွေ့ဆက်ဆံလေ ဒေသရဲ့ ယဥ်ကျေးမှု နဲ့ ရိုးရာတွေကို ပိုပြီး သိလာလေလေဖြစ်မှာပါ။ ဒေသသမိုင်းကြောင်းကိုလည်း လေ့လာပါ။ နိုင်ငံရဲ့ ပျော်စရာကောင်းတဲ့ ဖန်တီးမှုတွေ ပွဲတော်တွေမှာ ပါ၀င်ဆင်နွှဲပါ။ ရုပ်ရှင်တွေ၊ ၀တ္ထုတွေမှတစ်ဆင့်လည်း လေ့လာစူးစမ်း ခံစားကြည့်ပါ။


 

  1. အစပဲရှိသေးတယ်လို့ မှတ်ယူပါ

 

များစွာသော ပြောင်းလဲမှုတွေအတွက် အသားကျဖို့ရာ အချိန်ယူပါ ။ သင့်ရဲ့ ပထမဦးဆုံး ကျောင်းတက်ရက်က သင်မျှော်လင့်ထားတာတွေ နဲ့ ထပ်တူမကျခဲ့ရင်လည်း အားငယ် စိတ်မပျက်ပါနဲ့။ အများစုကတော့ လွဲချော်မှုတွေ ဖြစ်တတ်ကြပါတယ်။ ကိုယ့်အိမ်လို ခံစားရအောင် နေထိုင်ဖို့ ၊ မိတ်ဆွေ ၊ သူငယ်ချင်းအသစ်တွေ မိတ်ဖွဲ့ဖို့ သင့်မှာ အချိန်တွေအများကြီး ရှိသေးတယ် ဆိုတာ သတိပြုရင်း အရာအားလုံးကို ကြိုးစားကျော်ဖြတ်ပါ။



 

Source From >>> ef.com (language, education,travel)

 

Knowledge Read 933 times


Fatal error: Uncaught Elastica\Exception\PartialShardFailureException: {"total":4,"successful":1,"failed":2,"failures":[{"shard":1,"index":"edge2_domain","status":"INTERNAL_SERVER_ERROR","reason":{"type":"flush_failed_engine_exception","reason":"Flush failed","shard":"1","index":"edge2_domain","caused_by":{"type":"already_closed_exception","reason":"translog is already closed"}}}]} in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php:176 Stack trace: #0 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Request.php(171): Elastica\Transport\Http->exec(Object(Elastica\Request), Array) #1 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Client.php(662): Elastica\Request->send() #2 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(518): Elastica\Client->request('edge2_domain/_f...', 'POST', Array, Array) #3 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(487): Elastica\Index->request('edge2_domain/_f...', 'POST', Array, Array) #4 /var/edge2/edire in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php on line 176