Sales Hotline : 09448001653       Download App



အာဇာနည် (၉)ဦး၏ ကိုယ်ရေးအကျဉ်းချုပ်

 

အာဇာနည်နေ့

အာဇာနည်နေ့ သည် နှစ်စဉ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်သော မြန်မာနိုင်ငံ၏ နိုင်ငံတော်အဆင့် အောက်မေ့ဖွယ်အထိမ်းအမှတ်နေ့ တစ်ရက်ဖြစ်ကာ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင် ဗိုလ်ချုပ် အောင်ဆန်း အပါအဝင် နိုင်ငံရေးတွင် အလွန် အရေးပါသော ခေါင်းဆောင်ကြီး ၈ ဦး နှင့် ကိုယ်ရံတော်တစ်ဦး လုပ်ကြံခြင်းခံခဲ့ရပြီး ကျဆုံးသည့်နေ့ကို အာဇာနည်နေ့ ဟု သက်မှတ်ပြီး ကျင်းပခြင်းဖြစ်သည်။ ထိုနေ့တွင် အစိုးရရုံးများ၊ ဈေးဆိုင်းများကိုပိတ်၍ နိုင်ငံတော်အလံကို တိုင်တစ်ဝက်၌ လွှင့်ထူထားကြလေသည်။

လုပ်ကြံခံခဲ့ရသူများမှာ
၁။ ဦးအောင်ဆန်း(ဝန်ကြီးချုပ်)
၂။ ဦးဘချို(ပြန်ကြားရေးဌာနဝန်ကြီး)
၃။ မန်းဘခိုင်(အလုပ်သမားရေးရာဌာနဝန်ကြီး)
၄။ ဦးဘဝင်း(စီးပွားရေးနှင့် ထောက်ပံ့ရေးဌာနဝန်ကြီး)
၅။ သခင်မြ(ပြည်ထဲရေးဌာနဝန်ကြီး)
၆။ ဦးအဗ္ဗဒူရာဇတ်(ပညာရေးနှင့် အမျိုးသားစီမံကိန်းဌာနဝန်ကြီး)
၇။ စဝ်စံထွန်း(နယ်ခြားဒေသများဆိုင်ရာဌာနဝန်ကြီး)
၈။ ဦးအုန်းမောင်(သယ်ယူပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးဌာန အတွင်းဝန်) နှင့်
၉။ ရဲဘော် ကိုထွေး(ဦးအဗ္ဗဒူရာဇတ်၏ သက်တော်စောင့်) တို့ဖြစ်ကြသည်။

ဘဏ္ဍာရေးဝန်ကြီး ဦးတင်ထွဋ်သည် ထိုစဉ်က ဒဏ်ရာအပြင်းအထန်ရရှိခဲ့သော်လည်း အသက်ရှင် ကျန်ရစ်ခဲ့သည်။ 

 

ကိုယ်တိုင် ကိုယ်ကျ ပစ်ခတ် လုပ်ကြံ ခဲ့သူများ
၁။ ရန်ကြီးအောင် (ရဲဘော် ကိုထွေး အား ကိုယ်တိုင်ကိုယ်ကျ ပစ်ခတ် သတ်ဖြတ်ခဲ့ သလိုအစည်းအဝေး ခန်းမ အတွင်း ပစ်ခတ်မှုတွင် ပါဝင်သူ)
၂။ သက်နှင်း (ဦးဆောင် ပစ်ခတ်သူ 
၃။ မောင်စိုး (ဦးဆောင် ပစ်ခတ်သူ)
၄။ စိန်ကြီး (ပစ်ခတ်မှုတွင် ပါဝင်သူ)
၅။ သုခ (ကားမောင်းသူ) တို့ ဖြစ်ကြသည်။

 

သေဒဏ် အပြစ်ပေးခံရသူများ (အင်းစိန်ထောင် ကြိုးတိုက်တွင်)
၁။ သက်နှင်း
၂။ မှုံကြီး ခေါ် မောင်မှုန် (လုပ်ကြံမှု အစီအစဉ် တွင် ပါဝင်ပြီး ဂဠုန်ဦးစော နေအိမ် အဝိုင်းခံရမှု တွင် လက်နက် ကိုင် ဆောင်၍ ပြန်လည် ပစ်ခတ်သူ၊ ယခင် ရန်ကုန်ထောင် ကြိုးတိုက် တွင် - ယနေ့ခေတ် သူနာပြုတတ္ကသိုလ် )
၃။ စိန်ကြီး ခေါ် မောင်စိန် ခေါ် လှအောင်
၄။ ရန်ကြီးအောင် ခေါ် လှထွန်း ဖြစ်ကြပြီး

 

သေဒဏ် မှ ထောင်ဒဏ် တစ်သက် တစ်ကျွန်းသို့ပြောင်းရွှေ့ကျခံရသူများမှာ 
၁။ သုခ
၂။ ခင်မောင်ရင်
၃။ မောင်နီ ခေါ် ဘိုနီ ခေါ် ဂနီ တို့ ဖြစ်ကြပါသည်။

 

 

အာဇာနည် (၉)ဦး ၏ ကိုယ်ရေးအကျဉ်းချုပ်

 

ဗိုလ်ချုပ်အောင်ဆန်း

(ဝန်ကြီးချုပ်)

 

ငါးယောက်မြောက် ဗြိတိသျှနန်းရင်းဝန်
အမှုဆောင်ကောင်စီ ဒုတိယဥက္ကဋ္ဌ

တာဝန်သက်တမ်း
၂၆ စက်တင်ဘာ ၁၉၄၆ – ၁၉ ဇူလိုင် ၁၉၄၇

ယခင်လူ

ဆာပေါ်ထွန်း

ဆက်ခံသူ

ဦးနု (ဝန်ကြီးချုပ်အဖြစ်)

ဖဆပလ ဥက္ကဋ္ဌ

တာဝန်သက်တမ်း - ၂၇ မတ် ၁၉၄၅ – ၁၉ ဇူလိုင် ၁၉၄၇

ဆက်ခံသူ

ဦးနု

မြန်မာနိုင်ငံ စစ်ဘက်ဝန်ကြီး

တာဝန်သက်တမ်း - ၁ ဩဂုတ် ၁၉၄၃ – ၂၇ မတ် ၁၉၄၅

ကိုယ်ရေး အချက်အလက်များ

မွေးဖွား

ထိန်လင်း
၁၃ ဖေဖော်ဝါရီ၊ ၁၉၁၅
နတ်မောက်မြို့မကွေးဗြိတိသျှဘားမား

ကွယ်လွန်

ဇူလိုင် ၁၉၊ ၁၉၄၇ (အသက် ၃၁)
ရန်ကုန်မြို့၊ ဗြိတိသျှဘားမား။

ကွယ်လွန်ရသည့် အကြောင်းရင်း

လုပ်ကြံခံရခြင်းကြောင့်

သင်္ဂြိုဟ်ရာနေရာ

အာဇာနည်ဗိမာန်၊ ရန်ကုန်မြို့။

လူမျိုး

မြန်မာ

နိုင်ငံရေးပါတီ

ဖဆပလ
ဗမာပြည်ကွန်မြူနစ်ပါတီ

ကြင်ဖော်(များ)

ဒေါ်ခင်ကြည် (၆ စက်တင်ဘာ ၁၉၄၂)

သွေးသားတော်စပ်သူ

ဦးဖာ (ဖခင်)
ဒေါ်စု (မိခင်)
ဘဝင်း (အစ်ကို)
စိန်ဝင်း (တူ)

သားသမီး

အောင်ဆန်းဦး
အောင်ဆန်းလင်း

အောင်ဆန်းစုကြည်

မိခင်ကျောင်း

ရန်ကုန်တက္ကသိုလ်
ရေနံချောင်း အထက်တန်းကျောင်း

အလုပ်အကိုင်

နိုင်ငံရေးသမား၊ ဗိုလ်ချုပ်

ကိုးကွယ်သည့်ဘာသာ

ထေရဝါဒ ဗုဒ္ဓဘာသာ

လက်မှတ်

စစ်မှုထမ်းခြင်း

သစ္စာခံနိုင်ငံ

ဗမာ့အမျိုးသားတပ်မတော်
ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်
ဗမာပြည် ကွန်မြူနစ်ပါတီ

ရာထူး

ဗိုလ်ချုပ် (ထိုစဉ်က တပ်မတော်တွင် အမြင့်ဆုံးရာထူး)

 

ဒီးဒုတ်ဦးဘချို (၁၈၉၃-၁၉၄၇)

(ပြန်ကြားရေးဌာနဝန်ကြီး)

မွေးသက္ကရာဇ်

၂၃ ဧပြီ ၁၈၉၃ ခုနှစ်

အမည်ရင်း

မောင်ဘချို

မိဘအမည်

ဆေးဆရာကြီး ဦးဘိုးစာ + ဒေါ်မြစ်

မွေးဖွားရာဒေသ

မြောင်းမြမြို့ဧရာဝတီတိုင်း

နိုင်ငံသား

မြန်မာနိုင်ငံ

လူမျိုး

ဗမာလူမျိုး

ကိုးကွယ်သည့်ဘာသာ

ဗုဒ္ဓဘာသာ

ပညာအရည်အချင်း

ဒဿမတန်း (စကောလားရှစ်) ပညာရေး မပြီးဆုံးမီ ကျောင်းထွက်

အလုပ်အကိုင်

စာရေးဆရာ၊
ဝန်ကြီး
ပြန်ကြားရေး ဝန်ကြီးဌာန

ကြင်ဖော်

ဒေါ်လှမေ

သားသမီး

မခင်နု၊
မခင်ပု၊
မေမေခင်၊
ခင်ခင်ဦး

ထင်ပေါ်ကျော်ကြားမှု

အာဇာနည် ကိုးဦး

ကွယ်လွန်ရက်

၁၉ ဇူလိုင် ၁၉၄၇

ကွယ်လွန်ရာဒေသ

ရန်ကုန်မြို့မြန်မာနိုင်ငံ

 

 

မန်းဘခိုင် (၁၉၀၃-၁၉၄၇)

(အလုပ်သမားရေးရာဌာနဝန်ကြီး)

မွေးသက္ကရာဇ်

၁၂၆၅-ခုနှစ် တန်ဆောင်မုန်းလဆန်း (၇)ရက်နေ့
၂၆ အောက်တိုဘာ ၁၉၀၃ ခုနှစ်

အမည်ရင်း

မန်းဘခိုင်

မိဘအမည်

မန်းပေကုန်း + ဒေါ်ပု

မွေးဖွားရာဒေသ

ယုန်သလင်းရွာ ဟင်္သာတမြို့ ဧရာဝတီတိုင်း

နိုင်ငံသား

မြန်မာနိုင်ငံ

လူမျိုး

ကရင်လူမျိုး

ကိုးကွယ်သည့်ဘာသာ

ဗုဒ္ဓဘာသာ

ပညာအရည်အချင်း

(၇) တန်း

အလုပ်အကိုင်

ဝန်ကြီး၊ စက်မှုလက်မှုနှင့် အလုပ်သမား ဝန်ကြီးဌာန

ကြင်ဖော်

ဒေါ်ခင်နီ

ထင်ပေါ်ကျော်ကြားမှု

အာဇာနည် ကိုးဦး

ကွယ်လွန်ရက်

၁၉ ဇူလိုင် ၁၉၄၇

ကွယ်လွန်ရာဒေသ

ရန်ကုန်မြို့မြန်မာနိုင်ငံ

 

 

ဦးဘဝင်း (၁၉၀၁-၁၉၄၇)

(စီးပွားရေးနှင့် ထောက်ပံ့ရေးဌာနဝန်ကြီး)

မွေးသက္ကရာဇ်

၁၂၆၃-ခုနှစ် နယုန်လဆုတ် ၁၁-ရက် (အင်္ဂါနေ့) / ၁၁ ဇွန် ၁၉၀၁ ခုနှစ်

အမည်ရင်း

မောင်စံတင်

မိဘအမည်

ဦးဖာ + ဒေါ်စု

မွေးဖွားရာဒေသ

နတ်မောက်မြို့မကွေးတိုင်း

နိုင်ငံသား

မြန်မာနိုင်ငံ

လူမျိုး

ဗမာလူမျိုး

ကိုးကွယ်သည့်ဘာသာ

ဗုဒ္ဓဘာသာ

ပညာအရည်အချင်း

ဘီ၊အက်စ်စီ (သင်္ချာဂုဏ်ထူး)

အလုပ်အကိုင်

ဝန်ကြီး၊ ကူးသန်းရောင်ဝယ်ရေး ဝန်ကြီးဌာန

ကြင်ဖော်

ဒေါ်ခင်စော

သားသမီး

မတင်လှဝင်း၊
မောင်စောဝင်း၊
မောင်အေးဝင်း၊
မခင်မြဝင်း၊
မောင်စိန်ဝင်း
မောင်ထွေးဝင်း

ထင်ပေါ်ကျော်ကြားမှု

အာဇာနည် ကိုးဦး

ကွယ်လွန်ရက်

၁၉ ဇူလိုင် ၁၉၄၇

ကွယ်လွန်ရာဒေသ

ရန်ကုန်မြို့မြန်မာနိုင်ငံ

 

သခင်မြ (Thakhin Mya)

(ပြည်ထဲရေးဌာနဝန်ကြီး)

မြ

ပြည်တွင်းရေး ဝန်ကြီးဌာန ဝန်ကြီးချုပ်

စက်တင်ဘာ ၁၉၄၆ - ၁၉ ဇူလိုင် ၁၉၄၇

ကိုယ်ရေး အချက်အလက်

အမည်ရင်း

မောင်ဘရွှေ

မိဘများ

ဦးဘိုးချွန် နှင့် ဒေါ်သက်လယ်

မွေးရပ်ဇာတိ

ထုံးဘိုရွာ၊ ပန်းတောင်းမြို့နယ်ပြည်ခရိုင်

လူမျိုး

ဗမာ

နိုင်ငံသား

မြန်မာနိုင်ငံ

အလုပ်အကိုင်

ရှေ့နေ၊
ပြည်ထဲရေးဌာနဝန်ကြီး

ပါတီ

တို့ဗမာအစည်အရုံး

လူသိများခြင်း

အာဇာနည် ကိုးဦး

ကြင်ဖော်

ဒေါ်ခင်ညွန့်

ကွယ်လွန်ရက်

၁၉ ဇူလိုင် ၁၉၄၇

ကွယ်လွန်ရာဒေသ

ရန်ကုန်မြို့မြန်မာနိုင်ငံ

 

 

ဦးရာဇတ် (U Razak)  (၂၀ ဇန်နဝါရီ ၁၈၉၈ - ၁၉ ဇူလိုင် ၁၉၄၇)

ဦးအဗ္ဗဒူရာဇတ်(ပညာရေးနှင့် အမျိုးသားစီမံကိန်းဌာနဝန်ကြီး)

ရာဇတ်

ပညာရေးနှင့် အမျိုးသားစီမံကိန်း ဝန်ကြီးဌာန - ဝန်ကြီး

စက်တင်ဘာ ၁၉၄၆ - ၁၉ ဇူလိုင် ၁၉၄၇

ကိုယ်ရေး အချက်အလက်

မွေးရက်

၂၀ ဇန်နဝါရီ ၁၈၉၈

မွေးနေ့

ကြာသပတေးနေ့

မွေးရပ်ဇာတိ

မိတ္ထီလာမြို့

လူမျိုး

အိန္ဒိယ+မြန်မာ ကပြား

နိုင်ငံသား

မြန်မာ

ဘာသာ

အစ္စလာမ်ဘာသာ

အလုပ်အကိုင်

ဝန်ကြီး
ပညာရေးနှင့် အမျိုးသားစီမံကိန်း ဝန်ကြီးဌာန

လူသိများခြင်း

အာဇာနည် ကိုးဦး

ကြင်ဖော်

ဒေါ်ခင်ခင်

သားသမီး

သား ၂-ယောက်၊ သမီး၁-ယောက်

ကွယ်လွန်ရက်

၁၉ ဇူလိုင် ၁၉၄၇

ကွယ်လွန်ရာဒေသ

ရန်ကုန်မြို့မြန်မာနိုင်ငံ

 

 

 

မိုင်းပွန်စော်ဘွား စဝ်စံထွန်း (၁၉၀၇-၁၉၄၇)

(နယ်ခြားဒေသများဆိုင်ရာဌာနဝန်ကြီး)

မွေးသက္ကရာဇ်

၁၂၆၉-ခုနှစ်၊ နယုန်လပြည့်ကျော် ၅-ရက် / ၃၁ မေ ၁၉၀၇ (သောကြာနေ့)

အမည်ရင်း

စဝ်စံထွန်း

မိဘအမည်

စော်ဘွားကြီးစဝ်ခွန်ထီး + နန်းစိန်ဥ

မွေးဖွားရာဒေသ

မိုင်းပွန်မြို့ ရှမ်းပြည်နယ်

နိုင်ငံသား

မြန်မာနိုင်ငံ

လူမျိုး

ရှမ်းလူမျိုး

ကိုးကွယ်သည့်ဘာသာ

ဗုဒ္ဓဘာသာ

ပညာအရည်အချင်း

ရဲအုပ်သင်တန်း

အလုပ်အကိုင်

စော်ဘွား၊ ဝန်ကြီး၊ တောင်တန်းဒေသရေးရာ ဝန်ကြီးဌာန

ကြင်ဖော်

စဝ်ခင်သောင်း

သားသမီး

စဝ်ဆေဟုန်
စဝ်ကိုင်ဖ
စဝ်သုနန္ဒာ
စဝ်မြင့်ကြည်

ထင်ပေါ်ကျော်ကြားမှု

အာဇာနည် ကိုးဦး

ကွယ်လွန်ရက်

၂၀ ဇူလိုင် ၁၉၄၇

ကွယ်လွန်ရာဒေသ

ရန်ကုန်မြို့မြန်မာနိုင်ငံ

 

ဦးအုန်းမောင် (၁၉၁၃-၁၉၄၇)

(သယ်ယူပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးဌာန အတွင်းဝန်)

မွေးသက္ကရာဇ်

၂ ဖေဖော်ဝါရီ ၁၉၁၃ ခုနှစ်

အမည်ရင်း

မောင်အုန်းမောင်

မိဘအမည်

မစ္စတာ အိပ်(ချ်) ဒဗလျူ ထရပ်(တ်)ဝိန်း + ဒေါ်ရွှေမိ

မွေးဖွားရာဒေသ

မင်းဘူးမြို့မကွေးတိုင်း

နိုင်ငံသား

မြန်မာနိုင်ငံ

လူမျိုး

? + မြန်မာ ကပြား

ပညာအရည်အချင်း

ဝိဇ္ဇာဘွဲ့ (အိုက်စီအက်စ်)

အလုပ်အကိုင်

အတွင်းဝန်
လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာန

ကြင်ဖော်

ဒေါ်သိန်းကြွယ်

ထင်ပေါ်ကျော်ကြားမှု

အာဇာနည် ကိုးဦး

ကွယ်လွန်ရက်

၁၉ ဇူလိုင် ၁၉၄၇

ကွယ်လွန်ရာဒေသ

ရန်ကုန်မြို့မြန်မာနိုင်ငံ

 

ရဲဘော်ကိုထွေး (၁၉၂၉-၁၉၄၇)

(ဦးအဗ္ဗဒူရာဇတ်၏ သက်တော်စောင့်)

မွေးသက္ကရာဇ်

၁၉၂၉-ခု

အမည်ရင်း

မောင်ထွေး

မိဘအမည်

ဦးကိုကိုလေး + ဒေါ်မင်းရီ

မွေးဖွားရာဒေသ

မန္တလေးမြို့

နိုင်ငံသား

မြန်မာ

ကိုးကွယ်သည့်ဘာသာ

အစ္စလာမ်

အလုပ်အကိုင်

ဦးရာဇတ်၏ သက်တော်စောင့်

ထင်ပေါ်ကျော်ကြားမှု

အာဇာနည် ပုဂ္ဂိုလ်

 

ကိုးကား - https://my.wikipedia.org/

 

Knowledge Read 24800 times