Sales Hotline : 09448001653       Download App



၂၀၁၈ ခုနှစ် PPTT ၀င်ခွင့်သင်တန်း ၇၀၅၇ ဦး တက်ရောက်ခွင့်ရရှိ

၂၀၁၈ ခုနှစ် PPTT ၀င်ခွင့်သင်တန်း ၇၀၅၇ ဦး တက်ရောက်ခွင့်ရရှိ

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနလက်အောက်ရှိ ပညာရေးကောလိပ် ၂၅ ခုတွင် ဖွင့်လှစ်မည့် ၂၀၁၈ ခုနှစ် PPTT (၅/၂၀၁၈) ၀င်ခွင့်ရစာရင်းများကို ယခုလ ၂၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အမျိုးသား ၁၇၂၄ ဦး၊ အမျိုးသမီး ၅၃၃၃ ဦး စုစုပေါင်း ၇၀၅၇ ဦး ၀င်ခွင့်ရရှိခဲ့သည်။

လက်ရှိဝင်ခွင့်ရရှိထားသော အရေအတွက်ထဲမှ ရာဂဏန်းခန့် သင်တန်းလာရောက်မအပ်နှံပါက နောက်ဆက်တွဲ အောင်စာရင်းများကို ဆက်လက်ထုတ်ပြန်သွားမည် ဖြစ်သည်။

လက်ရှိတွင် ထိုသင်တန်းသို့ ၀င်ခွင့်ရရှိသူများအနေဖြင့် လာမည့် ဧပြီ ၁ ရက်တွင် ၀င်ခွင့်ရ ကောလိပ်များ၌ သင်တန်းအပ်နှံမည်ဖြစ်ပြီး ဧပြီ ၂ ရက်တွင် ကျောင်းစတင် တက်ရောက်ရမည်ဖြစ်သည်။

READ - တက္ကသိုလ်ဝင်တန်းအဖြေလွှာစစ်ဆေးရန် အင်အားမလုံလောက်လျှင် လုပ်သက်သုံးနှစ်အောက် ဆရာ၊ ဆရာမများကိုပါ ရွေးချယ်စစ်ဆေးစေမည်

သင်တန်းကို ပြီးဆုံးအောင် တက်ရောက်ရမည်ဖြစ်ပြီး သင်တန်းတက်နေဆဲကာလတွင် နုတ်ထွက်ပါက လျော်ကြေးငွေကျပ် သုံးသိန်း ပေးဆောင်ရမည် ဖြစ်သည်။

“သင်တန်းကို မတက်ဘူးဆိုရင် အစကတည်းက သင်တန်းမအပ်ဘဲ လာမတက်လို့ရတယ်။ သူ့နေရာကို တခြားတစ်ယောက်နဲ့ အစားထိုးမှာ။ သင်တန်းကို တစ်လလောက်တက်နေရင်း ဆက်မတက်တော့ဘူးဆိုရင်တော့ ကျပ်သုံးသိန်းပေးရမှာပါ” ဟု ပြောသည်။

PPTT ၀င်ခွင့်ရရှိသူများသည် စာတွေ့သင်တန်းလေးလတာအတွက် ထောက်ပံ့ကြေးငွေကျပ် သုံးသောင်းရရှိမည်ဖြစ်ပြီး လက်တွေ့တန်းပြ နှစ်လတာအတွက် တစ်ရက်လျှင် ကျပ် ၁၁၀၀ နှုန်း ရရှိမည် ဖြစ်သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Source: democracy today

News Read 2156 times