Sales Hotline : 09448001653       Download App



ကလေးတွေ ပြင်ပဗဟုသုတလေ့လာရှာမှီးတဲ့အခါ မပျင်းရအောင် ဘယ်လိုလုပ်မလဲ။

ကလေးတွေ ပြင်ပဗဟုသုတလေ့လာရှာမှီးတဲ့အခါ မပျင်းရအောင် ဘယ်လိုလုပ်မလဲ။

**Unicode**

 

အသက်အပိုင်းအခြား (၈-၁၀)

သင့်ကလေးကို စာအရမ်းတော်တဲ့ကျောင်းသားတစ်ယောက်ဖြစ်စေချင်တယ်ဆိုရင်တော့ သူ့ရဲ့လေ့လာသင်ယူမှုတွေကို ကျောင်းစာလုပ်ရင်ရပါပြီဆိုပြီး ကန့်သတ်မထားပါနဲ့။

ကျောင်းမှာသူသင်နေတာတွေက သူ့ရဲ့ဉာဏ်ပညာနဲ့ လူမှုဘဝတိုးတက်ရေးအတွက် အရေးပါတယ်ဆိုပေမယ့် ကလေးတစ်ယောက်ရဲ့ စိတ်ကူးအတွေးအခေါ်တွေ ပုံမှန်ထက်ပို ကျယ်ပြန့်လာစေဖို့ဆိုရင် မိဘတွေဘက်က ကူညီပေးဖို့တာဝန်ရှိပါတယ်။

သူတို့ရဲ့ အပြင်မှာလေ့လာတွေ့ရှိမှုတွေကြောင့် ရရှိလာတဲ့ ပျော်ရွှင်မှုတွေက ကျောင်းစာတွေထဲထိပါ ကူးစပ်တတ်ပါတယ်။ ဒီလိုနည်းနဲ့ သူ့တို့ရဲ့ပညာရေး  achievement တွေကိုလည်း မြှင့်တင်ပေးနိုင်ပါလိမ့်မယ်။

၁။ စာဖတ်ခြင်း ကြိုက်နှစ်သက်အောင် လုပ်ပေးထားပါ။

ကလေးနဲ့အတူ တစ်ယောက်တစ်လှည့်စာဖတ်ပါ။ ဒါမှမဟုတ်ရင် မိသားစုစာဖတ်ချိန်ကို သီးသန့်ထားပြီး လူတိုင်းစာအုပ်ကိုယ်စီနဲ့ စာဖတ်တာမျိုးလုပ်ပါ။ စာဖတ်ခြင်းက သင့်အတွက် ဘယ်လောက်အရေးပါတယ်ဆိုတာ ပြသတဲ့အနေနဲ့ အိမ်မှာ ဝတ္ထု၊ သတင်းစာ၊ စာဆောင်၊ ပိုစတာစတဲ့ စာအုပ်မျိုးစုံ (printed books) ကို ထားရှိပါ။

၂။ ကလေးခံစားချက်ကို အသိအမှတ်ပြု နားထောင်ပါ။

ကလေးကို သူ့ရဲ့ကိုယ်ပိုင်ထင်မြင်ချက်နဲ့ ခံစားချက်တွေအကြောင်း ဖော်ထုတ်ပြောပြစေပြီး ရွေးချယ်စရာတွေပေးပါ။ သူ့အနေနဲ့ ညနေစာနဲ့တွဲစားမယ့် အရံဟင်းကို ဆုံးဖြတ်နိုင်သလို သူလုပ်ချင်တဲ့ စာသင်ခန်းပြင်ပလှုပ်ရှားမှုတွေ (extracurricular activities) ကိုလည်း ရွေးချယ်နိုင်ပါတယ်။ မိသားစုအရေးအရာ ဆုံးဖြတ်ချက်တွေမှာ သူ့ရဲ့ထင်မြင်ယူဆချက်တွေကို မေးမြန်းပြီး အဲ့လိုလုပ်တာကိုလည်း တန်ဖိုးထားကြောင်းပြပါ။

၃။ ဘယ်အရာမဆို စူးစမ်းရှာဖွေဖို့အားပေးပါ။

ကလေးရဲ့ စိတ်ဝင်တစားရှိမှုကို အားတက်သရော်ရှိကြောင်းပြပြီး သူစိတ်ဝင်စားတဲ့ ဘာသာရပ်/အကြောင်းအရာတွေကို စူးစမ်းရှာဖွေဖို့ အားပေးပါ။ သူက ကြယ်ကလေးတွေကြည့်ရတာ အရမ်းကြိုက်တဲ့ ကလေးဆိုရင်တော့ ကြယ်ပုံပြင်တွေ ပေးဖတ်နိုင်သလို ကြယ်တွေနဲ့ပတ်သက်တဲ့ အချက် (၅) ချက်လောက်ကို Encyclopedia မှာ အကဲစမ်းပြီး ရှာခိုင်းတာမျိုး လုပ်နိုင်ပါတယ်။ 

၄။ ကစားခြင်းဖြင့် သင်ယူနိုင်မယ့် ပုံစံဖန်းတီးပေးပါ။

ကလေးအတွက် နားထောင်ခြင်းနဲ့ visual learning ကနေ ပုံစံတူစုတာ နဲ့ အစီအစဉ်တကျလုပ်ဆောင်တာတွေ ပါဝင်တဲ့ သင်ယူမှုပုံစုံအမျိုးမျိုးပေးနိုင်တဲ့ ကစားချိန်တွေပေးပါ။ ဘလော့တုံးတွေလို ကိုယ့်စိတ်ထဲရှိရာပုံဖော်နိုင်တဲ့ ကစားစရာတွေ (ပုံဆွဲတာလည်း တူတူပါပဲ) ကို သူလိုချင်တဲ့ပုံစံအတိုင်း ဆက်ခြင်းအားဖြင့် ကလေးတစ်ယောက်ရဲ့ ပြသနာဖြေရှင်းမှုစွမ်းရည်နဲ့ ဆန်းသစ်တီထွင်မှုတွေကို မြှင့်တင်နိုင်ပါတယ်။

၅။ ဗဟုသုတများ မကြာခဏ ပြောပြပေးပါ။

သင့်အနေနဲ့ အသစ်အသစ်တွေ သင်ယူခဲ့သမျှကို စိတ်အားထက်သန်စွာ ကလေးကိုပြောပြပါ။ အင်တာနက်ပေါ်မှာ ပန်းခြံစိုက်နည်းအသစ် ရှာတွေ့တာပဲဖြစ်ဖြစ် ဟင်းချက်နည်းအသစ် ရှာတွေ့တာပဲဖြစ်ဖြစ် ကိုယ်သိချင်တာတွေကို ဘယ်လိုနည်းလမ်းမျိုးစုံနဲ့ ရှာဖွေနိုင်လဲဆိုတာကို ကလေးနဲ့ဆွေးနွေးပါ။ 

၆။ ကျောင်းသင်ခန်းစာများကို မှတ်မိလား ပြန်မေးကြည့်ပါ။

ကလေးရဲ့ရမှတ်နဲ့ grades တွေမဟုတ်ပဲ သူကျောင်းမှာ ဘာတွေသင်နေလဲဆိုတာကို မေးမြန်းတာမျိုးပဲလုပ်ပါ။ ဒီနေ့ကျောင်းမှာသင်ခဲ့ရတာကို သင့်ကိုပြန်သင်ခိုင်းကြည့်ပါ၊ သင်ခန်းစာတွေကို သူ့စကားအတိုင်း ပြန်ပြောပြခြင်းဖြင့် သူသင်ခဲ့ရတာတွေကို မှတ်မိနေစေပါတယ်။ 

၇။ စာလုပ်ချိန် ပုံမှန် ဖြစ်အောင် လေ့ကျင့်ပေးပါ။

ကလေးအနေနဲ့ သူ့ရဲ့ကျောင်းစာတွေကို နိုင်နင်းတယ်လို့ခံစားရအောင် သူအိမ်စာ၊ ကျောင်းစာတွေလုပ်တဲ့အခါမှာ ကူညီစီမံပေးပါ။ သူလုပ်ရမယ့်အလုပ်က အရမ်းစိတ်ညစ်စရာြ ဖစ်နေမယ်ဆိုရင် တကယ်စာလုပ်ရမယ့်အစား စိတ်ပူပြီးတော့ပဲ အချိန်ကုန်နေပါလိမ့်မယ်။ သူကျောင်းစာတွေနဲ့ ပိနေလားမနေလားသိအောင်တော့ ပုံမှန်လေး စစ်ဆေးမေးမြန်းတာမျိုးလုပ်ပါ။

၈။ အောင်မြင်မှုအတွက် ဆုချီးမြှင့်မှုတွေ ပြလုပ်ပေးပါ။

ဘယ်လောက်ပဲသေးငယ်နေပါစေ၊ အောင်မြင်မှုတွေ (achievements) ကို ချီးကျူးဂုဏ်ပြုပါ။ စာစီစာကုံး ဒါမှမဟုတ် အက်ဆေးတစ်ပုဒ်ပြီးတာမျိုးဆိုရင်တော့ ဗွီဒီယိုဂိမ်း တစ်နာရီလောက်ပဲဖြစ်ဖြစ် ဆုအနေနဲ့ပေးဆော့သင့်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် အကောင်းဘက်ဆောင်တဲ့ ထပ်ဆောင်းအားပေးမှုအဖြစ် ကလေးကို ဆက်လက်စာကြိုးစားဖို့ ကိုယ့်ကိုယ်ကို စိန်ခေါ်နေဖို့ အားပေးရာရောက်ပါတယ်။

၉။ အားသာချက်၊ အားနည်းချက်ကို သတိပြုပါ။

ကလေးရဲ့အားသာချက်တွေကို ပိုအားစိုက်ပြီး သူ့ရဲ့ပင်ကိုစွမ်းရည်တိုးတက်လာအောင် အားပေးပါ။ တကယ်လို့ သင်္ချာစာမေးပွဲမှာ A+ မရခဲ့ရင်တောင် သူ့အနေနဲ့ အင်္ဂလိပ်စာအက်ဆေး ကောင်းကောင်းရေးနိုင်တာမျိုး ရှိကောင်းရှိနိုင်ပါတယ်။ အဲ့ဒီတော့ သင်္ချာလေ့ကျင့်ဖို့ workbook ပေးတဲ့အပြင်ကို အင်္ဂလိပ်စာအရေးဘက်မှာ ပိုကောင်းလာစေမယ့် စာအုပ်မျိုးပေးနိုင်ပါတယ်။

၁၀။ တွေးခေါ်မှုတွေ သင်ထားပါ။

နေ့စဉ်ဖြစ်စဉ်တွေကို သင်ယူနိုင်တဲ့အခွင့်အလမ်းတွေအဖြစ် ပြောင်းလဲပါ။ ကလေးကို သူ့ဘေးပတ်ဝန်းကျင်ကို စူးစမ်းလေ့လာတတ်အောင်၊ မေးခွန်းတွေမေးလာအောင်၊ အဲ့ဒီကတဆင့် တစ်ခုနဲ့တစ်ခု ဆက်နွှယ်စဉ်းစားတတ်လာအောင် တိုက်တွန်းအားပေးပါ။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန်website တွင် ပါဝင်သောသင်တန်းများ၊ ကျောင်းများ၊ Scholarship၊ Knowledgeများနှင့် ပတ်သက်သော အချက်အလက်များကို ဝင်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Source: Scholastic

10 Ways to Motivate Your Child to Learn Outside Classroom

 

**Zawgyi**

 

အသက္အပိုင္းအျခား (၈-၁၀)

သင့္ကေလးကို စာအရမ္းေတာ္တ့ဲေက်ာင္းသားတစ္ေယာက္ျဖစ္ေစခ်င္တယ္ဆိုရင္ေတာ့ သူ႕ရဲ႕ေလ့လာသင္ယူမႈေတြကို ေက်ာင္းစာလုပ္ရင္ရပါၿပီဆိုၿပီး ကန္႕သတ္မထားပါနဲ႕။

ေက်ာင္းမွာသူသင္ေနတာေတြက သူ႕ရဲ႕ဥာဏ္ပညာနဲ႕ လူမႈဘ၀တိုးတက္ေရးအတြက္ အေရးပါတယ္ဆိုေပမယ့္ ကေလးတစ္ေယာက္ရဲ႕ စိတ္ကူးအေတြးအေခၚေတြ ပံုမွန္ထက္ပို က်ယ္ျပန္႕လာေစဖို႕ဆိုရင္ မိဘေတြဘက္က ကူညီေပးဖို႕တာ၀န္ရွိပါတယ္။

သူတို႕ရဲ႕ အျပင္မွာေလ့လာေတြ႕ရွိမႈေတြေၾကာင့္ ရရွိလာတ့ဲ ေပ်ာ္ရႊင္မႈေတြက ေက်ာင္းစာေတြထဲထိပါ ကူးစပ္တတ္ပါတယ္။ ဒီလိုနည္းနဲ႕ သူ႕တို႕ရဲ႕ပညာေရး  achievement ေတြကိုလည္း ျမွင့္တင္ေပးႏိုင္ပါလိမ့္မယ္။

၁။ စာဖတ္ျခင္း ႀကိဳက္ႏွစ္သက္ေအာင္ လုပ္ေပးထားပါ။

ကေလးနဲ႕အတူ တစ္ေယာက္တစ္လွည့္စာဖတ္ပါ။ ဒါမွမဟုတ္ရင္ မိသားစုစာဖတ္ခ်ိန္ကို သီးသန္႕ထားၿပီး လူတိုင္းစာအုပ္ကိုယ္စီနဲ႕ စာဖတ္တာမ်ဳိးလုပ္ပါ။ စာဖတ္ျခင္းက သင့္အတြက္ ဘယ္ေလာက္အေရးပါတယ္ဆိုတာ ျပသတ့ဲအေနနဲ႕ အိမ္မွာ ၀တၳဳ၊ သတင္းစာ၊ စာေဆာင္၊ ပိုစတာစတ့ဲ စာအုပ္မ်ဳိးစံု (printed books) ကို ထားရွိပါ။

၂။ ကေလးခံစားခ်က္ကို အသိအမွတ္ျပဳ နားေထာင္ပါ။

ကေလးကို သူ႕ရဲ႕ကိုယ္ပိုင္ထင္ျမင္ခ်က္နဲ႕ ခံစားခ်က္ေတြအေၾကာင္း ေဖာ္ထုတ္ေျပာျပေစၿပီး ေရြးခ်ယ္စရာေတြေပးပါ။ သူ႕အေနနဲ႕ ညေနစာနဲ႕တြဲစားမယ့္ အရံဟင္းကို ဆံုးျဖတ္ႏိုင္သလို သူလုပ္ခ်င္တ့ဲ စာသင္ခန္းျပင္ပလႈပ္ရွားမႈေတြ (extracurricular activities) ကိုလည္း ေရြးခ်ယ္ႏိုင္ပါတယ္။ မိသားစုအေရးအရာ ဆံုးျဖတ္ခ်က္ေတြမွာ သူ႕ရဲ႕ထင္ျမင္ယူဆခ်က္ေတြကို ေမးျမန္းျပီး အ့ဲလိုလုပ္တာကိုလည္း တန္ဖိုးထားေၾကာင္းျပပါ။

၃။ ဘယ္အရာမဆုိ စူးစမ္းရွာေဖြဖို႕အားေပးပါ။

ကေလးရဲ႕ စိတ္၀င္တစားရွိမႈကို အားတက္သေရာ္ရွိေၾကာင္းျပၿပီး သူစိတ္၀င္စားတ့ဲ ဘာသာရပ္/အေၾကာင္းအရာေတြကို စူးစမ္းရွာေဖြဖို႕ အားေပးပါ။ သူက ၾကယ္ကေလးေတြၾကည့္ရတာ အရမ္းႀကိဳက္တ့ဲ ကေလးဆိုရင္ေတာ့ ၾကယ္ပံုျပင္ေတြ ေပးဖတ္ႏိုင္သလို ၾကယ္ေတြနဲ႕ပတ္သက္တ့ဲ အခ်က္ (၅) ခ်က္ေလာက္ကို Encyclopedia မွာ အကဲစမ္းၿပီး ရွာခိုင္းတာမ်ဳိး လုပ္ႏိုင္ပါတယ္။ 

၄။ ကစားျခင္းျဖင့္ သင္ယူႏုိင္မယ့္ ပုံစံဖန္းတီးေပးပါ။

ကေလးအတြက္ နားေထာင္ျခင္းနဲ႕ visual learning ကေန ပံုစံတူစုတာ နဲ႕ အစီအစဥ္တက်လုပ္ေဆာင္တာေတြ ပါ၀င္တ့ဲ သင္ယူမႈပံုစံုအမ်ဳိးမ်ဳိးေပးႏိုင္တ့ဲ ကစားခ်ိန္ေတြေပးပါ။ ဘေလာ့တုံးေတြလို ကိုယ့္စိတ္ထဲရွိရာပံုေဖာ္ႏိုင္တ့ဲ ကစားစရာေတြ (ပံုဆြဲတာလည္း တူတူပါပဲ) ကို သူလိုခ်င္တ့ဲပံုစံအတိုင္း ဆက္ျခင္းအားျဖင့္ ကေလးတစ္ေယာက္ရဲ႕ ျပသနာေျဖရွင္းမႈစြမ္းရည္နဲ႕ ဆန္းသစ္တီထြင္မႈေတြကို ျမွင့္တင္ႏိုင္ပါတယ္။

၅။ ဗဟုသုတမ်ား မၾကာခဏ ေျပာျပေပးပါ။

သင့္အေနနဲ႕ အသစ္အသစ္ေတြ သင္ယူခ့ဲသမွ်ကို စိတ္အားထက္သန္စြာ ကေလးကိုေျပာျပပါ။ အင္တာနက္ေပၚမွာ ပန္းၿခံစိုက္နည္းအသစ္ ရွာေတြ႕တာပဲျဖစ္ျဖစ္ ဟင္းခ်က္နည္းအသစ္ ရွာေတြ႕တာပဲျဖစ္ျဖစ္ ကိုယ္သိခ်င္တာေတြကို ဘယ္လိုနည္းလမ္းမ်ဳိးစံုနဲ႕ ရွာေဖြႏိုင္လဲဆိုတာကို ကေလးနဲ႕ေဆြးေႏြးပါ။ 

၆။ ေက်ာင္းသင္ခန္းစာမ်ားကို မွတ္မိလား ျပန္ေမးၾကည့္ပါ။

ကေလးရဲ႕ရမွတ္နဲ႕ grades ေတြမဟုတ္ပဲ သူေက်ာင္းမွာ ဘာေတြသင္ေနလဲဆိုတာကိုု ေမးျမန္းတာမ်ဳိးပဲလုပ္ပါ။ ဒီေန႕ေက်ာင္းမွာသင္ခ့ဲရတာကို သင့္ကိုျပန္သင္ခုိင္းၾကည့္ပါ၊ သင္ခန္းစာေတြကို သူ႕စကားအတိုင္း ျပန္ေျပာျပျခင္းျဖင့္ သူသင္ခ့ဲရတာေတြကို မွတ္မိေနေစပါတယ္။ 

၇။ စာလုပ္ခ်ိန္ ပုံမွန္ ျဖစ္ေအာင္ ေလ့က်င့္ေပးပါ။

ကေလးအေနနဲ႕ သူ႕ရဲ႕ေက်ာင္းစာေတြကို ႏိုင္နင္းတယ္လို႕ခံစားရေအာင္ သူအိမ္စာ၊ ေက်ာင္းစာေတြလုပ္တ့ဲအခါမွာ ကူညီစီမံေပးပါ။ သူလုပ္ရမယ့္အလုပ္က အရမ္းစိတ္ညစ္စရာျ ဖစ္ေနမယ္ဆိုရင္ တကယ္စာလုပ္ရမယ့္အစား စိတ္ပူၿပီးေတာ့ပဲ အခ်ိန္ကုန္ေနပါလိမ့္မယ္။ သူေက်ာင္းစာေတြနဲ႕ ပိေနလားမေနလားသိေအာင္ေတာ့ ပံုမွန္ေလး စစ္ေဆးေမးျမန္းတာမ်ဳိးလုပ္ပါ။

၈။ ေအာင္ျမင္မႈအတြက္ ဆုခ်ီးျမွင့္မႈေတြ ျပလုပ္ေပးပါ။

ဘယ္ေလာက္ပဲေသးငယ္ေနပါေစ၊ ေအာင္ျမင္မႈေတြ (achievements) ကို ခ်ီးက်ဴးဂုဏ္ျပဳပါ။ စာစီစာကံုး ဒါမွမဟုတ္ အက္ေဆးတစ္ပုဒ္ၿပီးတာမ်ဳိးဆိုရင္ေတာ့ ဗြီဒီယိုဂိမ္း တစ္နာရီေလာက္ပဲျဖစ္ျဖစ္ ဆုအေနနဲ႕ေပးေဆာ့သင့္ပါတယ္။ ဒီလုိလုပ္ျခင္းအားျဖင့္ အေကာင္းဘက္ေဆာင္တ့ဲ ထပ္ေဆာင္းအားေပးမႈအျဖစ္ ကေလးကို ဆက္လက္စာၾကိဳးစားဖို႕ ကိုယ့္ကိုယ္ကို စိန္ေခၚေနဖို႕ အားေပးရာေရာက္ပါတယ္။

၉။ အားသာခ်က္၊ အားနည္းခ်က္ကို သတိျပဳပါ။

ကေလးရဲ႕အားသာခ်က္ေတြကို ပိုအားစိုက္ၿပီး သူ႕ရဲ႕ပင္ကိုစြမ္းရည္တိုးတက္လာေအာင္ အားေပးပါ။ တကယ္လို႕ သခ်ၤာစာေမးပြဲမွာ A+ မရခ့ဲရင္ေတာင္ သူ႕အေနနဲ႕ အဂၤလိပ္စာအက္ေဆး ေကာင္းေကာင္းေရးႏိုင္တာမ်ဳိး ရွိေကာင္းရွိႏိုင္ပါတယ္။ အ့ဲဒီေတာ့ သခ်ၤာေလ့က်င့္ဖို႕ workbook ေပးတ့ဲအျပင္ကို အဂၤလိပ္စာအေရးဘက္မွာ ပိုေကာင္းလာေစမယ့္ စာအုပ္မ်ဳိးေပးႏိုင္ပါတယ္။

၁၀။ ေတြးေခၚမႈေတြ သင္ထားပါ။

ေန႕စဥ္ျဖစ္စဥ္ေတြကို သင္ယူႏိုင္တ့ဲအခြင့္အလမ္းေတြအျဖစ္ ေျပာင္းလဲပါ။ ကေလးကို သူ႕ေဘးပတ္၀န္းက်င္ကို စူးစမ္းေလ့လာတတ္ေအာင္၊ ေမးခြန္းေတြေမးလာေအာင္၊ အ့ဲဒီကတဆင့္ တစ္ခုနဲ႕တစ္ခု ဆက္ႏႊယ္စဥ္းစားတတ္လာေအာင္ တိုက္တြန္းအားေပးပါ။

မိမိတို႔ တက္ေရာက္လုိသည့္ သင္တန္းေက်ာင္းမ်ားႏွင့္ ပုဂၢလိကေက်ာင္းမ်ားကို ရွာေဖြလိုပါက ဒီ Link မွာရွာေဖြႏိုင္ပါသည္။

ပညာေရးလမ္းညႊန္website တြင္ ပါ၀င္ေသာသင္တန္းမ်ား ေက်ာင္းမ်ား၊ Scholarship၊ Knowledgeမ်ားႏွင့္ ပတ္သက္ေသာ အခ်က္အလက္မ်ားကို ၀င္ေရာက္ရွာေဖြ ဖတ္ရႈႏိုင္ပါတယ္။

Source: Scholastic













 

10 Ways to Motivate Your Child to Learn Outside Classroom

Tips Read 2756 times