Sales Hotline : 09448001653       Download App



သင်၏ဘဝကိုမြှင့်တင်ပေးနိုင်တဲ့ Website (၂၅) ခု

သင်၏ဘဝကိုမြှင့်တင်ပေးနိုင်တဲ့ Website (၂၅) ခု

သင်ရဲ့နေ့စဉ် အချိန်တော်တော်များများကို လူမှုကွန်ယက်ပေါ်မှာပဲ ကွန်လွန်နေစေတာလား? အင်တာနက်ကို အကျိုးမရှိတဲ့ရည်ရွယ်ချက်တွေနဲ့ သုံးမိနေပြီလား?

အင်တာနက်၊ ဆိုရှယ်မီဒီယာတွေဟာ သုံးတတ်ရင်ဆေးပါ၊ မသုံးတတ်ရင်တော့ဘေးဖြစ်မှာပါ။ ဒီနေ့ခေတ်မှာ အင်တာနက်ပေါ်ကနေ လေ့လာသင်ယူစရာတွေ အများကြီးပါ။ အင်တာနက်ကို လေ့လာမှုတွေနဲ့ပြည့်နှက်နေတဲ့ ရတနာသိုက်ကြီးလို့ တင်စားမယ်ဆိုရင် မှားမယ်မထင်ပါဘူး။ ပြန်ပြီး အစားထိုးမရနိုင်တဲ့ တန်ဖိုးရှိတဲ့အချိန်တွေကို ကိုယ့်ဘဝတိုးတက်စေမယ့် ဝါသနာပါရာတစ်ခုခုကို လေ့လာမယ်ဆိုရင် အကျိုးကျေးဇူးတွေ အများကြီးရရှိနိုင်မှာပဲဖြစ်ပါတယ်။

ဒီ့အတွက် ကိုယ့်ဝါသနာပါတဲ့အကြောင်းအရာတွေ၊ ဘဝတိုးတက်ရေးလမ်းကြောင်းတွေ စတာတွေကို လေ့လာသင်ယူနိုင်စေရန်ရည်ရွယ်ပြီး အားလုံးရဲ့ဘဝတွေကို မြှင့်တင်ပေးနိုင်မယ့် Website (၂၅) ခုနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။

 

1. Coursera (https://www.coursera.org/)
Coursera သည် MOOCs (Massive Open Online Courses) များကို ရာနှင့်ချီသော အဖွဲ့အစည်းများနှင့် ကျော်ကြားသော ပါမောက္ခများမှ သင်ကြားပေးနေသည့် Website တစ်ခု ဖြစ်ပါတယ်။ သင်သာဝါသနာပါမယ်ဆိုရင် သမိုင်းပညာကနေ ပရိုဂရမ်းမင်းဘာသာရပ်အထိ ကမ္ဘာ့အဆင့်အတန်းမီ ဘာသာရပ်မျိုးစုံကို မိမိနေအိမ်မှနေ၍ အခမဲ့လေ့လာနိုင်မှာဖြစ်ပါတယ်။


2. edX (https://www.edx.org/)
edX သည် ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်များနှင့် အွန်လိုင်းသင်တန်းများကို သင်ကြားပေးနိုင်သော Website တစ်ခုဖြစ်ပါတယ်။ ဒီ Website ဟာဆိုရင် MIT နှင့် Harvard တက္ကသိုလ်တို့မှ ပူးပေါင်းဆောင်ရွက်ထားသည့် Website လည်းဖြစ်ပါတယ်။ ဒီ Website မှာလည်း courser နည်းတူ သင်ယူစရာသင်ခန်းစာတွေ ရာနဲ့ချီပြီး ရှိပါတယ်။

 

3. Khan Academy (https://www.khanacademy.org/)
ဒီ Website မှာတော့ အလွန်အသုံးဝင်လှတဲ့ စာကြည့်တိုက်ပါရှိပြီး ဘာသာရပ်တွေကို အပြန်အလှန် ဆက်သွယ် သင်ယူနိုင်ပါတယ်။ အံ့သြဖွယ်ဗီဒီယိုသင်ခန်းစာတွေနဲလေ့လာနိုင်သလို၊ပုံမှန်လေ့ကျင့်ခန်းတွေ၊ သင်ကိုယ်တိုင်လေ့လာခဲ့တဲ့သင်ခန်းစာတွေကို မှတ်သားထားနိုင်ပါတယ်။ သင်ခန်းစာအသစ်တွေကို လေ့လာခြင်းနဲ့ ဗဟုသုတတွေကို မျှဝေရန်/ လေ့လာရန် အလွန်ကောင်းတဲ့ website တစ်ခုလည်း ဖြစ်ပါတယ်။

 

4. Udemy (https://www.udemy.com/)
ဒီ website မှာတော့ လေ့လာစရာသင်ခန်းစာတွေ အများအပြားပါဝင်ပေမယ့် courser နဲ့ edX website တို့နဲ့မတူ ကွဲပြားပါတယ်။ လက်တွေ့အသုံးဝင်မယ့် ပညာရပ်များကို အဓိကထား ဖော်ပြပေးတဲ့ website တစ်ခုလည်းဖြစ်ပါတယ်။ စီးပွားရေးနဲ့ပတ်သက်တဲ့ပညာရပ်တွေ၊ ဂီတပညာ၊ ဓာတ်ပုံပညာနဲ့ပတ်သက်တဲ့ပညာ အစရှိတဲ့ ပညာရပ်တွေကို အဓိက သင်ကြားပို့ချပေးနေတဲ့ website တစ်ခုလည်း ဖြစ်ပါတယ်။ နယ်ပယ်အသီးသီးက ပညာရှင်တွေရဲ့ သင်ခန်းစာတွေကို အခမဲ့ရော အခကြေးငွေနဲ့ပါ လေ့လာနိုင်တဲ့အတွက် အွန်လိုင်းပညာရေးဈေးကွက်တစ်ခုလို့ ပြောလို့တောင် မှားမယ်မထင်ပါဘူး။

 

5. Quora (https://www.quora.com/)
နယ်ပယ်အသီးသီးက ကျွမ်းကျင်ပညာရှင်တွေ၊ နာမည်ကြီးပုဂ္ဂိုလ်တွေထံမှသာမက နာမည်မကျော်ကြားသေးတဲ့ ပညာရှင်များထံမှပါ ဘာသာရပ်အသီးသီးကို လေ့လာချင်တယ်ဆိုရင်တော့ ဒီ website က အကောင်းဆုံးလို့ ဆိုရပါတယ်။ အသုံးပြုသူတွေကိုယ်တိုင် မေးခွန်းတွေ အပြန်အလှန် အမေးအဖြေ ပြုလုပ်နိုင်တဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ ဒီ website ကို အသုံးပြုမယ်ဆိုရင်တော့ သင့်ရဲ့ကိုယ်ရေးအချက်အလက်တွေကို၊ ဓာတ်ပုံတွေက အစစ်အမှန်ဖြစ်ဖို့လိုအပ်ပါတယ်။

 

6. Stack Overflow (https://stackoverflow.com/)
ပရိုဂရမ်မာတွေ၊ ပရိုဂရမ်းမင်း (Programming) ပညာရပ်ကို စိတ်ဝင်စားသူတွေ လေ့လာသင့်တဲ့ အရေးပါတဲ့ website တစ်ခုပါ။ သင်ဟာ ပရိုဂရမ်မာတစ်ယောက်ဆိုရင်၊ ဒါမှမဟုတ် ပရိုဂရမ်းမင်းကို လေ့လာချင်ရင် ဒီ website က အကောင်းဆုံး မိတ်ဆွေတစ်ယောက်ဖြစ်လာမှာပါ။ ကွန်ပျူတာနဲ့ပတ်သက်တဲ့အခက်အခဲတွေ၊ မေးခွန်းတွေကို ဒီ website မှာ အဖြေရှာနိုင်ပါတယ်။

 

7. Codeacademy (https://www.codecademy.com/)
ဒီ Website မှာဆိုရင် HTML, CSS, PHP, Python တို့လို ပရိုဂရမ်နဲ့ပတ်သက်တဲ့ သင်ခန်းစာတွေကို အလွယ်တကူ လေ့လာသင်ယူနိုင်မှာပဲဖြစ်ပါတယ်။ ပရိုဂရမ်းမင်းကို စတင်လေ့လာသူတွေအတွက် အရမ်းကို အသုံးဝင်ပါတယ်။ ဒီ website ဟာဆိုရင် ပညာရှင်တွေအတွက် ရည်ရွယ်ထားတဲ့ website မဟုတ်ဘဲ စတင်လေ့လာသူတွေနဲ့ ပိုပြီးအဆင်ပြေကိုက်ညီမယ့် website တစ်ခုပါ။


8. Tutorialspoint (https://www.tutorialspoint.com/)
ဒီ website ကတော့ ပရိုဂရမ်ပိုင်းနဲ့ ကွန်ပျူတာနဲ့ပတ်သက်တဲ့ ကွန်ပျူတာသိပ္ပံဘာသာရပ်တွေကို လေ့လာနိုင်တဲ့ website တစ်ခုပါ။ ဗဟုသုတတွေ၊ အသေးစိတ်အချက်အလက်တွေကို တစ်စုတစ်စည်းထဲဖော်ပြပေးထားတဲ့အတွက် codeacademy နဲ့မတူ ပိုပြီးအဆင့်မြင့်တဲ့ ပညာရပ်တွေကို လေ့လာနိုင်ပါတယ်။

 

9. eHow (https://www.ehow.com/)
ဒီ website ကတော့ ပညာရပ်ပေါင်းစုံ စုစည်းထားတဲ့ website တစ်ခုပါ။ တစ်ကိုယ်ရည်သန့်ရှင်းရေးမှအစ အစားသောက်ချက်ပြုတ်နည်းတွေအထိ အကြောင်းအရာမျိုးစုံကို လေ့လာနိုင်ပါတယ်။ ဒီ website ကိုတော့ ကဏ္ဍအသီးသီးမှာ ဆရာတစ်ဆူလို့ သတ်မှတ်ထားတဲ့ ပညာရှင်တွေ စုစည်းရေးသားထားတဲ့ လမ်းညွှန်ချက်တွေကို လေ့လာနိုင်မှာပါ။

 

10. Wikihow (https://www.wikihow.com/Main-Page)
ဒီ Wikihow မှာဆိုရင်လည်း လေ့လာသင်ယူစရတွေ အများအပြားပါဝင်ပါတယ်။ ဒီ Website ရဲ့ ထူးခြားချက်အနေနဲ့ကတော့ သင်ကြားမှုတွေကို လမ်းညွှန်ပြသပေးရုံမဟုတ်ဘဲ မည်သူမဆို ဝင်ရောက်ရေးသား၊ ပြန်ပြင်နိုင်သလို မလိုအပ်တဲ့အချက်တွေကိုလည်း ပြန်လည်ပြင်ဆင် ဖျက်နိုင်ပါတယ်။ ဒါကြောင့် သင်ဟာ သင်ကြားသူသက်သက်မဟုတ်ဘဲ တခြားသူတွေကိုပါ ကိုယ့်ရဲ့ ဗဟုသုတတွေကို ပြန်လည်ဝေမျှပေးနိုင်ပါတယ်။

 

11. HowStuffWorks (https://www.howstuffworks.com/)
လေ့လာသင်ယူစရာတွေ အများအပြားပါဝင်တဲ့ နောက်ထပ် Website တစ်ခုကတော့ HowStuffWorks ပါ။ သင်ခန်းစာအများအပြားကို ဒီ Website မှာ ဝင်ရောက်လေ့လာနိုင်မှာပါ။ တစ်ခါမှ သင်ကြားပို့ချရခြင်းမရှိသေးတဲ့ သင်ခန်းစာအသစ်တွေလည်း အများအပြားပါဝင်နေမှာပဲဖြစ်ပါတယ်။ ဒီ Website မှာ ဝင်ရောက်လေ့လာခြင်းအားဖြင့် သင်ရဲ့အဖိုးတန်တဲ့အချိန်တွေ အလဟသမဖြစ်ဘူးဆိုတာကို သင်ကိုယ်တိုင် ခံစားရမှာပဲဖြစ်ပါတယ်။

 

12. TED (https://www.ted.com/)
ဒီ TED Website ရဲ့ ရည်ရွယ်ချက်ကတော့ ကမ္ဘာ့အနှံအပြားက အတွေးအခေါ်၊ အယူအဆတွေကို တစ်နေရာထဲမှာ တစုတစည်းထဲ ဖော်ပြပေးဖို့ ရည်ရွယ်ပါတယ်။ နယ်ပယ်အနှံအပြားမှာ ထူးချွန်တဲ့ ကျွမ်းကျင်ပညာတွေများရဲ့ ဆွေးနွေးတင်ပြချက်တွေကို ဖော်ပြပေးနေတဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။ ဆွေးနွေးချက်တွေမှတဆင့် လေ့လာနိုင်သလို သင်ကိုယ်သင်လည်း အမြန်ဆုံးနဲ့ အလွယ်ကူဆုံး မိတ်ဆက်နိုင်သလို အတွေးအခေါ်အယူအဆတွေ၊ ဉာဏ်ပညာတွေ တိုးပွားစေနိုင်တဲ့ website တစ်ခုလည်း ဖြစ်ပါတယ်။

 

13. Lumosity (https://www.lumosity.com/en/)
စိတ်ခံစားမှုတွေ၊ စိတ်ပိုင်းဆိုင်ရာကိစ္စတွေနဲ့ သက်ဆိုင်တဲ့ မှတ်ဉာဏ်နှင့်သက်ဆိုင်သော အကြောင်းအရာများ၊ အာရုံစူးစိုက်မှုနှင့်ပတ်သက်သော အကြောင်းအရာများ၊နှင့် ခွဲခြမ်းစိတ်ဖြာမှုစွမ်းရည်များ တိုးတက်ကောင်းမွန်စေရန် လေ့လာသင့်သော website တစ်ခုဖြစ်ပါတယ်။ သင့်ရဲ့ဦးနှောက်ကို ပျော်စရာဂိမ်းများကစားရင်း လေ့ကျင့်ပေးနိုင်ပါတယ်။ လိုအပ်ချက်နှင့်အညီ လေ့ကျင့်မှုများကို ပြုလုပ်ခြင်းအားဖြင့် သင့်ရဲ့စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုကို ရရှိနိုင်မှာပဲဖြစ်ပါတယ်။ သင့်ကိုလိမ္မာပါးနပ်အောင်၊ ထူးချွန်ထက်မြတ်အောင် လုပ်ဆောင်ပေးမှာဖြစ်သလို အနည်းငယ် စွဲလမ်းစိတ်ကိုလည်း ဖြစ်ပေါ်စေမှာပါ။

 

14. Duolingo (https://www.duolingo.com/)
ဘာသာစကားတွေ လေ့လာဖို့ရန် အကောင်းဆုံးသော Website ကို ညွှန်ပြပေးပါဆိုရင်တော့ Duolingo ကို ညွှန်ပြပေးရမှာပါ။
Duolingo နဲ့ပတ်သက်တဲ့ ဆောင်းပါးလေးတွေကိုတော့ အောက်ပါ Link များမှာ ဝင်ရောက်လေ့လာဖို့ ဖိတ်ခေါ်ပါရစေ

https://www.sayar.com.mm/whats-new/language/item/2259-avoid-the-corona-virus-and-learn-the-language-at-home.html

https://www.sayar.com.mm/whats-new/language/item/2378-application.html

https://www.sayar.com.mm/whats-new/item/1928-dulingo.html


15. Instructables (https://www.instructables.com/)
Insturctables ကတော့ လူမှုရေးမီဒီယာပေါ်မှာ သင်ရွေးချယ်သင့်တဲ့ နောက်ထပ်အံ့သြဖွယ်ကောင်းတဲ့ Website တစ်ခုပါ။ ဗီဒီယိုရိုက်ကူးဖန်တီးခြင်းအပါအဝင် သင်ဖန်တီးချင်တဲ့ အရာမှန်သမျှကို ဖန်တီးနိုင်အောင်လေ့ကျင့်သင်ကြားပေးမှာပဲဖြစ်ပါတယ်း။ သင့်ရဲ့ဖန်တီးချက်တွေကိုလည်း တစ်ခြားသူများထံ ပြန်လည်ဝေမျှနိုင်ပါတယ်။

 

16. Digital Photography School (https://digital-photography-school.com/)
သင့်ရဲ့ဓာတ်ပုံပညာစွမ်းရည်ကို တိုးတက်စေရန်အတွက် သင်ခန်းစာများစွာ မျှဝေပေးထားတဲ့ Website တစ်ခုပဲဖြစ်ပါတယ်။ သင်က ဓာတ်ပုံပညာမှာ နှစ်ပေါင်းများစွာ အတွေ့အကြုံရှိသည်ဖြစ်စေ၊ အခုမှစပြီးလေ့လာမယ့်သူဖြစ်ပါစေ အရေးမကြီးပါဘူး။ သင်ရဲ့ဓာတ်ပုံပညာကို ပိုမိုကျွမ်းကျင်လာအောင် အမှန်တကယ်ကူညီပေးမယ့် Website တစ်ခုပါ။ ဒါ့အပြင် အခြား ဓာတ်ပုံပညာကိုစိတ်ဝင်စားသူများ၊ ပညာရှင်များနှင့်လည်း ချိတ်ဆက်ပေးနိုင်ပါတယ်။

 

17. All Recipes (https://www.allrecipes.com/)
All Recipes မှာ ဟင်းလျာအားလုံးနီးပါးအတွက် ချက်ပြုတ်နည်းတွေကို တွေ့မြင်နိုင်မှာပါ။ သင့်ဆီမှာရှိနေတဲ့ ပါဝင်ပစ္စည်းတွေနဲ့ အရသာရှိတဲ့ဟင်းတစ်ခွက်ကို ဘယ်လိုချက်ပြုတ်စားသောက်ရမလဲဆိုတာကို လေ့လာပြီး ကိုယ်တိုင်ချက်ပြုတ်လေ့ကျင့်နိုင်တဲ့ Website တစ်ခုလည်းဖြစ်ပါတယ်။ ဒါ့အပြင် အလွယ်တကူချက်ပြုတ်နိုင်တဲ့ချက်ပြုတ်နည်းတွေကိုလည်း လေ့လာနိုင်ပါတယ်။ ချက်နည်းပြုတ်နည်းတွေနဲ့ သင့်ကို စိတ်လှုပ်ရှားစရာတွေ ဖန်တီးပေးနိုင်တဲ့ Website တစ်ခုလည်း ဖြစ်ပါတယ်။

 

18. Spreeder (https://www.spreeder.com/)
လူတိုင်းဟာ စာဖတ်မြန်တဲ့စွမ်းရည်ကို မပိုင်ဆိုင်ကြပါဘူး။ ဒီ Website ကတော့ သင့်ရဲ့စာဖတ်နှုန်းကို မြန်လာအောင် ကူညီပေးနိုင်တဲ့ Software ကို ထည့်သွင်းအသုံးပြုထားတဲ့အတွက် သင့်ရဲ့စာဖတ်နှုန်းကို မြန်လာစေမှာဖြစ်သလို စာပိုဒ်တွေအပေါ် နားလည်နိုင်စွမ်းကိုလည်း တိုးတက်အောင် ကူညီပေးမှာပဲဖြစ်ပါတယ်။


19. Project Gutenberg (https://www.gutenberg.org/)
Project Gutenberg မှာ ebook 50000 ကျော်ကို အခမဲ့ တင်ထားပေးပါတယ်။ ဒီ ebook တွေကို ePUB, Kindle (သို့မဟုတ်) PDF ဖြင့် download လုပ်နိုင်ပါတယ်။ ဒါမှမဟုတ် Online မှလည်း အလွယ်တကူ ဖတ်ယူနိုင်ပါတယ်။ ဒီစာအုပ်အားလုံးဟာ တရားဝင်မူပိုင်ခွင့်သက်တမ်းကျော်လွန်သွားပြီဖြစ်တဲ့ စာအုပ်တွေဖြစ်တာကြောင့် ထုတ်ဝေသူတွေအတွက် စီးပွားဖြစ်မဟုတ်တော့ဘဲ အခမဲ့ Download ရယူနိုင်ပါတယ်။

 

20. Investopedia (https://www.investopedia.com/)
Investopedia ကတော့ ဘဏ္ဍာရေးနဲ့ပတ်သက်တဲ့ ပညာရပ်တွေကို လေ့လာချင်သူတွေအတွက် အကောင်းဆုံးပါ။ သင့်ရဲ့ တစ်ကိုယ်ရည်သုံးငွေကြေးအသုံးချမှုကိစ္စတွေအတွက်လည်း ကူညီပေးနိုင်ပါတယ်။ စာရင်းအင်း၊ ရင်းနှီးမြှုပ်နှံမှု၊ ရှယ်ယာဈေးကွက်၊ ငွေဖြစ်လွယ်မှု အစရှိတာတွေနဲ့ပတ်သက်ပြီး လက်တွေ့သင်ခန်းစာတွေ၊ ဗီဒီယိုဖိုင်တွေကတဆင့် လေ့လာနိုင်ပါတယ်။

 

21. Curious (https://curious.com/)
ဒီ Website ထဲမှာဆိုရင် သင်ခန်းစာပေါင်း (၁၇၀၀၀) ကျော်ပါဝင်ပြီး သင်စိတ်ဝင်စားတဲ့ပညာရပ်ကို လေ့လာနိုင်ပါတယ်။ ဒီ Website ရဲ့ ရည်ရွယ်ချက်ကတော့ နေ့စဉ်နေ့ရက်တိုင်းမှာ သင်ခန်းစာတစ်ခုကို အခမဲ့သင်ယူနိုင်ရန် ရည်ရွယ်ပါတယ်။ သင်ခန်းစာတွေကို အခမဲ့သင်ယူနိုင်ပေမယ့် Website အသုံးပြုခကိုတော့ ပေးဆောင်ရမှာပဲဖြစ်ပါတယ်။ Humanities, STEM (Science, Technology, Engineering and Math), Music, Relation အစရှိတဲ့ ဘာသာရပ်တွေကို ကမ္ဘာ့အတော်ဆုံးဆရာများဆီမှ လေ့လာသင်ယူခွင့်ရမှာပဲဖြစ်ပါတယ်။

 

22. Memrise (https://www.memrise.com/)
ပညာရပ် အသစ်အဆန်းတွေကို လေ့လာချင်တယ်ဆိုရင်တော့ Memrise ဆို ရွေးချယ်ပါ။ ဘာသာစကား၊ အနုပညာနှင့်စာပေ၊ သမိုင်း၊ ပထဝီ၊ သင်္ချာ၊ သိပ္ပံနဲ့ အခြားအမျိုးမျိုးသော အကြောင်းအရာများကို တစ်စုတစည်းထဲ လေ့လာနိုင်မှာပဲဖြစ်ပါတယ်။ သင်ခန်းစာများကို လွယ်လွယ်ကူကူ လေ့လာနိုင်အောင် ဖန်တီးထားပြီး ကိုယ်လေ့လာနေတဲ့သင်ခန်းစာများကိုလည်း စုစည်းထားနိုင်ပါတယ်။

 

23. Zen Habits (https://zenhabits.net/)
Zen Habits Website ကတော့ စိတ်အားတက်ကြွမှုကိုအကောင်းဆုံးပေးစွမ်းနိုင်တဲ့ ဘလော့ဂ်တစ်ခုပါ။ နေ့စဉ်လှုပ်ရှားသွားလာမှုနဲ့ လုပ်ငန်းဆောင်တာတွေကို အရိုးရှင်းဆုံး နေထိုင်နိုင်စေရန် ကူညီပေးတဲ့ Website တစ်ခုလည်းဖြစ်ပါတယ်။ ဘဝမှာ အဓိကထားလုပ်ဆောင်ရမယ့်အရာတွေ၊ လျစ်လျူရှုပြီး ဖယ်ရှားပစ်ရမယ့်အရာတွေကို ကွဲပြားခြားနားစွာ သိမြင်အောင်လည်း ကူညီပေးထားပါတယ်။ ဘဝအတွက် အကောင်းဆုံးနဲ့အဓိပ္ပာယ်ပြည့်ဝနေတဲ့ဆောင်းပါးတွေ၊ အကြံပြုချက်တွေနဲ့ ပြီးပြည့်စုံနေတဲ့ website တစ်ခုပါ။

 

24. Brain Pickings (https://www.brainpickings.org/)
အခြားသော Website တွေ၊ Blog တွေမတူ တမူထူးခြားတဲ့ စိတ်လှုပ်ရှားမှု၊ စိတ်အားထက်သန်မှုတွေကို ပေးတဲ့ Website တစ်ခုပါ။ ဒီ Website မှာ အထူးဆောင်းပါးတွေ၊ သုံးသပ်ချက်တွေ၊ခွဲခြားစိတ်ဖြာသုံးသပ်ချက်၊ လူတစ်ဦးချင်းဆီရဲ့ဘဝတိုးတက်မှု၊ အတွေးအခေါ်မြင့်မားမှုနဲ့ ဖန်တီးနိုင်စွမ်း၊ စိတ်ပိုင်းဆိုင်ရာတိုးတက်မှု၊ စာပေ၊ ဗဟုသုတ အစရှိတဲ့ အရာတွေနဲ့ ပြည့်နှက်နေတဲ့ Website တစ်ခုပါ။

 

25. Psychology Today (https://www.psychologytoday.com/intl)
စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေ၊ လူတွေရဲ့အမူအကျင့်တွေကို လက်ခံနားလည်ပေးနိုင်အောင် လေ့ကျင့်ပေးနေတဲ့ Website တစ်ခုလည်း ဖြစ်ပါတယ်။ လူသားတွေရဲ့ ဘဝကို ရှုထောင့်အမျိုးမျိုးနဲ့ ဖော်ပြထားပြီး တစ်ဦးနဲ့တစ်ဦး အပြန်အလှန် ပတ်သက်က်နွယ်မှု၊ စိတ်လှုပ်ရှားမှု၊ စိတ်အားတက်ကြမှု စတာတွေကို ဖော်ပြပေးထားပါတယ်။ ဒီ Website ကို အသုံးပြုခြင်းဖြင့် သင့်ဘဝကို ပိုမိုကောင်းမွန်အောင် နေထိုင်တတ်ခြင်းဆိုတဲ့ အကျိုးကျေးဇူးကို ရရှိစေနိုင်မှာပဲဖြစ်ပါတယ်။

 

Source : https://www.lifehack.org/
Lifehack.org မှ Nabin Paudyal ၏ 25 Websites Other Than Social Media To Upgrade Your Life ကို ကိုးကားဘာသာပြန်ဆိုခြင်းဖြစ်ပါသည်။

Knowledge Read 1267 times